Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

မော်တော်ယာဉ်များ အပြိုင်အဆိုင် ဈေးနှုန်းလျှော့ရောင်းမည့် အကြီးဆုံး ကားပြပွဲကြီး ကျင်းပမည်



မော်တော်ယာဉ်များကို အပြိုင်အဆိုင် ဈေးနှုန်းလျှော့၍ ရောင်းချမည့် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အစည်ကားဆုံး ဖြစ်မည့် Yangon International Auto Show သို့မဟုတ် မိုင်ဒါကွင်း ကားပြပွဲကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Yangon International Auto Show သို့မဟုတ် မိုင်ဒါကွင်းကားပြပွဲကြီးကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၂ဝ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း (မြို့မကွင်း)ကြီးတွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် ကားနှင့်ဆက်စပ်ပစ္စည်း ပြခန်းပေါင်း ၄ဝဝ ကျော်ဖြင့် ကျင်းပပြသ သွားမည်ဖြစ်ပြီး ယင်းပြပွဲ၏ ထူးခြားချက်မှာ ကားပြပွဲသို့ လာရောက် ကြည့်ရှုရုံဖြင့် လူတစ်ဦးလျှင် ကံစမ်းမဲ တစ်စောင် အခမဲ့ ရရှိမည်ဖြစ်သည်။ ''ဒီပြပွဲရဲ့ ထူးခြားချက်က ကားတစ်စီး ဝယ်ယူရုံ သို့မဟုတ် မှာယူရုံနဲ့ အထူး ကံစမ်းမဲ လက်မှတ်တစ်စောင် ရရှိမှာ ဖြစ်ပါတယ်။ ဆုမဲတွေက ပထမဆု Toyota ကားသစ်တစ်စီး ပါရှိမှာပါ။ အခြားဆုမဲတွေက တီဗွီ၊ ရေခဲသေတ္တာ၊ ဒီဗွီဒီ၊ ထမင်းပေါင်းအိုးနဲ့ အခြားဆုမဲ ၁ဝဝ ကျော်အား နေ့စဉ်ဖွင့်လှစ် ပေးသွားမှာဖြစ်တယ်''ဟု Smart Business Group ပြပွဲကျင်းပရေး ကော်မတီမှ Managing Director ဦးအောင်ဖုန်းမြင့်က ပြောသည်။

ပြပွဲကြီးတွင် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ရရှိသူများ၊ မော်တော်ယာဉ် အကျိုးဆောင် ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများ၊ ကားအရောင်းပြခန်းများမှ အိမ်စီးနှင့် လုပ်ငန်းသုံးယာဉ် များ၊ စက်ယာဉ်ယန္တရားကြီးများ၊ ကားဘက်ထရီနှင့် ကားတာယာများ၊ ကားအင်ဂျင်ဝိုင်နှင့် အခြားစက်ဆီ၊ ချောဆီ ရောင်းဝယ်ရေး လုပ်ငန်းများ၊ ကားအလှဆင်ပစ္စည်းများ၊ ကားကက်ဆက်၊ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကား အပိုပစ္စည်းများ၊ ကားတာယာ ကွန်ပေါင်းပန်းတင် လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းနှင့် ပစ္စည်းများအား အရောင်းပြခန်းများ ဖွင့်လှစ်၍ ပြ သရောင်းချ သွားမည်ဖြစ်ကြောင်းနှင့် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကားပြပွဲ ကြီးတွင် Car Show Room များ၊ ကားကုမ္ပဏီများ သာမက ကားဝယ်ရောင်းများ၊ ကားပွဲစားများနှင့် မိမိတို့၏ အိမ်စီးကားများ ရောင်းချလိုသော တစ်ဦးချင်း ယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း ပြပွဲအတွင်း သတ်မှတ်နှုန်းထား ပေးသွင်း၍ ပါဝင်ပြသ ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
မြဝတီ

No comments:

Post a Comment