Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

တိုယိုတာကုမ္ပဏီ ဦးဆောင်သူ အသက်၁၀ဝတွင် ကွယ်လွန်


Eiji Toyoda at the opening of the Toyota museum at Nagakute in Aichi prefecture on April 1, 1989 (AFP, JIJI PRESS)
[ Ref-AFP ၊ တိုကျို ၊ စက်တင်ဘာ ၁၇ ]

အီးဂျီ တိုယိုဒါသည် တိုယိုတာစတင်ထူ ထောင်သော မိသားစုဝင်တစ်ဦး ဖြစ်ပြီး ကုမ္ပဏီအား ကမ္ဘာ့ထိပ် တန်းသို့ရောက်အောင် ကြပ်မတ် ပေးခဲ့သည့်အပြင် တော်လှန်ပြောင်း လဲသော ထုတ်လုပ်မှုလုပ်ငန်းစဉ် ကိုလည်း ကူညီတွန်းအားပေးခဲ့ သူဖြစ်သည်။

၎င်းသည် အင်္ဂါနေ့ တွင် အသက်၁၀ဝပြည့်၌ သေဆုံး သွားခဲ့ကြောင်း ကုမ္ပဏီကပြော ကြားခဲ့သည်။
ကားထုတ်လုပ်မှုစတင် ထူထောင်သူ၏ အစ်ကိုဝမ်းကွဲတော် သူ တိုယိုဒါသည် နှလုံးရောဂါဖြင့် အသက်၁၀ဝပြည့်ပြီး တစ်ပတ်အ လွန်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

သူသည် ၁၉၃၆ခုနှစ်တွင် ကုမ္ပဏီနှင့်ဆက်သွယ်ခဲ့ပြီး ၁၉၆ရ ခုနှစ်တွင် တိုယိုတာကုမ္ပဏီ၏ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုအချိန်က သူ သည် ကားစီးရေများစွာထုတ်လုပ် ရေးအတွက် ဦးဆောင်တွန်းအား ပေးခဲ့သည်။ အထူးသဖြင့် ကိုရို လာတံဆိပ်ကားများကို ထုတ်လုပ် ခဲ့သည်။

တိုယိုဒါ၏လက်ထက်တွင် တိုယိုတာကားများ နိုင်ငံခြား၌အ ရောင်းတက်လာခဲ့ကာ ယခုအခါ ကမ္ဘာ့နံပါတ်တစ်ကား ထုတ်လုပ် သူအဖြစ် ရပ်တည်လျက်ရှိသည်။ မစ္စတာတိုယိုဒါနှင့်အတူ ကုမ္ပဏီ သည် ကားထုတ်လုပ်ရေးတွင် ကမ္ဘာ့ အရေးပါသောနေရာသို့ ရောက် ရှိလာကာ အခြားဖွံ့ဖြိုးပြီးနိုင်ငံ များနှင့် ယှဉ်နိုင်ခဲ့သည်။

၁၉၈၂ခုနှစ်တွင် ဥက္ကဋ္ဌနေ ရာမှနုတ်ထွက်၍ ၁၉၉၂ခုနှစ်အ ထိ ချယ်ယာမင်အဖြစ်နေခဲ့သည် မှာ သူ၏လုပ်ငန်း၌ နှစ်၅ဝပြည့် ရန် နှစ်နှစ်သာလိုသည့်အချိန်အ ထိဖြစ်သည်။

Yangon Media Group

No comments:

Post a Comment