နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက စိုက်ပျိုးရေးဆိုင်ရာ ကောလိပ်တခုမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ၀င်ရောက် ပစ်ခတ် ခဲ့တဲ့ အတွက် ကျောင်းသူကျောင်းသား အနည်းဆုံး အယောက် ၄၀လောက် သေဆုံး ခဲ့တယ်လို့ နိုင်ဂျီးရီးယား စစ်တပ်ကပြောပါတယ်။
အဆိုပါ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ Boko Haram အဖွဲ့ဖြစ်နိုင်တယ် လို့ ဆိုပါ တယ်။
နိုင်ဂျီးရီးယား စစ်တပ်ရဲ့ အဆိုအရ လက်နက်ကိုင်သမားတွေဟာ ညအချိန် အိပ်ပျော်နေတဲ့ ကျောင်း သားတွေ ကို ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျောင်းစာသင်ခန်းတွေကိုလည်း မီးရှို့ခဲ့တယ်လို့ ပြောပါ တယ်။
လက်ရှိအခြေအနေအရ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နိုင်ငံဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်ကို အရေးပေါ် အခြေ အနေ ကြေညာ ထား တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ အီရန်နိုင်ငံ Baghdad မြို့မှာလည်း အသေခံဗုံးခွဲမှုတစ်ခုကြောင့် လူပေါင်း ၂၄ဦးသေ ဆုံးခဲ့ပြီး ၂၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခု အသေခံ ဗုံးခွဲတိုက်ခိုက် မှုနဲ့ဆိုရင် စက်တင် ဘာလ အတွင်းမှာပဲ ပဋိပက္ခကြောင့် သေဆုံးသူအယောက်ပေါင်း ၇၉၀ ရှိသွားပြီး ဒီတနှစ်အတွင်းဆိုရင် သေဆုံးသူ အယောက်ပေါင်း ၄၆၀၀ ကျော်သွားပြီးလို့သိရပါတယ်။
ABC Radio Australi
No comments:
Post a Comment