Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

*** မိတ်ကပ်ရွေးနည်းလမ်းညွှန်***



လူတွေရဲ့  အသားအရေအရောင်ကွဲပြားခြင်း နဲ့  အရေပြားဆဲလ်/တစ်ရှုးများဖွဲ့ စည်းတည်ဆောက်ပုံ မတူညီခြင်းတို့ ကြောင့် အလှ ကုန်ဈေးကွက်ထဲမှာ မိတ်ကပ်အမျိုးမျိုးရောင်းချလျှက်ရှိပါတယ်။ မိမိအသားအရေနဲ့ ကိုက်ညီတဲ့ အောက်ခံမိတ်ကပ်လိမ်းခြယ်ခြင်း က ပင်ကိုယ်ထက်သိသိသာသာလှပလာစေသလို၊ မျက်နှာပေါ်ရှိ အမာရွတ်၊ အသားအရေအရောင်မညီမျှခြင်း၊ အရေးအကြောင်း များ စသည်
တို့ ကိုယာယီအားဖြင့် ဖုံးဖိပေးရုံသာမက၊ စွဲစွဲမြဲမြဲလိမ်းခြင်းဖြင့် မျက်နှာအသားအရေကောင်းမွန်လာပါတယ်။ သို့  သော်အရွေးမှားရင်ဖြင့် အဖုအပိမ့် နဲ့ ဝက်ခြံတွေထွက်လာကာ အသားအရေပျက်စီးစေတာကြောင့် နောင်ရေးစိတ်အေးရအောင် သေသေချာချာရွေးဝယ်ကြပါ။

မိတ်ကပ်တွေကို လူသုံးကုန်ပစ္စည်းအစုံအလင်ရောင်းချသော ဆိုင်ကြီးတွေမှာဝယ်တာထက်၊ အလှကုန်သီးသန့် ရောင်း တဲ့ဆိုင်(ကောင်တာ)မျိုးမှာသာာ ရွေးဝယ်သင့်ပါတယ်။ ဒါမှသာ အသားအရေအမျိုးမျိုးအတွက် အမျိုးအစားစုံ၊ အရောင်စုံ ပစ္စည်းတွေထဲက မိမိအတွက်အလိုက်ဖက်ဆုံးမိတ်ကပ်ကို စိတ်ကြိုက်ရွေးနိုင်မှာပါ။ ဒါ့ပြင် ကောင်တာအရောင်းဝန်ထမ်း က မိတ်ကပ်အကြောင်းကို မိမိထက်ပိုမိုနားလည်နှံ့ စပ်တာကြောင့် သူမရဲ့ အကူအညီက မိတ်ကပ်ကောင်းရဖို့ များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။
မိမိအသားအရေအရောင်ထက် နဲနဲဖျော့တဲ့ မိတ်ကပ်အရောင်ကိုသာ ရွေးပေးပါ။
အဆီပြန်အသားအရေပိုင်ရှင်များအဖို့  အဆီများသော/ကရင်မ်များသော မိတ်ကပ်ကိုမ၀ယ်မိပါစေနဲ့ ။ oil free စာတန်း ပါတဲ့ ပစ္စည်းကိုရွေးပါ။
pan cake(ခေါ်)မိတ်ကပ်အခြောက်က အတန်ငယ်ဆွဲရတာကြောင့် အရေပြားခြောက်သွေ့ သူတွေနဲ့ လုံးဝ မသင့်တော် ပါဘူး။ moisturizer စာတန်းပါတဲ့ ပစ္စည်းကိုသာ ရွေးပါ။
ဥပမာ မိမိသုံးနေကျ မိတ်ကပ်အမျိုးအစားကိုပင်၊ ပိုမိုကောင်းမွန်အောင် ဗီတာမင်များ၊ SPF(ခေါ်)နေလောင်ခံကာကွယ် နှုန်းထားများတိုးမြှင့်၍ အသစ်ဖော်မြူလာဖြင့်ပြုပြင်ဖော်စပ်ထားတဲ့ အောက်ခံမိတ်ကပ်တွေရှိသော်လည်း မျက်စေ့စုံမှိတ် မ၀ယ်လိုက်ပါနဲ့ ဦး၊ မိမိအသားအရေနဲ့ တကယ်တည့်/မတည့်သိရအောင်၊ မေးရိုးအောက်ကအရေပြားကို မိတ်ကပ်နဲနဲ တို့ လိမ်းစမ်းကြည့်ပါ။ အသားအရေနဲ့ မိတ်ကပ်အရောင်ဟပ်စပ်တယ်၊ ပူလောင်/ယားယံခြင်းလည်း မရှိဘူးဆိုမှသာ စိတ်ချလက်ချဝယ်ပါ။ (မိန်းကလေး တော်တော်များများက လက်ကောက်ဝတ်အောက်(သို့ မဟုတ်)လက်ခုံပေါ်တွေမှာ မှားယွင်းစွာဖြင့် မိတ်ကပ်စမ်းသပ်နေကြပါတယ်။ တကယ်တော့ မိတ်ကပ်စမ်းသပ်နည်းနေရာမှန်က မေးရိုးအောက်ပိုင်း ဖြစ်ပါတယ်။)
မိမိအသက်အရွယ်နဲ့ လိုက်ဖက်တဲ့မိတ်ကပ်ရွေးချယ်တတ်ဖို့ ကလည်း ပဓာနကျပါတယ်။ အသက် ၂၀ အရွယ် မိန်းက လေးများက အသားအရေပြဿနာမရှိလှတဲ့အတွက်ကြောင့် oil free နဲ့ ပုလဲမိတ်ကပ်တို့ ကိုရွေးပါ။ အသက် ၃၀ အရွယ် တွေက pan cakes နဲ့  အနည်းငယ်ခဲပျစ်တဲ့ မိတ်ကပ်အတောင့်(ခေါ်)foundation sticks ကိုရွေးပါ။ အသက် ၄၀ အရွယ်တွေမှာ တင်းတိပ်နဲ့ မှည့်ခြောက်များထွက်လာပြီး၊ အသားအရောင် မတူညီတာတွေဖြစ်လာတတ်လို့ ၊ ထို အညို အကွက်များကိုဖုံးဖိရန်အတွက် ပုံမှန်လိမ်းနေကျမိတ်ကပ်အရောင်အပြင်၊ ၄င်းအရောင်ထက် ပိုဖျော့တဲ့ နောက်ထပ် မိတ် ကပ် ၁-ဗူးဝယ်ပြီး အညိရောင်အတွက်တွေပေါ်ရွေး၍ ဖုံးဖိလိမ်းပေးရပါမယ်။ အသက် ၄၀ အရွယ်တွေက မိတ်ကပ်အပျစ် နဲ့ သင့်တော်ပြီး၊ အသက် ၅၀ နဲ့ အထက် အမျိုးသမီးကြီးတွေအတွက်ကတော့ မိတ်ကပ်အရည်သာလျှင် အကောင်းဆုံး ပါဘဲ။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေ။



(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း။ Choosing The Right Foundation)

No comments:

Post a Comment