Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 25, 2013

(၁၃)နှစ်သမီးအား အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ လူငယ်(၃)ဦးအား အမှုဖွင့်


(၁၃)နှစ်သမီးအား အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ မိခင်က ပြုကျင့်ခဲ့သူနှင့် အားပေးအားမြှောက် ပြုလုပ်ခဲ့ သူများ ကိုပါ အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို ရွှေပြည်သာ လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေး လျက်ရှိသည်။

စက်တင်ဘာလ ၁၆ ရက် ည ၉နာရီခွဲအချိန်က အသက်(၁၃)နှစ်သာ ရှိသေးသည့် ကလေးငယ် သည် ခြေရင်းအိမ်သို့ သွားမည်ဖြစ်ကြောင်း ပြောဆိုထွက်သွားပြီး ည ၁၁ နာရီအချိန်မှသာ နေအိမ်သို့  ပြန်လည် ရောက်ရှိလာခဲ့သည်ဟု မိခင်က ဆိုခဲ့သည်။

စက်တင်ဘာလ ၁၉ ရက်တွင်လည်း သမီးဖြစ်သူ အမူအယာပျက်ယွင်းနေ၍ မေးမြန်းရာ စက်တင်ဘာ ၁၆ ရက်ညက မဌေးရီဆိုသူမှ လာခေါ်သဖြင့် လိုက်သွားခဲ့ရာ ၎င်း၏နေအိမ်တွင် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးက သားမယားအဖြစ် တစ်ကြိမ် ဆက်ဆံခဲ့သည်ကို ပြောပြခဲ့သည်ဟု မိခင်က ရဲအား ပြောဆိုခဲ့သည်။

စက်တင်ဘာ ၁၀ ရက် နံနက် ၁ နာရီခွဲအချိန်ကလည်း သမီးဖြစ်သူမှာ နေအိမ်မှ ပျောက်ဆုံးသွား သဖြင့် လိုက်လံရှာဖွေရာ မျိုးသူ(၂၁)နှစ်၏ နေအိမ်အောက်တွင် သမီးဖြစ်သူအား သားမယားပြုကျင့်သူဟု စွပ်စွဲခံထားရသူ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးနှင့်အတူ ခြင်ထောင်ထဲတွင် တွေ့ရှိခဲ့ရသည်ဟု ထွက်ဆိုထားသည်။

ထို့ပြင် ယင်းနေအိမ်ရှိ အိမ်ရှင်ဖြစ်သူ မျိုးသူ၊ သီးဟနိုင်နှင့် ကိုထွေးတို့ သုံးဦးက သမီးဖြစ်သူအား မကြားဝံ့ မနာသာ စကားများ ပြောဆိုနေသံကြားရသဖြင့် သမီးဖြစ်သူအား နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ရသည် ဟုလည်း ရဲအား ပြောပြထားသည်။

ထို့ကြောင့်သမီးအား သားမယားပြုကျင့်သူနှင့် အားပေးကူညီသူ မျိုးသူ၊ သီဟနိုင်နှင့် ကိုထွေးတို့ သုံးဦးကို အရေးယူပေးရန် စွပ်စွဲ တိုင်တန်းထားခြင်း လည်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းက (ပ)၂၈၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်း ခံထားရသူများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆/၁၁၄ ဖြင့် တရားစွဲတင်ပို့သွားမည်ဟု တိုင်းရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

Source : Mizzima

No comments:

Post a Comment