Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

အင်္ဂါဂြိုဟ်တွင်အခြေချနေထိုင်ရန် လျှောက်ထားသူ နှစ်သိန်းကျော်ရှိ

အင်္ဂါဂြိုဟ်တွင်အခြေချနေထိုင်လို
သည့် ပထမဆုံးလူသားများအဖြစ် လျှောက်ထားလာ သူပေါင်းမှာ နိုင်ငံပေါင်း ၁၄၀မှ လူဦးရေ ၂၀၀၀၀၀ ကျော်ရှိကြောင်း အင်္ဂါဂြိုဟ် အခြေချနေထိုင်ရေးစီမံကိန်းအဖွဲ့က ထုတ်ဖော် ပြောကြားသည်။

ဒက်ရှ် စီးပွားရေးလုပ်ငန်းရှင် ဘက်စ် လန်းစ်ဒေါ့က အင်္ဂါဂြိုဟ်တွင် လူသားများ အမြဲတမ်း အခြေချနေထိုင်ရေးစီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိပြီး လိုအပ်သည့် ရန်ပုံငွေ ဒေါ်လြာေ ခာက် ဘီလီယံ ရရှိပါက ၂၀၂၂ ခုနှစ်တွင် သွားရောက်နိုင်မည်ဟု မျှော်လင့်ထားသည်။
အင်္ဂါဂြိုဟ်ပေါ်၌အမြဲတမ်းအခြေချနေထိုင်လိုသူများကို ဧပြီလတွင် စတင်လျှောက်လွှာခေါ် ယူခဲ့ရာ လျှောက်ထားသူ ၂၀၂၅၈၆ ဦးတွင် လေးပုံ တစ်ပုံမှာ အမေရိကန်နိုင်ငံမှဖြစ်ကြောင်း အကျိုးအမြတ်မယူဘဲ အင်္ဂါဂြိုဟ်သို့ လူသားများပို့ဆောင်ရေးအဖွဲ့ Mars One က ထုတ်ဖော်ပြောကြား သည်။

လျှောက်ထားသူများတွင် အိန္ဒိယနိုင်ငံမှ ၁၀ ရာခိုင်နှုန်း၊ တရုတ် နိုင်ငံမှ ခြောက်ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံမှ ငါးရာခိုင်နှုန်းနှင့် အခြားနိုင်ငံ များမှလည်းပါဝင်ကြောင်း အဆိုပါအဖွဲ့ ကပြောကြား သည်။ သို့သော် နာဆာ အပါအဝင် အာကာသအေဂျင်စီများက Mars One အမှုဆောင် အရာရှိချုပ် လန်းစ်ဒေါ့၏စီမံကိန်းကို သံသယရှိနေပြီး အင်္ဂါဂြိုဟ်တွင် လူသားများ အခြေချ နေ ထိုင်နိုင်ရေးအတွက် နည်းပညာမရှိသေးဟု ပြောဆိုနေကြသည်။

Mars One ကမူ အဆိုပါ စီမံကိန်းမှာ ဆယ်စုနှစ်တစ်ခုကြာ ကြိုးပမ်း အကောင်အထည်ဖော်ရမည့် စီမံကိန်းဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက် တွင် ရေးသားဖော်ပြထားသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment