Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 25, 2013

အိမ်၊ ခြံ၊ မြေ စံဈေးနှုန်းသတ်မှတ်ချက် ပြောင်းလဲနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၄

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ စံနှုန်း သတ်မှတ်ခြင်းမှာ နှုန်းသေမဟုတ်ဘဲ မြို့နယ်အလိုက် ပေါက်ဈေးပြောင်းလဲမှု အပေါ်မူတည်၍ သတ်မှတ်နှုန်းထားများ ပြောင်းလဲမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က The Voice သို့ ပြောကြားသည်။

ယင်းသို့ ဈေးနှုန်းပြောင်းလဲခြင်း များသည် အချိန်အကန့်အသတ် မရှိဘဲ ပြောင်းလဲမှုရှိလျှင် ရှိချင်း အခွန်စံနှုန်းများကို ပြောင်းလဲသတ်မှတ်မည် ဖြစ်ကြောင်း ဦးကျော်ကျော်က ဆိုသည်။
"ဈေးနှုန်းပြောင်းလဲတဲ့ မြို့နယ်ကိုပဲ ပြောင်းလဲမှာပါ။ ဘာမှ ပြောင်းလဲမှုမရှိတဲ့ မြို့နယ်တွေ ကိုတော့ မပြောင်းပါဘူး။ ဒီစံနှုန်းက ကိန်းသေ မဟုတ်ပါဘူး" ဟု ၄င်းက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးသတ် မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ် ရန်မဟုတ်ဘဲ အခွန်အပြည့်အဝ ကောက်ခံ ရရှိနိုင်ရန်အတွက်သာ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားထားသည်။

အခွန်ဆောင်ရန် မြေဈေးစံနှုန်းသတ် မှတ်ခြင်းကြောင့် လတ်တလော အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်းတွင် ဈေးနှုန်း အပြောင်းအလဲ မရှိသေးသော်လည်း အရောင်းအဝယ်မှာ အေးစက်လျက်ရှိ ကြောင်း ဇေယျာမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးမင်းမင်းက ပြောဆိုသည်။

လက်ရှိ မြေဈေးသတ်မှတ်ချက် အမြင့်ဆုံးမှာ တစ်ပေပတ်လည်လျှင် ကျပ် ၃၂၅,၀၀၀ မှ ကျပ် ၃၅,၀၀၀ သတ်မှတ်ထား သည့် ဗဟန်းမြို့နယ်ဖြစ်ပြီး အနည်းဆုံး သတ်မှတ်ချက်မှာ တစ်ပေပတ်လည် ၂၀၀ ကျပ် မှ ၁၁၀၀ ကျပ်ထိ သတ်မှတ်ထားသော ခရမ်းမြို့နယ် ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်ထုတ်ပြန်ရေးရုံး ကြေညာချက်အရ သိရသည်။

No comments:

Post a Comment