Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

အနုပညာအလုပ်ပေါ်မှာ ပဲ အာရုံစိုက်သွားမယ် ဆိုသူ မြင့်မြတ်


လတ်တလောမှာ မြင့်မြတ်က ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ 'ကြင်ယာတော်ခခလေး' လို့ (ယာယီ)နာမည်ပေးထားတဲ့ ဇာတ်ကားကို သက်မွန်မြင့်နဲ့အတူ သရုပ်ဆောင်နေပါတယ်။ အနုပ ညာလောကမှာ နေရာလေးတစ်နေ ရာရရင်လည်း အဲဒီနေရာမှာ အကြာကြီး မြဲလိမ့်မယ်လို့ မပြောနိုင် ဘူးလို့ မြင့်မြတ်က ပြောပါတယ်။

"အကုန်လုံးက အကျိုးပေးပါပဲ။ စေတနာအကျိုးပေးပါတယ်။ အရင် ဘဝက ကုသိုလ်ကံအကျိုး ပေးလို့ပဲ ထင်တယ်။ မအောင်မြင်ခင်က လည်း ကျိန်းသေပေါက်အောင် မြင်လိမ့်မယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး။ နေ ရာလေး တစ်နေရာရရင်လည်း အဲဒီနေရာမှာ အကြာ ကြီးမြဲလိမ့် မယ်လို့လည်း မပြောနိုင်ပါဘူး" လို့ မြင့် မြတ်ကဆိုပါတယ်။ အနုပညာ အလုပ်ကိုပဲ တစိုက် မတ်မတ် လုပ်ဖြစ်သွားမယ်လို့ပြောတဲ့ မြင့်မြတ်က "ကျွန်တော်တခြား စီး ပွားရေး ဆိုရင်လည်း မလုပ်တတ်ဘူး။ ဒီအနုပညာအလုပ်ကိုပဲ ရေရှည်လုပ် ဖြစ်သွားမှာပါ။ ကျန်တဲ့အလုပ်ကျတော့ လည်းဘာမှ မလုပ်တတ်ဘူး။ အဲဒါကြောင့် ဒီ အနုပညာအလုပ်ပေါ် မှာပဲအာရုံစိုက်သွားမယ်" လို့ ပြောပါတယ်။

တွယ်တာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း

No comments:

Post a Comment