Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

ငါးတွေ ရေသောက်ကြပါသလား..........?



ကသိကအောက်နိုင်တဲ့မေးခွန်းပါ။
ငါးတွေကရေထဲမှာနေတော့ မသိရင်တော့သိမယောင်နဲ့ ခက်နိုင်တယ်။

ငါးတွေဟာအကြမ်းအားဖြင့်ပြောရရင် ရေသောက်တတ်ကြပါတယ်။
ငါးတွေမှာ နှစ်မျိုးနှစ်စားရှိပါတယ်ဒါကတော့ ရေချိုငါးနဲ့ 
ရေငံငါး(ပင်လယ်ငါး)ဖြစ်ပါတယ်။

ရေချိုငါးတွေကတော့ ရေမသောက်တတ်ပေမယ့်သူတို့ ရဲ့အရေပြားတွေ
အကြေးခွံနေကနေ ရေကိုစုပ်ယူတတ်ကြပါတယ်။
ရေငံငါး(ပင်လယ်ငါး)တွေမှာတော့ရေသောက်တတ်ကြပြီး
သူတို့ ရဲ့အကြေးခွံနေကနေပြီးတော့ ဆားတွေကို
ပြန်လည်စွန်ထုတ်တတ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ဆော်လမွန်ငါးနဲ့ လင်းပိုင်တွေဖြစ်ပါတယ်။

ဆော်လမွန်ငါးတွေကတော့ ရေချိုနှင့်ရေငံနှစ်မျိုးစလုံးနေတတ်တဲ့
ငါးမျိုးဖြစ်ပြီးမွေးဖွားတဲ့အချိန်မှာတော့ရေအလွန်သန့် ရှင်းတဲ့
ရေချိုနေရာမှာပဲ မွေးဖွားလို့ ရပါတယ်။ပင်လယ်ဘက်သို့ 
ရောက်သွားတဲ့အချိန်မှာတော့ရေငံကိုပဲပါးစပ်မှသောက်သုံးပြီး
မလိုအပ်တဲ့ဆားနဲ့ အခြားစွန့် ပစ်ပစ္စည်းတွေကိုတော့အကြေးခွံ
နဲ့ ခန္ဓာကိုယ်အနှံမှစွန်ထုတ်တတ်ပါတယ်။ရေချိုသို့ ရောက်တဲ့အချိန်မှာတော့
ပါးစပ်မှမသောက်တော့ပဲအကြေးခွံမှသာရေကိုစုပ်ယူပါတော့တယ်

လင်းပိုင်းတွေကတော့ပင်လယ်ရေကိုလုံးဝသောက်လို့ မရပါဘူး။
အကြောင်းကတော့ပင်လယ်ရေသောက်တာနဲ့ နေမကောင်းဖြစ်ပြီး
သေစေနိုင်တဲ့အထိပြင်းထန်နိုင်ပါတယ်။ဒါ့ကြောင့်သူတို့ ဟာရေကို
သူတို့ စားတဲ့အစာမှတစ်ဆင့်စုပ်ယူတတ်ကြပါတယ်။

ZK(ကနောင်)
Scientist Myanmar

No comments:

Post a Comment