Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

နေရာသစ်မှသင်ယူခြင်း ၁


       


              အမေရိကား ကို ဘယ်လိုသွားရလဲ မပြောပြခင် အိမ်ကိုလွမ်းနေတာမို့ ဒီကနေ အမိမြန်
မာပြည် ကို ဘယ်လိုပြန်ရသလဲ ဆိုတာ ကို အရင်ပြောပြချင်ပါတယ် ၊ ဆန်ဖရန် စစ္စကို မြို့  ကနေ
 ရန်ကုန်ကို ပျံသန်းတာ အဓိက လေကြောင်းလိုင်း (၂)လိုင်း ရှိပါတယ် ၊ China Airline နဲ့
Singapore Airline တို့ပါ ။ Korean Air က  မြန်မာပြည်ကို ၂ဝ၁၂  အောက်တိုဘာ မှ စဆွဲတာ ။
၂ဝ၁၂ မတ်လ မှာ ကျွန်တော် ပြန်ဖြစ်ဖို့ အကြောင်းပေါ်
လာလို့ အလုပ်ကိုခွင့်တင်တာ ကြိုမတင် လို့ ဆိုပြီး ရက်အနည်းငယ် စောင့်ရပါတယ် ၊
ရလဲ ရရော ချက်ချင်းကြီးပြန်မယ်ဆိုပြီး ဒီနိုင်ငံ က ခေါ်တဲ့ အစ်မ အလုပ်လုပ်ရာ သူမရဲ့ ရုံးခန်းထဲ
 နှစ်ယောက်သား ကွန်ပျူ တာရှေ့မှာ လက်မှတ်ဝယ်ဖို့ ( Shop Around ) စ လုပ်ပါတယ် ၊ ကြည့်
လိုက်တော့ China Airline က $1432 ဖြစ်နေပြီး Singapore Airline က $ 1172 ပါ ၊ တစ်ခု ခက်
တာ က China Airline က ထိုင်ဝမ် မှာ လေယျာဉ်ချိန်း ( Transit ) တစ်ခါဘဲ လုပ်ရမှာ ဖြစ်ပြီးတော့
 စောင့်စားချိန် (၁) နာရီ ဘဲကြာမှာလေ ၊ Singapore Airline က ဆန်ဖရန် စစ္စကို က နေ ဆိုးလ် မှာ
 ရပ် - ၂ နာရီစောင့် စင်ကာပူကိုသွား ၊ စင်ကာပူလေဆိပ်မှာ ရန်ကုန်လေယျာဉ် ကို ၇ နာရီထပ်စောင့်ရ
မယ် ၊ မထူးဘူး စောင့်ရလဲ စောင့်မယ် ၊ ဈေးသက်သာရင် ပြီးရောဆိုပြီးဝယ်လိုက်တယ် ၊ အသွား
နာရီ ၃ဝ - အပြန် ၂၄ နာရီ နဲ့ ပေါ့ ၊ အခမဲ့ သယ်ခွင့်ကယ်ရီက ပေါင် ၅ဝ ပါကင် ၂ ထုတ် ၊
လက်ဆွဲ ၁၅ ပေါင် ။


                             

 
                   မတူတာ တစ်ခု က China Airline က ပေါင် ၅ဝ ပါကင် ၁ ထုပ် စီ ကို ပေါင် ၇ဝ ထည့် 
( အထုပ်ကြီးလိုက် ) လို့ရတယ် ၊ နောက်ထပ် $32 ပေးလိုက်ရုံဘဲ ။ Singapore Airline က
 တော့ ပေါင် ၅ဝ  ထက် ပိုထည့်ခွင့်မပေးဘူး ၊ အထုပ်ကို ထပ်တိုးချင်ရင် ပေါင် ၅ဝ အထိ တစ်
ထုပ် ကို $121 ပေးရမယ် ။ ဒီနိုင်ငံရောက် မြန်မာများ က (များသောအားဖြင့်) ပေါင်ပိုသယ်ကြတယ် ၊
 ဘယ်လိုလဲ ဆိုတော့ ပေါင် ၅ဝ ကယ်ရီတစ်ထုပ်ကို $200-အသွား တစ်ထုပ် အပြန် ၁  ထုပ်ဆိုရင်
သူတို့အတွက် ခရီးစားရိတ် $400 ရသွားပြီ ၊
 လေယျာဉ်လက်မှတ်က $772 ဘဲကျတော့တာပေါ့ ၊ တချို့တွေဆို အမေရိကားက အသွား ၁ ထုပ်
၊ မြန်မာပြည် က အပြန် ၂ ထုပ်သယ်တော့ ကုန်ကျစားရိတ် က $572 ဘဲရှိတယ်လေ ။


                                 
 
 လေဆိပ်ဆင်းတဲ့ နေ့ က အစ်မလိုက်ပို့တယ် ၊ ပေါင်ချိန်တော့ ၅၁ ပေါင်ခွဲ ဖြစ်နေရော ၊ တာဝန်ကျ 
Singapore Airline ဝန်ထမ်း က သဘောကောင်းလို့ အဆင်ပြေသွားတယ် ၊ ဒီ လက်မှတ်ပြကောင်တာ
 ( Check In ) မှာ အရေးကြီးတာ က လက်မှတ် ကို ခရီးသွားမဲ့သူရဲ့ အကြွေးဝယ်ကဒ်ပြားနဲ့ ဝယ်ရ
မှာ ဖြစ်သလို ၊ ကောင်တာမှာ ပြန်စစ်တဲ့ အခါ အဲဒီကဒ်ပြားပြနိုင်ရမယ် ၊ လေယျာဉ်လက်မှတ် က လဲ
လက်မှတ်ပုံစံမဟုတ်လဲ ပရင်တာ က ထုတ်လိုက်တဲ့ စာရွက်ပါဘဲ ၊ မြန်မာပြည် ကို စင်ကာပူ ကနေ
ဆက်စီးရမဲ့ လက်မှတ် ကို တစ်ခါတည်း ထုတ်ပေးတယ် ၊ လေကြောင်းနှစ်လိုင်းရဲ့လေဆိပ်ထူးခြား
ချက် ကတော့ Singapore Airline က စင်ကာပူရောက်တဲ့ အထိ လမ်း အဝေးကြီးလျှောက်ရတာပါဘဲ ။

            ဆန်ဖရန် စစ္စကို လေဆိပ်မှာ ဒီနိုင်ငံ ကနေ ဘာအထောက်အထားနဲ့ ထွက်သလဲ ဆိုတာ
 ပြရတယ် ( ပြန်ဝင်လာဖို့ စာရွက်စာတမ်း ) ဂရင်းကဒ် ( Alien Registration Number ) ပြလိုက်
တယ် ၊ လုံခြုံရေး စစ်တော့ ဖိနပ်ချွတ် ၊ ကိုယ်ပေါ်မှာ ပါတဲ့ ကျောပိုးအိတ် ( Backpack )
အကုန်ဖွင့် - လက်တော့ ၊ ခါးပတ် ၊ တယ်လီဖုံး ၊ Mp3 က အစ ဗန်းထဲထည့်ပြီးတော့
စက်ကိုဖြတ် - ပြီးတော့ အကုန်လုံးပြန်ဝတ် ၊ ပြန်ထည့် - လမ်းအဝေးကြီးလျှောက်ပြီး နောက်
ဆုံးလေယျာဉ်ပေါ်ရောက်မှဘဲ နားရတယ် ။ ထိုင်ခုံနံပါတ်တည်ဆောက်ပုံ က
 နံပါတ် ၄၁ လောက်မှာ အထူးတန်း ( Business Class ) နဲ့ အခန်းကာထားတော့ ၄၄ လောက်
ယူရင် အလယ်သန့်စင်ခန်းနဲ့ နီးတယ် ၊ အနောက်ရောက်တော့ လေယျာဉ်လူးတယ်
လို့ ပြောပေမဲ့  ၅၉ နဲ့ ၆၁ လောက်ယူ ၊ 
ဒါမှ မနက်မျက်နှာသစ်ချိန် သန့်စင်ခန်း မလု ရမှာ ။ ၁၁ နာရီခွဲစီး  တောင်ကိုးရီးယား  လေဆိပ်ရောက်တော့ 
ဖိနပ်ထပ်ချွတ်ရပြန်ရော ၊ ဓါတ်လှေခါး နဲ့ အပေါ်ထပ်တက် ၊ Free Wifi မှာ အင်တာနက်ခနသုံးနေ
လို့ရတယ် ။

          ပြောချင်တာ က စင်ကာပူလေဆိပ် အင်တာနက် က အကန့်အသတ်များတယ် ။ နေရာ
တိုင်း ဝိုင်ဖိုင်မပေးထားဘူး ၊ လက်တော့ နဲ့ ကြိုးထည့်သုံးရတယ် ။ ဒါမှမဟုတ် အသင့်သုံး
ကွန်ပျူတာမှာ မတ်တပ်ရပ်သုံးလို့ရတယ် ၊
 စင်ကာပူလေဆိပ် က လူသိများပြီးသားမို့ အထူးမပြောလိုပါဘူး ။  စင်ကာပူ မှာ ထိုင်ခုံတွေ ထိုင်
ရင် သတိထား ပိုးသတ်ဆေးတွေ အမြဲဖျန်းထားတယ်၊ လက်တော့ အားသွင်းဖို့ ထိုင်လိုက်
တာ ဘောင်းဘီစို သွားသေးတယ်၊ 
ဒီတော့ ဘယ်ရမလဲ၊ စာရေးခုံ ပေါ် တက်အိပ်လိုက်တာပေါ့ ။ မှတ်မှတ်ရရ တစ်ခု က သန့်စင်
ခန်းမှာ မေ့ကျန်ခဲ့တဲ့ ကင်မရာ ၁ နာရီ ကျော် အကြာမှ သတိရလို့ ပြန်သွားယူတာ ကံကောင်း
လို့ပြန်ရတယ် ။ သန့်ရှင်းရေးမှာတော့ စင်ကာပူ ကို အမေရိကားလဲ မမီပါဘူး ၊ အဝတ်တစ်ခု နဲ့
တစ်ချိန်လုံး လိုက်သုတ်နေတာ စင်ကာပူ ကတော့ စံပြဘဲ ။


                                

  
                     ၂ဝ၁၃ မှာ လေကြောင်းလိုင်း ထပ်တွေထပ်တိုးချဲ့လာပေမဲ့ မြန်မာပြည်ကို ပြန်လို့
ရတဲ့ ဈေးသက်သာတဲ့ လေကြောင်း က တော့ သိသိသာသာ မတိုးလာပါဘူး ။
EVA Airline က China Airline လို ဈေးသင့်တော်ပါတယ် ၊ သူလဲ ထိုင်ဝမ် မှာ ခန နားမှာပါ ၊
 Qatar Airways က မြန်မာပြည် နဲ့ အမေရိကား မပျံဘူး ၊ အင်္ဂလန် နဲ့ မြန်မာ တော့
တိုက်ရိုက်ပြေးတယ် ၊ အခု နောက်ဆုံး ဈေးတွေရှာကြည့်ထားတာ က အမေရိကားနောက်
ဆုံးကျောင်းပိတ်ရက် မေလ ၃၁ မတိုင်ခင် သွား ၊ ကျောင်းပြန်မဖွင့်ခင်  မြန်မာပြည် ကနေ  သြဂုတ်လ ၁၄ 
ရက်နေ့ပြန်လာ ရင် ( ၂၁ ရက် နေ့ ကျောင်းအများစု ပြန်ဖွင့်တယ် ) 
  • China Airline = $ 1453.90
  • Singapore Airline = $ 1671.26
  • EVA Airline = $ 1612.90
တွေ ဘဲ ဖြစ်ပါတယ် ၊ ဝယ်တဲ့ အချိန်ပေါ်မူတည်ပြီးတော့ လဲ ဈေးနှုန်းပြောင်းပါသေးတယ် ၊
 အရေးကြီးလို့ တော့ သွားမဝယ်နဲ့ ဈေး ကို အရမ်းတင်ထားလိုက်တာ သတိထားရမှာပါ ၊
ထပ်ပြီးသတိပေးချင်တာကတော့ Singapore Airline စီးမယ်ဆိုရင် ရောက်တဲ့ လေဆိပ်မှာ
 တွန်းလှည်း အသေးတစ်ခု ကို မဖြစ်မနေရှာပြီး ကိုယ်ပါတဲ့ အထုပ်အပိုးတွေ ၊ ကျောပိုးအိတ် နဲ့
လက်တော့ ပါမကျန် အကုန်တင်တွန်းမှ လူသက်သာမယ် လို့ အကြံပြုပါရစေ ။

             အနယ်နယ် အရပ်ရပ်မှာ ပြန့်ကျဲရောက်နေကြသော မြန်မာပြည်သားများ အမိမြေသို့ ဘေးရန်ကင်းကွာ 
သက်တောင့်သက်သာ ခရီးဝေးမှ ပြန်နိုင်ကြပါစေ ။

ကိုညီညီ-တောင်ကြီး

No comments:

Post a Comment