Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

မန္တလေးတိုင်း ဒေသကြီးတွင် ခိုးကူးအမှု ရုံးချိန်းနဲ့ ပတ်သက်ပြီး မန္တလေး ကိုသွားရာ အစဉ်မပြေကြောင်း သားစိုးပြော



မြန်မာနိုင်ငံ ဂီတအစည်းအရုံး အနေနဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီးတွင် ခိုးကူး သွားရောက်ဖမ်းဆီးခဲ့ပြီး အဲဒီနေ့မှာ ပဲ အမှုဖွင့်ခဲ့ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ အဆိုပါအမှု 
ရုံးချိန်းနဲ့ပတ်သက်ပြီး မန္တလေးကို သွားရာ အဆင်မပြေမှုတွေရှိခဲ့ ကြောင်း သိရပါတယ်။ အဆိုပါကိစ္စ နဲ့စပ်လျဉ်း၍ ဂီတအစည်းအရုံးရဲ့ မူပိုင်ခွင့်နှင့် ကာကွယ်တားဆီးရေး ကော်မတီမှ အတွင်းရေးမှူး ကိုသားစိုးက..

"မန္တလေးခရိုင်တရားရုံးမှာ အမှုဖွင့်ခဲ့ ပါတယ်။ မန္တလေးက အဲဒီအမှုကို စစ်တဲ့ တွဲဖက်ခရိုင်တရားသူကြီး က ၂ဝ ရက်နေ့တွေ့မယ်လို့ ချိန်းထားကြတာပါ။ ၁၉ ရက်နေ့ည ကအထိ Confirm ဖြစ် တယ်။ ဒီနေ့ မနက်ရောက်တော့မှ ရှောင်တခင် ခွင့်ဆိုပြီး ဖျက်လိုက်တယ်။ ဖျက် လိုက်တော့ ကျွန်တော်တို့အနေနဲ့ ဒုက္ခရောက် တာပေါ့။ အဝေးကြီးက နေ ကျွန်တော်တို့က လာရတာလေ။ ဒါကြောင့် အဆင်မပြေတဲ့ အတွက် ပြည်သူ့လွှတ်တော်နဲ့ အားကစား ရေးရာကော်မတီ ကို အကူအညီလှမ်း တောင်းတော့ ဒီလိုအဆင်မပြေမှု တွေအတွက် ပိုပြီးအဆင်ပြေချောမွေ့ အောင်ရယ်၊ ပိုပြီး မြန်ဆန်အောင် လုပ်ဖို့အတွက် 
မန္တလေးတိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ လမ်း ညွှန်ပေးတယ်။ ကျွန်တော်တို့ ဒီနေ့ သွားမယ်။ ကျွန်တော်တို့ ဂီတ အစည်းအရုံးဘက် ကတော့ အတတ် နိုင်ဆုံး ကြိုးစားသွားမယ်" လို့ ပြော ပါတယ်။
မှ-Popular Journal

No comments:

Post a Comment