Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2013

သီလရှင်ဝါ တစ်ဝါ ရရှိပြီ ဖြစ်သော ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အဆိုတော် တင့်တင့်ထွန်း ပဋိပတ္တိ ပထမငယ်တန်း စာမေးပွဲ ဖြေဆိုထား


သီလရှင်ဝါ တစ်ဝါ ရရှိပြီဖြစ်သော ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်၊ အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာသည် ပဋိပတ္တိ ပထမငယ်တန်း စာမေးပွဲ ဖြေဆိုထားကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြချက်များ အရ သိရသည်။

''သီလရှင်ဝတ်တာ တစ်ဝါ ရပြီးပါပြီ။ပဋိပတ္တိ စာပေလေ့လာ ဆည်းပူး နေရင်းက ပထမငယ် စာမေးပွဲကို ဝင်ရောက် ဖြေဆိုထားပါတယ်'' ဟု ၎င်းကမိန့်ကြားခဲ့သည်။

ဒေါ်နန္ဒမာလာသည် ပဋိပတ္တိ စာပေများကို လေ့လာ လိုက်စား၍ တရား ဘာဝနာများ စီးဖြန်း အားထုတ်နေပြီး တစ်ဖက်မှလည်း နာရေးကူညီမှု အသင်း (ရန်ကုန်) တွင် အများပြည်သူများ အတွက် စက်တင်ဘာ ၆ ရက်က အလှူငွေ ကျပ်သိန်းသုံးဆယ် လှူဒါန်း ခဲ့ကြောင်း သိရသည်။

''ဆရာလေး အနေနဲ့ အခုလို လှူချင်နေတာ ကြာပါပြီ။ ဒါပေမဲ့ အကြောင်း မတိုက်ဆိုင်တော့ မလှူဖြစ် ခဲ့တာပါ။ခုမှ တိုက်ဆိုင်လို့ လှူဖြစ်ခဲ့တာ ပါ။မိဘတွေကလည်း မရှိတော့ဘူး ဆိုတော့ဟိုတုန်းက တွေးမိဖူးတယ်။ ငါသေရင် ဘယ်သူကများ အသုဘ ချပေးမလဲလို့ပေါ့။ ဒါပေမဲ့ နောက်တော့ နာရေးအသင်း ရှိနေတာပဲ ဘာပူစရာ ရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများ

ပြည်သူကို ကူညီ ပေးနေတာ ဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့ အတွက် သီလရှင် အနေနဲ့ လှူဖို့လိုမယ် ဆိုတာကို တွေးမိတဲ့အတွက် အခုလို အကြောင်း တိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ။''ဟု မိန့်ကြားခဲ့ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် တရားဝင် ဖော်ပြထားသည်။

http://www.myawady.net.mm/arts/artcorner/item/25040-2013-09-11-10-41-17

No comments:

Post a Comment