Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 9, 2013

စာသင်ကျောင်းနှင့် ကိုက် (၁၀၀) အတွင်း ဆေးလိပ်/ကွမ်းယာရောင်းချပါက ထောင်ဒဏ်ခြောက်လမှ တစ်နှစ်အထိ အရေးယူမည်

"ကျောင်းနေအရွယ် ကလေးသူငယ်တွေကို ဆေးလိပ်၊ ကွမ်းယာအလွယ်တကူ မဝယ်မိစေဖို့အတွက် ဆောင်ရွက်တာပါ။ အသက် (၁၈) နှစ်မပြည့်တဲ့ ကလေးသူငယ်တွေကို ဒါတွေရောင်းချရင် ပထမ အဆင့်အနေနဲ့ ဒဏ်ငွေဆောင်ခိုင်းမယ်။ နောက်တစ်ကြိမ်ဆိုရင်တော့ ထောင်ဒဏ်တွေပါ ချမှတ်သွားဖို့ ဆောင်ရွက်မှာပါ" ဟု၎င်းက ပြောသည်။
အခြေခံပညာကျောင်းများအနီးတွင် ဆေးလိပ်၊ ကွမ်းယာဆိုင်များဖွင့်လှစ်ရောင်းချခြင်းကို ဆင်ခြေဖုန်း ရပ်ကွက်များရှိ စာသင်ကျောင်းများတွင် အများဆုံးတွေ့ရပြီး အခြေခံပညာအလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသားများမှာ အလွယ်တကူဝယ်ယူစားသုံးမှုများလည်း ရှိနေကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။
"ကျောင်းဆင်းချိန်တွေနဲ့ ကျူရှင်လွှတ်တဲ့အချိန်တွေမှာ ကျောင်းစိမ်းနဲ့ ကလေးငယ်တွေ ဆေးလိပ် သောက်နေတာတွေကို မြင်တွေ့ရတာ မသင့်တော်ဘူး။ ဆိုင်တွေကလည်း ဘာမှမကြည့်ဘဲ ရောင်းချ နေကြတာတွေဟာ အဆင်မပြေဘူး" ဟု တောင်ဥက္ကလာပမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြော သည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေတွင် စာသင်ကျောင်းအနီးဆေးလိပ်၊ ကွမ်းယာရောင်းချပါက ထောင် ဒဏ်၊ ငွေဒဏ်များကျခံရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း ယခုကဲ့သို့ ထောင်ဒဏ်ခြောက်လမှ တစ်နှစ်အထိ ချမှတ်အရေးယူမည့် ကိစ္စမှာ စာသင်ကျောင်းများ၏ စီမံချက်၊ အမိန့်နှင့် ညွှန်ကြားချက် များသာ ဖြစ်နိုင်ကြောင်း တိုင်းတရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်သည်။
"ဥပဒေမှာ ပြဋ္ဌာန်းထားတာမျိုးမရှိပေမယ့် ဒီလိုလုပ်တာကောင်းပါတယ်။ ကျောင်းတွေအနီးမှာ ဆေးလိပ်၊ ကွမ်းယာနဲ့ အရက်သေစာဆိုင်တွေ ဖွင့်လှစ်ရောင်းချခွင့်မရှိဘူးဆိုတာကို ပညာရေးဝန်ကြီး ဌာနက ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ဖူးတယ်။ ကျောင်းအနီးဝန်းကျင်မှာ ဒီလိုဆိုင်တွေ ဖွင့်ခြင်းအား ဖြင့် လူငယ်တွေ၊ ကလေးသူငယ်တွေအတွက် အမြင်နီးစပ်ပြီး လက်တည့်စမ်းချင်စိတ်တွေ၊ အတတ် စမ်းချင်စိတ်တွေဖြစ်ပြီး ဆိုးကျိုးတွေဖြစ်နိုင်တယ်။ စီမံချက်တွေနဲ့တားသင့်ပါတယ်" ဟု တရားလွှတ် တော် ရှေ့နေဦးခင်ဇော်က ပြောသည်။
ယခုအခါ ကမ္ဘာဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များအား ဆေးရွက်ကြီး နှင့် ဆိုင်သောဆက်စပ်ပစ္စည်းများအား ဝယ်ရောင်းပြုလုပ်ခြင်းကို ပြင်းထန်စွာ တားမြစ်ထားပြီး ဖွံ့ဖြိုးမှု နောက်ကျသောနိုင်ငံများတွင် ယင်းကိစ္စအတွက် ဆောင်ရွက်ရာ၌ နောက်ကျကျန်နေမှုများလည်းရှိနေ ကြောင်း ဥပဒေလေ့လာသူတို့ကဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ပတ်သက်၍ စာသင်ကျောင်းများတွင် မူးယစ်တိုက်ဖျက်ရေးအဖွဲ့အစည်းများမှ ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်မှုများ ရှိနေသော်လည်း ကလေးသူငယ်များအကြားတွင် ဆေးလိပ်၊ ကွမ်းယာသုံးစွဲခြင်းများသာမက ကော်ရှု ခြင်းများပါ ရှိလာကြောင်း ပြည်သူ့လွှတ်တော် သတ္တမအကြိမ်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ဆွေးနွေးမေးမြန်းမှုများလည်း ရှိခဲ့သည်။
ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကော်ရှုခြင်း၊ မူးယစ်ဆေး ဝါးသုံးစွဲခြင်းများကို ထိရောက်စွာ တားမြစ်အရေးယူမှုများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ကာ တိုက်တွန်းမှုများလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ပြည်တွင်း၌ အခြေခံပညာအထက်တန်း ကျောင်း (၁၀၆၇) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၉၂၃) ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း (၁၃၅၈) ကျောင်းကို ဖွင့်လှစ်လျက်ရှိပြီး စာသင်ကျောင်းအားလုံးတွင် မူးယစ်ကင်း စင်ကျောင်းဟူသော ဆောင်ပုဒ်များကို ရေးထိုးသတိပေးထားကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရ သည်။
The Messenger Journal
Vol.4, No.16, Sep.9, 2013

No comments:

Post a Comment