CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပျင်းရိခြင်းနဲ့ ရောင့်ရဲခြင်း
လူတွေဟာပျင်းတာနဲ့ ရောင့်ရဲတာကို မကွဲပြားကြတာပါ။ တစ်ချို့လူတွေကဆိုရင်
ရောင့်ရဲခြင်း ဆိုတဲ့ စကားကိုခုတုံးလုပ်ပြီး အပျင်းကြီးနေကြပါတယ်။
တစ်ချို့ကျတော့လည်း အပျင်းကြီး တယ် လို့ပြောလို့မရပေမယ့် လို့
ကိုယ်စွမ်းရှိသလောက်မကြိုးစားကြပါဘူး။
ကျွန်တော့်ရဲ့အမြင်လေးကို ပြောပြချင်ပါတယ်။ ကျွန်တော်အခုပြောမယ့်
အကြောင်းအရာဟာ ကျွန်တော့်အတွက် တော့ အမှန်ပါ။ ကျွန်တော်က သိပ်သိ
သိပ်တတ်နေလို့ ပြောတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။
ကျွန်တော့်မှာ အမေ က လက်ဆောင်ပေးထားတဲ့စကားတစ်ခွန်းရှိတယ်။
အဲဒါက ဘာလဲဆိုတော့ အစွမ်းကုန်လုပ်ရမှာက ကိုယ့်ဝတ်တရား ဖြစ်လာတာ မဖြစ်လာတာက
ကံကြမာရဲ့ အဆုံးအဖြတ်တဲ့။ ဟုတ်ပါတယ်။ ဘယ်အခြေအနေ မျိုးမှာပဲဖြစ်ဖြစ်
ကိုယ့်ဘက်က တော့ ကိုယ့်အစွမ်းရှိသလောက်အကုန်ထုတ်သုံးပြီး ကြိုးစားအားထုတ်ကြရမှာပဲလေ။
အစွမ်း ကုန်လုပ်ပြီးတဲ့နောက်မှာမှ ဖြစ်မလာဘူးဆိုရင်တော့ ဖြစ်မလာတဲ့
အပေါ်မှာ ပူဆွေးသောက ရောက်မနေပဲ အေးဆေးတည်ငြိမ်စွာနဲ့ ဖြေ နိုင်ဖို့
ဒီနေရာမှာ ကံဆိုတဲ့စကားကို ကျွန်တော်သုံး ထားပါတယ်။
ဒီစကားနဲ့ပတ်သက်လို့ ကျွန်တော်နဲနဲလောက်တော့ နမူနာလေးပေးချင်ပါတယ်။ ဥပမာဗျာ
စာမေးပွဲဖြေမယ့် ကျောင်းသားတစ်ယောက်က သူ့ရဲ့ရှိသလောက်အစွမ်းနဲ့
အစွမ်းကုန်နေ့ရော ညပါ ကြိုးစားကျက်မှတ်ပါလျက်နဲ့ စာမေးပွဲနီးမှ
ကိုယ့်အမှားကြောင့်မဟုတ်ဘဲ ထိခိုက်ဒဏ်ရာရ ပြီးစာမေးပွဲကျရတယ်ဆိုရင် ဒါဟာ
ကံတစ်ရားရဲ့ အဆုံးအဖြတ်လို့ ပြောလို့ရပါတယ်။ အဲလိုမှ တွေးပြီးမဖြေပဲ
စိတ်ဓာတ်ကျနေမယ်ဆိုရင် အဲဒီလူဟာ နှစ်ခါရှုံးပြီပေါ့။ လူတစ်ယောက်ဟာ
စိတ်ထားတတ်ရင် ဘယ်တော့ မှ နှစ်ခါ မနာပါဘူးဗျာ။
တစ်ချို့ကျတော့ရှိတယ် နဂိုကတည်းကမှ ကျန်းမာရေးက သိပ်မကောင်းလို့
စာမမှတ်မိတတ် တဲ့လူမျိုးတို့ဘာတို့ ကျတော့လည်း ကိုယ့်အစွမ်းရှိသလောက်အကုန်
လုပ်ပြီးတဲ့နောက် ရသလောက်နဲ့ရောင့်ရဲနိုင် ရမယ်လေ။ ဘာလို့ဆိုတော့
ဒီလိုလူမျိုးကျတော့ ဒီရောင့်ရဲတဲ့စိတ်မရှိ ရင် လူသာပင်ပန်း ပြီး
ဘာမှအကျိုးမရှိဘူးလေ။
အများစုကတော့ စာကတော့ ကျက်တာပဲ
ဘာတွေမှန်းကို မသိတော့ပါဘူး။ ခေါင်းတွေလည်း ပူနေပြီ ဆိုပြီး
ကိုယ့်မှာရှိတဲ့အစွမ်းကို ထုတ်မှမသုံးရသေးဘူး။ ပင်ပန်းမှာကိုကြောက်ပြီး
ဒါအကုန်ပါပဲ လို့ ပြောနေကြပါတယ်။ ပင်ပန်းမှာကြောက်တဲ့လူဟာ
အပျင်းကြီးလို့ပါ။ အပျင်းကြီးတဲ့လူ ပင်ပန်းမှာ ကြောက်တဲ့လူဟာ
ပိုပြီးပင်ပန်း ကြပါတယ်။
ဘာလို့လဲဆိုတော့
တစ်ခုလုပ်တာချင်းအတူတူ ပင်ပန်းမှာမကြောက်တဲ့လူက ဒါလေးများ ဘာမှမဖြစ်ဘူး
လို့ တွေးတဲ့အချိန်မှာ ပျင်းတဲ့လူ က ပင်ပန်းလိုက်တာနော်လို့ တွေးမိနေပြီ။
စဉ်းစားကြည့်ပါဗျာ။ ပင်ပန်းလိုက်တာလို့ တွေးမိတဲ့အချိန်မှာ လုပ်ရတဲ့အလုပ်
နဲ့ ဒီလိုပဲလုပ်နေ ကျအလုပ်တစ်ခုလိုမျိုးလုပ်ရတာနဲ့ ဘယ်ဟာပိုပင်ပန်း တယ်ဆိုတာ စဉ်းစားကြည့်ပါဗျာ။ တစ်ခါတစ်လေများ တစ်ကယ်ပဲ ခြေကုန်လက်ပန်းကျလောက်အောင် ပင်ပန်းနေတဲ့အချိန်မှာ တောင်မှပဲ စိတ်ကလေးကို ခဏလောက်တင်းပြီးငါလုပ်နိုင်တယ်ဆိုပြီးလုပ်လိုက်ရင် လုပ်ရတာ ချင်းအတူတူ စိတ်ရောလူရော အရမ်းကို သက်သာပါတယ်။
တစ်ချို့တွေရှိသေးတယ်။ တစ်ပတ်လုံးအလုပ်လုပ်ရလို့ ပင်ပန်းလို့ ဆိုပြီး
နားရက်များရရင် ဘာမှမလုပ်ဘဲ တစ်နေကုန်အိပ်တာ ကျွန်တော်မေးကြည့်မိပါတယ်
မပျင်းဘူးလားလို့ သူတို့ က ပြောတယ်ဗျာ။ မပျင်းပါဘူးတဲ့။ ဒါပေမယ့်
အဲလောက်အိပ်တာများသွားရင် အဲဒီနေ့ အဖို့ လူက ဘယ်လိုမှကို မလန်းဆန်းတော့ဘူး။
ထိုင်းမှိုင်းသွားရောလေ ဗျာ။
လူရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ်ရဲ့အစွမ်းရှိသလောက်ကို
အလုပ်လုပ် ကြရမှာပါပဲ။ ကိုယ့်ရဲ့အစွမ်းအစ ဆိုတာကလည်း ကိုယ်သတ်မှတ်တဲ့
အပေါ်မှာပဲ မူတည်နေပါတယ်။ ကိုယ်က ကိုယ့်ကိုကိုယ် တစ်ကျပ်ဖိုးအစွမ်းအစ
ရှိတယ်လို့ သတ်မှတ်ထားရင် တစ်ကျပ်ဖိုးနဲ့ တန်တဲ့ အစွမ်းအစ ကို
ထုတ်သုံးပြီးတာနဲ့ အစွမ်းကုန်ပြီလို့ ကိုယ့်ကိုကိုယ် ယုံကြည်သွားပါလိမ့်
မယ်။ တစ်ကယ်ကုန်တာဟုတ်ချင်မှဟုတ်မယ်။
ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ တစ်ကယ်ကို ကုန်သွားပြီ
လို့လက်ခံသွားလိမ့်မယ်။ ငါ့မှာအစွမ်းအစတွေ အများကြီးရှိ တယ်လို့
ယုံကြည်ထားတဲ့လူကျတော့ ဘယ်လောက်ပဲ ထုတ်သုံးထုတ်သုံး ကုန်တယ်လို့ကို
မရှိဘူး။ မယုံရင်စမ်း ကြည့်ပါဗျာ။ အဓိက ကတော့ စိတ်ပါပဲ။
ကျွန်တော်ကအစွမ်းအစကို အစွမ်းကုန်ထုတ်သုံးခိုင်းတာက
လောဘကြီးတာမဟုတ်ပါဘူး။ ကိုယ်နဲ့တန်ရာ တန်ကြေးကို ရယူတာပါ။
လောဘကြီးတယ်ဆိုတာက အစွမ်းကလည်းမသုံးချင် များများကလည်းရချင် အဲလို
လူမျိုးကိုမှ လောဘကြီးတယ်လို့ခေါ်တာပါဗျာ။ ဘာမှမလုပ်ဘဲ ဘာမှမရချင်တဲ့လူမျိုးကိုလည်း ရောင့်ရဲတယ် လို့ခေါ်လို့မရပါဘူးဗျာ။ အဲဒါကအချောင်ခိုတာဗျ။
ကျွန်တော်က Buddhist ဗျာ။ အဲဒီတော့ ကျွန်တော်တစ်ခုပြောပြမယ်။ ဘာမှ မလုပ်ဘဲ
ဘာမှမရချင်တဲ့ လူမျိုးကို ရောင့်ရဲတယ်လို့ခေါ်ရင်
ကျွန်တော်တို့ဘာသာမှာကလည်း ရောင့်ရဲ တတ်ရမယ်လို့ ပြထားတယ်လေ။ အဲလိုမျိုးသာ
လူအားလုံးရောင့်ရဲ ကုန်ကြမယ်ဆိုရင် ဘုရားဆိုတာလည်း
ပွင့်လာမှာမဟုတ်တော့ပါဘူးဗျာ။ ရောင့်ရဲတာနဲ့ ပျင်းတာနဲ့ တစ်ခြားစီပါ ဗျာ။
ကျွန်တော်တို့ဘာသာမှာ သတ်သတ်လွတ်စားကြတယ်။ အဲဒါလေးကို ကျွန်တော်ပြောချင်ပါ
သေးတယ်။ သတ်သတ်လွတ်စားတဲ့ ရတဲ့အကြောင်းအရင်းကလည်း လူတွေရောင့်ရဲတတ်
အောင်လို့လေ့ကျင့်ပေးတယ်လို့
ထင်ပါတယ်။ ဘာလို့ဆိုတော့ ဘုရားဟောထဲမှာ သတ်သတ်လွတ်စားမှ
ကုသိုလ်ရမယ်လို့မပါပါဘူး။ ဒါပေမယ့်သတ်သတ်လွတ်စား တဲ့လူများ က
မရောင့်ရဲပဲနဲ့ ဒီသတ်သတ်လွတ်အတွက်ကို ပိုလို့တောင်မှ အလုပ်ရှုပ်နေကြတာတွေကို
တွေ့တွေ့နေရပါတယ်။ သတ်သတ်လွတ်စားလို့ ဆိုပြီး ဟိုဟာချက်ရ ဒီဟာချက်ရ
နောက်ပြီး အသားမပါလို့ မစားနိုင်ပါဘူး နောက်နေ့ ကျမှ အတိုးချစားတော့မယ်လို့
ပြောတဲ့လူကပြော။ သတ်သတ်လွတ်မစားနဲ့မပြောပါဘူးဗျာ။ စားနိုင်ရင်စားပါ။ မစားနိုင်လည်းမစားနဲ့ပေါ့။ ကိုယ်က မှ မရောင့်ရဲ နိုင်တာ။ ကျန်တဲ့လူတွေပိုအလုပ်ရှုပ်တယ်ဗျာ။ ရောင့်ရဲတတ်ရင် သတ်သတ်လွတ် စား ဖို့ကဘာမှ မလိုဘူး။ ရှိတာလေးနဲ့ မျှတအောင်စားလိုက်ရင် ပြီးသွားတာပါပဲဗျာ။
ငချစ်
ပျင်းရိခြင်းနဲ့ ရောင့်ရဲခြင်း
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
September 09, 2013
Rating:
5
No comments:
Post a Comment