Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 4, 2013

မွေးနေ့ နဲ့ ဗေဒင် တွက်ကြမယ်




Wednesday, September 4, 2013
ဗေဒင်ဝါသနာအိုး

(၇၀)%လောက်တော့ မှန်ကြမှာပါ။ “အနောက်တိုင်း နျူမရိုလိုဂျီ” နည်းစနစ်လေးဖြစ်ပြီး သိပ်လွယ်ပါတယ်။

တွက်နည်းအဆင့်
(၁) ကိုယ့်ရဲ့ အင်္ဂလိပ်မွေးရက်ကို ယူပါ။
(၂) ကိုယ်တွက်လိုတဲ့ နှစ် မွေးနေ့မှာကျတဲ့ နေ့ (တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး . . . ) ကို ယူပြီး - အင်္ဂလိပ်ဂဏန်းပြောင်းပါ။
(၃) အဲဒီ နှစ်ခုကို ပေါင်းလိုက်ပါ။ အဲဒါကို အဲဒီနှစ်(အသက်ပိုင်း) ရဲ့ “...စိုးမိုးဂဏန်း” လို့ ခေါ်ပါမယ်။
အဖြေရပါပြီ။ မလွယ်ဘူးလား ?

မွေးနေ့ကျတဲ့နေ့က တနင်္ဂနွေနေ့ ဆိုရင် = (1) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က တနင်္လာနေ့ ဆိုရင် = (2) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က အင်္ဂါနေ့ ဆိုရင် = (9) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က ဗုဒ္ဓဟူးနေ့ ဆိုရင် = (5) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က ကြာသပတေးနေ့ ဆိုရင် = (3) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က သောကြာနေ့ ဆိုရင် = (6) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က စနေနေ့ ဆိုရင် = (8) ဂဏန်းကိုယူ

= စိုးမိုးဂဏန်းတွေရဲ့ “အကောင်း , အညံ့” ကို ကြည့်ရအောင် ။ အခုလောလောဆယ်တော့ “ကောင်း ၊ ညံ့ ၊ သင့်” ဘဲ ဖော်ပြပေးဦးမယ်။ နောက်ဆောင်းပါးတွေမှာ စိုးမိုးဂဏန်းတစ်ခုဟာ ဘာတွေ ကောင်းလဲ ၊ ဘာတွေ ညံ့လဲ အသေးစိတ်ဖော်ပြပေးပါမယ်။

စိုးမိုးဂဏန်း (2) = ညံ့
စိုးမိုးဂဏန်း (3) = ကောင်း *
စိုးမိုးဂဏန်း (4) = ညံ့ *
စိုးမိုးဂဏန်း (5) =သင့်
စိုးမိုးဂဏန်း (6) = ကောင်း
စိုးမိုးဂဏန်း (7) = ကောင်း
စိုးမိုးဂဏန်း (8) = ကောင်း/ညံ့
စိုးမိုးဂဏန်း (9) = ညံ့ *
စိုးမိုးဂဏန်း (10) =ကောင်း *
စိုးမိုးဂဏန်း (11) = ကောင်း
စိုးမိုးဂဏန်း (12) = ညံ့ *
စိုးမိုးဂဏန်း (13) = ညံ့ *
စိုးမိုးဂဏန်း (14) = သင့်
စိုးမိုးဂဏန်း (15) = ညံ့
စိုးမိုးဂဏန်း (16) = ညံ့ *
စိုးမိုးဂဏန်း (17) = ကောင်း *
စိုးမိုးဂဏန်း (18) = ညံ့ *
စိုးမိုးဂဏန်း (19) = ကောင်း *
စိုးမိုးဂဏန်း (20) = ကောင်း/ညံ့
စိုးမိုးဂဏန်း (21) = ကောင်း *
စိုးမိုးဂဏန်း (22) = ညံ့ *
စိုးမိုးဂဏန်း (23) = ကောင်း *
စိုးမိုးဂဏန်း (24) = ကောင်း
စိုးမိုးဂဏန်း (25) = ကောင်း
စိုးမိုးဂဏန်း (26) = ညံ့ *
စိုးမိုးဂဏန်း (27) = ကောင်း
စိုးမိုးဂဏန်း (28) = ညံ့ *
စိုးမိုးဂဏန်း (29) = ညံ့ *
စိုးမိုးဂဏန်း (30) = ကောင်း
စိုးမိုးဂဏန်း (31) = ညံ့
စိုးမိုးဂဏန်း (32) = ကောင်း
စိုးမိုးဂဏန်း (33) = ကောင်း/ညံ့
စိုးမိုးဂဏန်း (34) = ညံ့
စိုးမိုးဂဏန်း (35) = ညံ့ *
စိုးမိုးဂဏန်း (36) = ကောင်း
စိုးမိုးဂဏန်း (37) = ကောင်း/ညံ့
စိုးမိုးဂဏန်း (38) = ညံ့ *
စိုးမိုးဂဏန်း (39) = ကောင်း *
စိုးမိုးဂဏန်း (40) = ညံ့

(*) စတားပြထားတာတွေက အကောင်း/အညံ့ နဲနဲ အားပြင်းတယ် ပြောရမယ်။ ကောင်း/ညံ့ တွေကတော့ အကောင်း နဲ့ အညံ့ ရောနေတာလည်း ဖြစ်နိုင်တယ်။ တစ်ချို့ကျတော့ သိပ်ကောင်းနေတတ်ပြီး တစ်ချို့ကျတော့လည်း သိပ်ညံ့နေတတ်တယ်။

အဲဒီတော့ နမူနာ တွက်ကြည့်ရအောင် -
ဘယ်သူ့ကို တွက်ကြည့်ရင် ကောင်းမလဲ ? အနီးစပ်ဆုံး ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကွယ်လွန်သွားရှာတဲ့ စာရေးဆရာ/သတင်းစာဆရာကြီး “ဆရာမောင်ဝံသ” ကို တွက်ကြည့်ရအောင် ။
ဆရာမောင်ဝံသရဲ့ မွေးနေ့က ၁၇ / ၄ / ၁၉၄၅ ခုနှစ်လို့ ဆိုထားတယ်။ ဒီတော့ သူ့အသက် (၆၇)ပြည့်တဲ့ ၂၀၀၂ ခုနှစ် ဧပြီလ (၁၇)ရက်နေ့က ဘာနေ့လဲကြည့်ရအောင် . . . အင်္ဂါနေ့ တဲ့ ။ အဲဒီတော့ ဂဏန်းဖလှယ်လိုက်ရင် (9)ဂဏန်း ရမယ်။
ဒီတော့ အထက်က တွက်နည်းအတိုင်း သူ့အသက် (၆၈)နှစ်ရဲ့ “စိုးမိုးဂဏန်း” ကို ရှာကြည့်ရအောင်။ (၆၇) ပြည့်တော့ (၆၈)နှစ်အတွက်ပေါ့နော်။

(၁) အင်္ဂလိပ်မွေးရက် = 17
(၂) အသက် (၆၈)နှစ်ရဲ့ မွေးနေ့ဂဏန်း = 9
(၃) စိုးမိုးဂဏန်း = 17 + 9 = “26”

ဆရာမောင်ဝံသရဲ့ အသက်(၆၈)ရဲ့ “စိုးမိုးဂဏန်းဟာ = “26” ဂဏန်းဖြစ်ပြီး အပေါ်က စိုးမိုးဂဏန်း အကောင်း/အညံ့တွေရဲ့ ဖော်ပြချက်အရ စတားပြထားအောင် “ညံ့” တဲ့ ဂဏန်းဖြစ်ပါတယ်။ ဆရာမောင်ဝံသဟာ အသက်(၆၈)ထဲမှာ ကင်ဆာဝေဒနာ စွဲကပ်ခံရပါတယ်။ အဲဒီတော့ နောက်နှစ်ကို ဆက်တွက်ကြည့်မလား။
အတိုချုပ်တွက်ကြည့်မယ်နော်။ နောက်နှစ် (၂၀၁၃)ခုနှစ်ရဲ့ မွေးနေ့ဟာ “ဗုဒ္ဓဟူးနေ့” ကျတယ်။ ဒီတော့ (5) ဂဏန်းကို ယူရမယ်။ မွေးဂဏန်း (17) နဲ့ ပေါင်းလိုက်ပါဦး။ (17+5 = 22) ဖြစ်ပြီး “22” ဂဏန်းဟာလည်း စတားပြထားအောင် “ညံ့” တဲ့ ဂဏန်းဘဲ ဖြစ်နေပြန်တယ်။ ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ(၁၁)ရက်နေ့မှာတော့ တိုင်းပြည်အတွက် အစားထိုးမရတဲ့ စာပေပညာရှင်ကြီး “ဆရာမောင်ဝံသ” ကွယ်လွန်သွားရှာပါတယ်။

ဒါဟာ အနီးကပ်ဆုံးနဲ့ အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကို ရည်ညွှန်းတာဖြစ်ပြီး ဒီဂဏန်းတွေကျတိုင်း “သေဆုံးခြင်း” လို့တော့ အဓိပ္ပါယ်မကောက်ရပါဘူး။ ညံ့တာ တစ်ခုမဟုတ် တစ်ခု ဖြစ်နိုင်တယ်ပေါ့။ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ အလုပ်အကိုင် ၊ လူမှုရေးပြဿနာ ၊ ကျန်းမာရေး တစ်ခုမဟုတ် တစ်ခု ဖြစ်နိုင်တာဘဲ။

နေဦး။ မကောင်းတာဘဲ တွက်ပြလို့ မဖြစ်သေးဘူး။ ကောင်းတာတစ်ခုလောက် တွက်ကြည့်ရအောင်လား။ ဘယ်သူရှိမလဲ။

ခုနှစ်ပိုင်းတွေမှာ ကျွန်တော့်စိတ်ကြိုက် အကောင်းဆုံး ပေးထားတာကတော့ “အိုပါးဂန်းနန်းစတိုင်” ဖန်တီးရှင် “PSY” ပါဘဲ။
သူ့မွေးနေ့က 31 / 12 / 1977 ဖြစ်ပါတယ်။ သူ့စီးရီး ပေါက်သွားတဲ့ ခုနှစ်က 2012 ခုနှစ်ဖြစ်ပြီး သူ့အသက် (၃၅)နှစ်ထဲမှာ ဖြစ်ပါတယ်။ ဒီတော့ 2011 ဒီဇင်ဘာလ 31 ရက်နေ့ရဲ့ မွေးနေ့ဂဏန်းကို ရှာရပါမယ်။ သူဟာ စနေသားဖြစ်ပြီး အဲဒီနေ့ဟာလည်း စနေနေ့(မွေးနေ့မွေးရက်ထပ်ပါတယ်)။ ဒါကြောင့် စနေ = “8” ဂဏန်းကို ယူရပါမယ်။
သူ့မွေးဂဏန်း (31) နဲ့ (8) ဂဏန်းကို ပေါင်းလိုက်တော့ “39” ဂဏန်းရပါတယ်။ “39” ဂဏန်းဟာ စတားပြထားအောင် ကောင်းတဲ့ ဂဏန်းဖြစ်ပါတယ်။

ကဲ -- ဒီလောက်လွယ်တဲ့ တွက်နည်းလေးနဲ့ ကိုယ့်ရဲ့ ဘ၀မှတ်တိုင်လေးတွေ ပြန်တွက်ကြည့်ကြပေတော့။ ရှေ့လာမယ့် နှစ်တွေလည်း အလွယ်တကူတွက်ကြည့်နိုင်ပါတယ်။
ဖတ်ရှုသူ့အပေါင်း ကျန်းမာချမ်းသာကြပါစေသော်။

မြန်မာ.ရိုးရာဗေဒင်ပညာရပ်
Myawady News

No comments:

Post a Comment