Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 3, 2013

သွေးတိုး ………



သွေးတိုးရောဂါကို မိမိတွင် သွေးတိုးရောဂါရှိနေကြောင်းကို လူအများ ၃၅ ရာခိုင်နှုန်းသည့် ထိုရောဂါရှိနေတယ်ဆိုတာ မသိကြသူများဖြစ်နေကြပါတယ် ။ရှိနေတာကိုမသိတော့ သွေးတိုးရောဂါကိုပိုမိုဆိုးဝါးစေသည့် အစားသောက်တွေကိုလည်း မရှောင် ၊ဒါကြောင့် အခုခေတ်တွင်သွေးတိုးကြောင့်နောက်ဆက်တွဲကျန်းမာရေးပြသနာများဖြစ်ပေါ်ပြီး သန်စွမ်းခြင်းများကိုပင် မလုပ်ဆောင်နိုင်သည့် အခြေအနေအရပ်ရပ်သို့ ပင်ရောက်ရှိနေကြပါသည် ။
သွေးတိုးနှင့်ပတ်သက်သည့်အကြောင်းအရာများနှင့် ဆောင်ရန်ရှောင်ရန် စားသောက်သင့်သည့်များကိုလည်း Mg Mandalay မှ ကျန်းမာရေး အသိများကို ရေးသားတင်ပြခဲ့ပါသည် ။

သို့ သော်လည်း အသိမမြင် သတိမဝင်တော့ အသက်ကိုပင်ပေးခဲ့ရသည်အဖြစ်ပျက်များကို သင်နေထိုင်သည့် လူအသိုင်းအဝန်းမှာ များစွာတွေ့ ကြုံခဲ့ကြမှာပါ ။

သွေးတိုးရောဂါ မခံစားရသူတွေမှာ သတိမမုတော့ ဘာလက္ခဏာမှ မပြသူ မခံစားဘူးသူ များပါတယ် ။ ခံစားရသူများ တွေမှာ ခေါင်းကိုက်ခဲခြင်း ၊ ဇက်ကြောတက်ခြင်း ၊ မူးနောက်နေသည့် ခံစားချက်များ ဖြစ်ပေါ်နေခြင်း၊ အမြင်အာရုံတွေ ဝါးတားတား ဖြစ်လာခြင်း နှင့်အတူ အသက်ရှုနှုန်းမြန်လာခြင်းဆိုသည့် ရောဂါခံစားမှု့ တွေဖြစ်ပါတယ် ။

မသိမသာဖြစ်ပေါ်လာပြီးနောက်ကြာလာသည့် အခါတွင် နောက်ဆက်တွဲ ဆိုးကျိုးများသည့် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းပါတယ် ။ 

နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ …….
နှလုံးသွေးကြောကျဉ်းလာခြင်း  
ဦးနှောက်သွေးကြောပိတ်ခြင်း ပေါက်ခြင်း ၊ 
မျက်နှာဖောယောင်လာခြင်း ၊ 
ကျောက်ကပ်လုပ်ဆောင်မူ့ အားနည်းလာခြင်း ပျက်ဆီးခြင်း နှင့်
မျက်စိအမြင်အာရုံ ချိုယွင်းပျက်ဆီးလာခြင်းတို့ ဖြစ်ပါတယ် ။

သွေးတိုးရောဂါထိန်းချုပ်နိုင်စေရန် လိုက်နာသင့်သည်မှာ -
ကိုယ့်အလေးချိန် အဝ မလွန်မိစေရန် မိမိတို့ ထိန်းသိမ်းထားရပါမည် ။
လမ်းလျှောက်သည့်အခါ လမ်းမြန်မြန်လျှောက်ခြင်း ၊ စက်ဘီးစီးခြင်း ၊ ရေကူးခြင်း ၊ မနက်ခင်း လေဝင်ထွက်ကောင်းသော နေရာတွင် ၁၀ မိနစ်ခန့် လေပြင်းပြင်းအသက်ရှူ ထုတ်ပြု့ လုပ်ပေးခြင်း နှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်နေ့ လျှင် ပုံမှန် မိနစ် ၂၀ ထက် မနည်းလုပ်ဆောင်သင့်ပါသည် ။

မိမိခန္ဓာကိုယ့် အရပ်အမောင်း နှင့် ရှိသင့်သည့် ကိုယ့်အလေးချိန်ကို သိရှိနိုင်စေရန် ပုံပါ အတိုင်းလုပ်ဆောင်ပြိး သွေးတိုးရောဂါဘေးကို ထိန်းသိမ်းနိုင်ကြပါစေ ။

အသက်ရာကျော်ရှည်ပါစေ

No comments:

Post a Comment