Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 4, 2013

အောင်မြင်တဲ့ အမျိုးသမီးတွေက တခြားသူတွေနဲ့ ဘာတွေခြားနားသလဲ



  • အမျိုးသမီးတိုင်းမှာ အောင်မြင်မှုဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ကိုယ်စီရှိကြပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်တဲ့၊ ထိပ်ဆုံးကို ရောက်သွားတဲ့ အမျိုးသမီးတွေအတွက်တော့ တခြားသူတွေနဲ့ မတူတဲ့ ကွဲပြား၊ ခြားနားချက်လေးတွေ ရှိကြပါတယ်။ စုဆောင်းမိသလောက် အားလုံး ၁၂ ချက်ရှိပါတယ်။

    ၁၁။ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို မွေးမြူတတ်ကြပြီး အဲ့ဒါကို ခိုင်မာအောင်လည်း လုပ်တတ်ကြတယ်။

    ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်မှာ အကူအညီ အထောက်အပံ့တွေရတာဟာ ကိုယ့်ရဲ့ ဆက်သွယ်ရေး အတွက်လည်း ပိုမိုကောင်းမွန်စေသလို အောင်မြင်ဖို့အတွက် လမ်းစတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားကြ ပြီးတော့ နေရာတိုင်း၊ အလုပ်တိုင်းမှာ သူငယ်ချင်းအသစ်၊ လုပ်ဖော်ကိုင်ဖက်အသစ်တွေကိုလည်း မွေးမြူတတ်ကြပါတယ်။ အောင်မြင်တဲ့အမျိုးသမီးတွေဟာ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးအတွက် ပေးဆပ်ရဲကြပါတယ်။ ဘ၀နဲ့ ရင်းပြီးတော့ ခင်မင်တတ်ကြပါတယ်။ အမှန်တကယ် ဒုက္ခရောက်တဲ့အချိန်မှာ ကူညီနိုင်တဲ့သူမျိုး၊ ကိုယ် မပျော်ရွှင်ချိန်မှာ ကိုယ့်ကိုပျော်ရွှင်စေမယ့်သူမျိုး၊ သုခ၊ ဒုက္ခတွေကို မျှဝေခံစားပေးနိုင်မယ့်သူမျိုးတွေကို ရထားပြီဆိုရင် ဒါဟာတကယ်စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးကိုလုပ်နိုင်နေပြီဖြစ်ပါတယ်။ အောင်မြင် တဲ့ အမျိုးသမီးတွေဟာ ဒီလိုရရှိထားတဲ့ ပေါင်းသင်းဆက်ဆံရေးမျိုးကို ခိုင်မာနေဖို့ ဆက်လက်ထိန်းသိမ်း ထားတတ်ကြတဲ့သူတွေလည်း ဖြစ်ကြပြန်ပါတယ်။

    ၁၂။ တစ်နေရာထဲမှာကွက်ပြီး ဘယ်တော့မှ မဖြစ်ဘူး။

    အမျိုးသမီးတွေ အောင်မြင်မှုရပြီဆိုရင်တော့ ဘယ်တော့မှ တစ်နေရာထဲမှာ ကွက်ပြီးမဖြစ်တတ်ပါဘူး။ အလုပ်ခွင်ထဲမှာ အောင်မြင်မှုရတယ်ဆိုရင် အဲ့ဒီအမျိုးသမီးဟာ မိသားစုရေးနဲ့ တခြားသူကျင်လည်ရာ ပတ်ဝန်းကျင်တွေမှာပါ ဂုဏ်သတင်းပျံ့နိုင်ပါတယ်။ ပြီးတော့ သူတို့ဟာ သူတို့ပတ်ဝန်းကျင်က သူတွေ ကိုလည်း သူ့လိုဖြစ်ကြဖို့ အမြဲတမ်းတိုက်တွန်းတတ်ပြီး အမြဲတမ်းတွန်းအားပေးတတ်ကြပါတယ်။ 
    အောင်မြင်တဲ့အမျိုးသမီးတွေဟာ တခြားအမျိုးသမီးတွေနဲ့ ဘာတွေကွဲခြားသလဲဆိုတာကို ကျွန်တော် တင်ပြခဲ့ပြီးပါပြီ။ အထက်ပါအချက်တွေဟာ သီအိုရီတွေ မဟုတ်သလို အောင်မြင်ရေးတက်ကျမ်းတွေ လည်း မဟုတ်ပါဘူး။ ဒီအချက်တွေဟာ တကယ့်လက်တွေ့ဘ၀မှာ အမှန်တကယ် အောင်မြင်နေတဲ့ အမျိုးသမီးတွေကို မေးမြန်း၊ စစ်တမ်းကောက်၊ လေ့လာပြီးတော့ ရေးသားထားတာတွေဖြစ်ပါတယ်။ ဒီအချက်တွေကတစ်ဆင့် အမျိုးသမီးတွေဟာ နေ့စဉ်ဘ၀တွေကို အကျိုးရှိရှိ အသုံးချနိုင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
     

No comments:

Post a Comment