အိသက်သားအကြီးက ပုစွန်ချဉ်အရမ်းကြိုက်ပါတယ် ။
ပုံမှန်ပုစွန်ချဉ် လန်ဒန်အိမ်မှာ လုပ်စားဖြစ်တယ်။
ဒါကို လန်ဒန်လာလည်သွားတဲ့ သူ့အဘွား ဒေါ်သဲသဲလှုပ်များက
ပုစွန်ချဉ်ပါပို့တဲ့ ဇာတ်လမ်းစပါတယ်။ ကိုထက်မေမေက ၀ါးခယ်မကပါ။
ပုစွန်ချဉ် နာမည်ကြီးသောဒေသပေါ့။ ကိုထက်မေမေက
ဝါးခယ်မက ပုစွန်ချဉ်ဒိုင်ကို ရှယ်အော်ဒါမှာ ချဉ်ပြီးပြီးခြင်း
ရန်ကုန်ကိုပို့ခိုင်းပါတယ်။ ကျွန်မတို့ ဓနုဖြူဆိုင်(လှည်းတန်း - အင်းစိန်)
ဆိုင်မှာလည်း အဲဒီပုစွန်ချဉ်ပဲသုံးတာပါ။ (ဒါကကြော်ငြာ)
တနင်္လာမနက်စောစော ကားဂိတ်ကသွားယူ ကျွန်မမေမေက ကျန်တဲ့
သူပို့ချင်သောပစ္စည်းများနဲ့ မနက် ၁၂ နာရီမကျော်ခင် နြှ က ပို့ရင် ဒီကို
ဗုဒ္ဓဟူးမနက်ရောက်ပါတယ်။တစ်ခါပို့ရင် ၈ ပိဿာပို့ပါတယ်။
လမ်းမှာ ချဉ်ခိုင်းလိုက်တာပေါ့။ တစ်ခါတစ်ရံ မချဉ်သေးဘဲ
ရောက်လာတတ်ပါတယ်။ ဒါမျိုးဆို ရောက်ပြီး ၂ ရက်လောက်မှ
ပြန်ဖြေကြည့်ရပါတယ်။ သား စားပုံကို သိတဲ့ အိသက်မိတ်ဆွေများကဆို
တော်တော်အံ့သြပါတယ်။ ပုစွန်ချဉ်အစိမ်းအတုံးလေးများ၊
သရက်သီးစိမ်းအတုံးလေးများကို ချဉ်ရည်ဟင်း ဒါမှမဟုတ် ဟင်းချိုနဲ့
နယ်ပေးလိုက်ရင် တော်တော်စားပါတယ်။ အိသက်ကိုယ်တိုင်ကလည်း
အချဉ်ကြိုက်လို့ ကလေး ၂ ယောက်လုံး သရက်သီးစိမ်းကြိုက်ပါတယ်။
အငယ်မလေးကတော့ ပုစွန်ချဉ်မစားပါ။ (အသားမစားပါ)။ ခုအိမ်မှာ
ပုစွန်ချဉ်ပြတ်သွားလို့ ရန်ကုန်မှာလည်း ကိုထက်မေမေမအားလို့
ကျွန်မသားရဲ့ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရပါတယ်။
ကျွန်မ ငါးဖယ်ချဉ်ပါမယ်နော်။ လုပ်နည်းတူတူပါပဲနော်။
ပါဝင်ပစ္စည်းများ
.....................
• ငါးဖယ် - ၅၀၀ ဂရမ် (ပုစွန်ဆိုရင် နုပ်နုပ်စဉ်း(သို့)အကောင်လိုက်
ချဉ်နိုင်ပါတယ်။)
• ဆား - ၁၅၀ ဂရမ်
(ဆားများမှ ချဉ်ပါမယ်။ ချဉ်သွားရင် မငန်ပါဘူးနော်)
nam ပေါင်ဒါကို ဆားအစားသုံးရင်၂ ရက်အတွင်းချဉ်ပါမယ်။
(ပေါင်ဒါကို အသားချဉ်ချဉ်ရာမှာလည်း သုံးနိုင်ပါတယ်နော်)
ကျွန်မက သားအစိမ်းအတိုင်းစားမှာမို့ ယမ်းမသုံးချဉ်လို့ပါ။
• ထမင်းကြမ်း - လက်၂ဆုပ်စာ(ထမင်းရိုးရိုးလည်းရပါတယ်)
ပြုလုပ်နည်း
................
၁။ ထမင်းကြမ်း လက်တစ်ဆုပ်ခွဲစာကို ပြဲနေအောင်ချေလိုက်ပါ။
ပြီးရင် ငါးဖယ်ထဲကို ဆားထည့်ချေထားသော ထမင်းကြမ်းထည့်ပြီးနယ်ပါ။
ရိုးရိုး ငါးဖယ်စီးအောင် ပေါက်သလိုပေါက်ပါ (သို့) စီးသည်အထိနယ်ပါ။
၂။ ငါးဖယ်စီးလာရင် အိတ်ထဲထည့်ပြီး ကျစ်နေအောင်စည်းပါ။
ပြီးရင် အောက်ကဗန်းခံ အပေါ်က ပန်းကန်မှောက်ပြီး
ငါးဖယ်ချဉ်လောင်းထုပ်လေးကို တင်ပြီး အလေးတစ်ခုနဲ့ ဖိထားလိုက်ပါ။
မီးဖိုထဲက အပူချိန်အများဆုံးနေရာလေးမှာထားပါ။ ၃ ရက်လောက်ဆိုရင်
အိတ်ထဲမှာ အရည်လေးများထွက်နေပါမယ်။ အဲဒီအခါမှ အပေါက်လေးများ
ဖောက်ပေးပါ။ အရည်လေးများ ဗန်းထဲသို့ကျနေတာ တွေ့ရပါမယ်။
၃။ ပန်းကန်မပါလည်း အဲလို သံဇကာနဲ့ အောက်က ဗန်းခံလို့ရပါတယ်။
၎။ အရည်ကျပြီးနောက် ၂ ရက်လောက်ဆို ချဉ်ပါပြီ။ အရောင်လေးလည်း
ပန်းရောင်ဖျော့ဖျော့ ဖြစ်နေပါပြီ။ အထုပ်လေးကိုတို့ကြည့်ပါ။
ထုတ်ထုတ်လေးဖြစ်ပြီဆိုရင် အသားမြည်းကြည့်ပါ။
၅။ အချဉ်အနေအထား စိတ်ကြိုက်ဖြစ်ရင် အဆင်သင့်ဖြစ်ပါပြီ။
ရာသီဥတု အပူအအေး ပေါ်မူတည်ပြီး ၅ ရက်ကနေ ၇ ရက်ကြာတတ်ပါတယ်။
အဆင်ပြေကြပါစေရှင်။
ချဉ်သွားရင် ဘူးတစ်ဘူးထဲထည့်ပြီး ဆီမြုပ်အောင်ထည့်ထားလိုက်ပါ ။ အကြာကြီးခံပါတယ်။
.......................... ........
Htet Family's Creation
.......................... ........
www.htetfamily.com
ပုံမှန်ပုစွန်ချဉ် လန်ဒန်အိမ်မှာ လုပ်စားဖြစ်တယ်။
ဒါကို လန်ဒန်လာလည်သွားတဲ့ သူ့အဘွား ဒေါ်သဲသဲလှုပ်များက
ပုစွန်ချဉ်ပါပို့တဲ့ ဇာတ်လမ်းစပါတယ်။ ကိုထက်မေမေက ၀ါးခယ်မကပါ။
ပုစွန်ချဉ် နာမည်ကြီးသောဒေသပေါ့။ ကိုထက်မေမေက
ဝါးခယ်မက ပုစွန်ချဉ်ဒိုင်ကို ရှယ်အော်ဒါမှာ ချဉ်ပြီးပြီးခြင်း
ရန်ကုန်ကိုပို့ခိုင်းပါတယ်။
ဆိုင်မှာလည်း အဲဒီပုစွန်ချဉ်ပဲသုံးတာပါ။ (ဒါကကြော်ငြာ)
တနင်္လာမနက်စောစော ကားဂိတ်ကသွားယူ ကျွန်မမေမေက ကျန်တဲ့
သူပို့ချင်သောပစ္စည်းများနဲ့
ဗုဒ္ဓဟူးမနက်ရောက်ပါတယ်။တစ်ခ
လမ်းမှာ ချဉ်ခိုင်းလိုက်တာပေါ့။ တစ်ခါတစ်ရံ မချဉ်သေးဘဲ
ရောက်လာတတ်ပါတယ်။ ဒါမျိုးဆို ရောက်ပြီး ၂ ရက်လောက်မှ
ပြန်ဖြေကြည့်ရပါတယ်။ သား စားပုံကို သိတဲ့ အိသက်မိတ်ဆွေများကဆို
တော်တော်အံ့သြပါတယ်။ ပုစွန်ချဉ်အစိမ်းအတုံးလေးမျ
သရက်သီးစိမ်းအတုံးလေးများကိ
နယ်ပေးလိုက်ရင် တော်တော်စားပါတယ်။ အိသက်ကိုယ်တိုင်ကလည်း
အချဉ်ကြိုက်လို့ ကလေး ၂ ယောက်လုံး သရက်သီးစိမ်းကြိုက်ပါတယ်။
အငယ်မလေးကတော့ ပုစွန်ချဉ်မစားပါ။ (အသားမစားပါ)။ ခုအိမ်မှာ
ပုစွန်ချဉ်ပြတ်သွားလို့ ရန်ကုန်မှာလည်း ကိုထက်မေမေမအားလို့
ကျွန်မသားရဲ့ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရပါတယ်။
ကျွန်မ ငါးဖယ်ချဉ်ပါမယ်နော်။ လုပ်နည်းတူတူပါပဲနော်။
ပါဝင်ပစ္စည်းများ
.....................
• ငါးဖယ် - ၅၀၀ ဂရမ် (ပုစွန်ဆိုရင် နုပ်နုပ်စဉ်း(သို့)အကောင်လိ
ချဉ်နိုင်ပါတယ်။)
• ဆား - ၁၅၀ ဂရမ်
(ဆားများမှ ချဉ်ပါမယ်။ ချဉ်သွားရင် မငန်ပါဘူးနော်)
nam ပေါင်ဒါကို ဆားအစားသုံးရင်၂ ရက်အတွင်းချဉ်ပါမယ်။
(ပေါင်ဒါကို အသားချဉ်ချဉ်ရာမှာလည်း သုံးနိုင်ပါတယ်နော်)
ကျွန်မက သားအစိမ်းအတိုင်းစားမှာမို့
• ထမင်းကြမ်း - လက်၂ဆုပ်စာ(ထမင်းရိုးရိုးလည
ပြုလုပ်နည်း
................
၁။ ထမင်းကြမ်း လက်တစ်ဆုပ်ခွဲစာကို ပြဲနေအောင်ချေလိုက်ပါ။
ပြီးရင် ငါးဖယ်ထဲကို ဆားထည့်ချေထားသော ထမင်းကြမ်းထည့်ပြီးနယ်ပါ။
ရိုးရိုး ငါးဖယ်စီးအောင် ပေါက်သလိုပေါက်ပါ (သို့) စီးသည်အထိနယ်ပါ။
၂။ ငါးဖယ်စီးလာရင် အိတ်ထဲထည့်ပြီး ကျစ်နေအောင်စည်းပါ။
ပြီးရင် အောက်ကဗန်းခံ အပေါ်က ပန်းကန်မှောက်ပြီး
ငါးဖယ်ချဉ်လောင်းထုပ်လေးကို
မီးဖိုထဲက အပူချိန်အများဆုံးနေရာလေးမှ
အိတ်ထဲမှာ အရည်လေးများထွက်နေပါမယ်။ အဲဒီအခါမှ အပေါက်လေးများ
ဖောက်ပေးပါ။ အရည်လေးများ ဗန်းထဲသို့ကျနေတာ တွေ့ရပါမယ်။
၃။ ပန်းကန်မပါလည်း အဲလို သံဇကာနဲ့ အောက်က ဗန်းခံလို့ရပါတယ်။
၎။ အရည်ကျပြီးနောက် ၂ ရက်လောက်ဆို ချဉ်ပါပြီ။ အရောင်လေးလည်း
ပန်းရောင်ဖျော့ဖျော့ ဖြစ်နေပါပြီ။ အထုပ်လေးကိုတို့ကြည့်ပါ။
ထုတ်ထုတ်လေးဖြစ်ပြီဆိုရင် အသားမြည်းကြည့်ပါ။
၅။ အချဉ်အနေအထား စိတ်ကြိုက်ဖြစ်ရင် အဆင်သင့်ဖြစ်ပါပြီ။
ရာသီဥတု အပူအအေး ပေါ်မူတည်ပြီး ၅ ရက်ကနေ ၇ ရက်ကြာတတ်ပါတယ်။
အဆင်ပြေကြပါစေရှင်။
ချဉ်သွားရင် ဘူးတစ်ဘူးထဲထည့်ပြီး ဆီမြုပ်အောင်ထည့်ထားလိုက်ပါ
..........................
Htet Family's Creation
..........................
www.htetfamily.com
No comments:
Post a Comment