Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, September 13, 2013
အိန္ဒိယက လူမဆန်တဲ့လူလေးယောက်ကိုဒေလီတရားရုံးက သေဒဏ်ချလိုက်ပြီ
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး) 
အိန္ဒိယမှာ အသက်၂၃ နှစ်အရွယ်အမျိုးသမီးကို အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ကြတဲ့ကြောက်မက်ဖွယ်အမှုဖြစ်ပွားပြီး ၉လအကြာမှာတော့ ကျူးလွန်ခဲ့သူလေးဦးကို ဒေလီတရားရုံးကသေဒဏ်ချမှတ်လိုက်ပါပြီ။
တရားသူကြီးက  ဒီလိုလူမဆန်တဲ့ပြစ်မှုကျူးလွန်ခဲ့သူအားလုံးကို ခွင့်လွှတ်ညှာတာစရာအကြောင်းမရှိပါဘူး။ ကျူးလွန်ခဲ့သူအားလုံးကိုသေဒဏ်ချမှတ်ပါတယ်လို့ ပြောပါတယ်။
သွားနေတဲ့ဘတ်စ်ကားပေါ်မှာအမျိုးသမီးနဲ့ သူ့ အမျိုးသားအဖော်ကို ရက်ရက်စက်စက်ကျူးလွန်ခဲ့ကြပြီး  သံဒုတ်နဲ့ ထိုးတာကြောင့် အမျိုးသမီးငယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေအပြင်ထွက်ခဲ့ရ တယ်လို့ တရားရုံး ကမှတ်ချက် ပေးပါတယ်။ အမြန်နှုန်းနဲ့ သွားနေတဲ့ကားပေါ်ကနေ ပစ်ချခဲ့ကြပြီး ကားနဲ့ တက်ကြိတ်ဖို့ ကြိုး စားခဲ့ကြပါသေး တယ်။ အမျိုးသမီးငယ်ဟာ အ၀တ်အစားမဲ့၊ဒဏ်ရာအပြင်း အထန်နဲ့ သွေးလွန်ပြီးဆောင်းတွင်းအေးအေး ထဲ မှာ တုန်ခိုက် ပြီးလမ်းပေါ်မှာကျန်ခဲ့ရပါတယ်။
ကျူးလွန်ခဲ့သူတွေက  ဆင်း၂၆နှစ်၊ဗင်နေရှားမာ၂၀နှစ်၊ပါဝန်ဂုပါတာ၁၉နှစ်နဲ့ အာခ်ရှေသာခါ ၂၈နှစ်တို့ ဖြစ် ကြပါတယ်။ သူတို့ ခုလိုသွေးအေးအေးနဲ့ ရက်စက်လှတဲ့ရာဇ၀တ်မှုကြီးကိုကျူးလွန်ခဲ့ကြတယ်ဆိုတာ သက်သေ ခိုင်ခိုင်လုံလုံရှိတယ်လို့ တရားရုံးကဆိုပါတယ်။
ကျူးလွန်ခဲ့တဲ့အထဲက အသက်၁၈နှစ်မပြည့်သေးတဲ့တယောက် ကိုတော့ပြန်လည်ပြုပြင်ရေး စခန်းမှာ သုံးနှစ် နေထိုင်ဖို့ လွှဲလိုက်ပါတယ်။
အဓိကတရားခံထဲကတယောက်ဖြစ်တဲ့ ရမ်ဆင်းကတော့ မတ်၁၁ ရက်နေ့ ကအချုပ်မှာသူ့ ကိုယ်သူဆွဲကြိုးချ သတ်သေသွားခဲ့ပါတယ်။
တရားခံလေးယောက်ရဲ့ ရှေ့ နေတွေက တရားခံတွေဟာအသက်ငယ်ရွယ်တာကတကြောင်း၊ယခင်ကရာဇ၀တ်မှုကျူးလွန်ခဲ့တဲ့မှတ်တမ်းမရှိတာကြောင့် 
ပြစ်ဒဏ်ကိုပြင်ဆင်ပေးဖို့ လျှောက်လဲခဲ့ကြပေမယ့်တရားရုံးကအသနားခံချက်ကိုပယ်ချခဲ့ပါတယ်။
နယူးဒေလီကဆန္ဒပြပွဲ
 ဒီဇင်ဘာ၁၆၂၀၁၂ မှာဖြစ်ပွားခဲ့တဲ့ဒီအုပ်စုဖွဲ့ ရက်စက်စွာမုဒိန်းကျင့်ခဲ့ပြစ်မှုကြီးဟာ အိန္ဒိယလူထုကြီး ကိုဒေါသ ထွက်စေခဲ့တယ်။ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးကိုအစိုးရကကာကွယ်ပေးဖို့  လူထောင်နဲ့ သောင်းနဲ့ ချီပြီး လမ်းမတွေထွက်ဆန္ဒပြခဲ့ကြပါတယ်။
 ရက်ရက်စက်စက်ပြုကျင့်ခြင်းခံလိုက်ရသူအမျိုးသမီးငယ်လေးဟာဆေးပညာရပ်ကျောင်းသူတဦးဖြစ်ပြီး သူ့ ကို စင်္ကာပူအထိသွားရောက်ကုသခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ဒီဇင်ဘာ ၂၉ ရက်နေ့ မှာ ကွယ်လွန်ခဲ့ပါတယ်။
အုပ်စုဖွဲ့ မုဒိန်းကျင့်၊လူသတ်၊လူသတ်ရန်ကြံစီ၊လူမဆန်တဲ့နဲ့ နည်းလမ်းတွေနဲ့ ပြုကျင့်မှု၊ သက်သေခံ ပစ္စည်းဖျောက် ဖျက်မှု၊အပြင်းအထန်နာကျင်စေ မှု စတဲ့စွဲချက်များစွာနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ တရားရုံးက အမျိုးသမီးလေး ရဲ့ ထွက်ဆိုချက် သူမအမျိုးသားအဖော်ရဲ့ ထွက်ဆိုချက်၊ ဒီအင်အေစစ်ဆေး ချက်နဲ့ အခြားမှုခင်းဆိုင်ရာ အထောက်အထားတွေကိုမူတည်ပြီးအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)
 http://www.hindustantimes.com/Images/Popup/2013/9/Saket-district-court_5.jpg
Source
No comments:
Post a Comment