-ဆေးမင်ကြောင် ထိုးထားတဲ့ အရေ ပြားကို တိုက်စားပစ်ခြင်း၊ လေဆာ နှင့်
ဖျက်ခြင်းတို့ ပြုလုပ်နိုင် ပါတယ်။ အရောင်ပါတဲ့ ဆေးမင်တွေ ကိုတော့
တစ်ကြိမ်တည်းနှင့် အပြီးသတ်မဖျက် နိုင်ဘဲ အကြိမ်ကြိမ်ဖျက်ပေး ရပါတယ်။
မည်သည့် နည်းကို အသုံးပြုသည် ဖြစ်စေ ဆေးမင်ကြောင်ထိုး ထားတဲ့ အသားအရေဟာ
နဂိုမူလအတိုင်း ပြန်မရတော့ပါဘူး။
-ဆေးမင်ရောင်အမျိုးမျိုးအတွက် လေဆာရောင်ခြည် အမျိုးမျိုးသုံးရပါ
တယ်။လေဆာသုံးဖျက်ပြီးစမှာ အရေ ပြားဟာ ဖြူဖျော့ဖျော့ကျန်ခဲ့ပြီး ပုံမှန်
အရောင်ပြန်ရဖို့ အချိန်အတန် ကြာ စောင့်ရပါတယ်။
-လေဆာရောင်ခြည်ဟာ ဆေးမင် တွေကို ဖြိုခွဲပစ်တာကြောင့် မင်မှာပါ သည့်
ပစ္စည်းများ အစိတ်စိတ်အမွှာမွှာ ပြိုကွဲတဲ့အခါ ဓါတုပစ္စည်းတစ်ခုကို
ဓါတ်မတည့်မှုဖြစ်ပေါ်ပြီး အရေပြား ပေါ်မှာ အရည်ကြည်ဖုတွေ ပေါက် လာတတ်ပါတယ်။
ဂရုတစိုက် ကုသ မယ်ဆိုလျှင်တော့ အရည်ဖုတွေ သက်သာပျောက်ကင်းနိုင်ပါတယ်။
-လေဆာရောင်ခြည်ဟာ မည်မျှဘေး ကင်းတယ်ဆိုစေ အနာရွတ်ကျန်ခဲ့နိုင် ပါတယ်။
-မြန်မာနိုင်ငံမှာ လတ်တလောခေတ် စားလာတဲ့ ယာယီဆေးမင် (tempo rary tatoo)
တွေဟာလည်း ဓါတ်မ တည့်မှုဖြစ်ပေါ်စေပြီး အနာတွေဖြစ် တတ်ပါတယ်။ ယာယီဆေးမင်မှာ
အသုံးပြုတဲ့ အရောင်ဆိုးဆေးဟာ ဆံပင်ဆေးဆိုးဖို့အတွက်သာ သင့် တော်ပြီး
အရေပြားမှာ အသုံးမပြုသင့် ကြောင်း ဥရောပနှင့် အမေရိကနိုင်ငံ များမှာ
ပိတ်ပင်ထားပါတယ်။
-ဆေးမင်ကြောင်ဖျက်နည်းတွေ မည် မျှဆန်းသစ်သည်ဆိုစေ၊ နဂိုမူလ အရေပြားအတိုင်း
ပြန်မဖြစ်နိုင်တော့ သည့်အတွက် အစကတည်းက ဆေးမင်ကြောင်းမထိုးမိဖို့ ဆင်ခြင်
သင့်ပါတယ်။
ဇော်ကို
Source:RD
Health Updates Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, September 4, 2013
ဆေးမင်ကြောင် ဖျက်နည်းများ
Reviewed by VC
on
September 04, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment