Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2013

ရွှေပြည်သာ မြေကွက်များ ကျပ်သိန်း ၁၀၀ ၀န်းကျင်ခန့်မြင့်တက်



ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်း လုံးချင်းအိမ်များ၏ ဈေးနှုန်းများမှာ ယခင်ပေါက်ဈေးထက် ကျပ်သိန်း၁၀၀ ၀န်းကျင်ခန့်ထိ မြင့်တက်လာကြောင်း ရွှေပြည်သာမြို့နယ်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

ယခင်သြဂုတ်လအတွင်း ရွှေပြည်သာမြို့နယ်ရှိ လုံးချင်းအိမ် ပေ (၂၀ × ၆၀) ဂရန်ပါ ပျဉ်ထောင် တစ်လုံးလျှင် ကျပ်သိန်း၁၂၀ မှ ၁၃၀အတွင်းရှိခဲ့ရာ ယခုလအတွင် သိန်း ၂၅၀ ၀န်းကျင်ခန့်အထိ ပေါက်ဈေးရှိလာခဲ့ကြောင်း ရွှေပြည်သာမြို့နယ် အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
"ရွှေပြည်သာ မြို့နယ်မှာရှိတဲ့မြေကွက်တွေက အရင်အစိုးရချပေးကတည်းက ပေ(၂၀×၆၀) များတယ်။ စက်မှုဇုန်အနီးမှာရှိတဲ့ ပေ(၄၀×၆၀)မြေကွက်တွေဆိုရင် ဂရန်အပါကို ကျပ်သိန်း(၅၀၀)ကျော်ကနေ (၆၀၀) လောက်အထိရှိတယ်။ အရင်ကအဲ့လောက်ဈေး မရှိဘူး။ အခုလပိုင်းမှတက်လာတာ" ဟု ရွှေပြည်သာမြို့နယ် အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်နေသူ မပြုံး ကဆိုသည်။

အဆိုပါမြေကွက်များကို ရန်ကုန်မြို့တွင်းနေထိုင်သူအချို့က တိုက်ခန်းများရောင်းကာ လုံးချင်းအိမ်များ ပြန်ဝယ်လာကြခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် မပြုံးက ပြောသည်။
"အရင်ကဆိုရင် ဒီစက်မှုဇုန်ထဲကမြေကွက် အလွတ်တွေများတယ်။ အခုမြေကွက်တွေက အလွတ်သိပ်မရှိတော့ ဘူး။ အဝယ်လိုက်တာလည်း သိပ်မကြာသေးဘူး။ သုံး၊ လေးလပဲရှိဦးမယ်။ အခုလပိုင်းမှ နည်းနည်းလေးတက်လာတာ" ဟု ရွှေပြည်သာစက်မှုဇုန်တွင်နေထိုင်သူ ကိုသိန်းဇော်ဦးကပြောသည်။

ရွှေပြည်သာစက်မှုဇုန်(၁)၊ ဇုန်(၂) အတွင်းရှိ မြေတစ်ဧကလျှင် ကျပ်သိန်း(၃၅၀၀)မှ သိန်း(၆၀၀၀)အထိ ပေါက်ဈေးရှိ ပြီး၊ ဇုန်(၃) အတွင်းရှိမြေကွက်များမှာတစ်ဧကလျှင် သိန်း(၂၀၀၀)မှ (၃၅၀၀)ခန့် ပေါက်ဈေးရှိကြောင်းကို Eastate Myanmar အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ စုံစမ်းသိရှိရသည်။
အဆိုပါမြေဈေးနှုန်းများမှာ အခြားမြို့နယ်များတွင်ပေါက်လျက်ရှိသောဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက သက်သာလျက်ရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။
သီဟ(မြစ်မခ) /မြန်မာခရိုနီကယ်

No comments:

Post a Comment