Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 22, 2013

မြို့တော်ခန်းမရှေ့ အလုပ်သမားသပိတ်စခန်းရောက် ကိုဌေးကြွယ်

“ဒီကနေ့ အစိုးရကနေ ပြုပြင်ပြောင်းလဲနေပါပြီဆိုတဲ့ ဒီမိုကရေစီရေး ဖြစ်စဉ်မှာ ပြည်သူတွေမှာ ရပိုင်ခွင့်ရှိတယ်။ အလုပ်သမားတွေမှာလည်း အလုပ်သမား အခွင့်အရေးရှိတယ်။ လယ်သမားတွေမှာလည်း လယ်သမားအခွင့်အရေး ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြရမှာ ဖြစ်ပါတယ်။ ဘယ်လို အခက်အခဲမျိုးပဲရှိရှိ ရပိုင်ခွင့်တွေကို တောင်းဆိုနေတာဟာ ကျနော်အားလုံး တသားတည်း ရှိနေပါတယ်။ ခင်ဗျားတို့ချည်းပဲ မဟုတ်ဘူး။ ဒီမှာ ရောက်ရှိနေတဲ့ အင်းအားစုပေါင်းစုံ ရှိနေပါတယ်။ ငြိမ်းချမ်းစွာနဲ့ ကိုယ့်ရဲ့ရပိုင်ခွင့်ကို တောင်းတာဟာ ဒီမိုကရေစီမှာ အဓိကကျတဲ့ အကြောင်းပါ။ ဒါကို အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင် ဒါဟာ မတရားမှုပါ။ ဒါဟာ ဥပဒေကို ကျော်လွန်ခြင်းပါလို့ပဲ ကျနော် ပြောချင်ပါတယ်” (ကိုဌေးကြွယ်)

The Myanma Age ရန်ကုန်၊ စက်တင်ဘာ ၂၂

မြို့ တော်ခန်းမရှေ့ သပိတ်စခန်း(၂၂ စက်တင်ဘာ ၂၀၁၃)

Kyaw Swar Myint
၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ကိုဌေးကြွယ် ၊ ကိုအောင်သူတို. သပိတ်စခန်းသို့ ညပိုင်းတွင်လာရောက်ပြီး ဆန္ဒပြအလုပ်သမားများနှင့် အလုပ်ရှင်တို့အကြား ၀င်ရောက်ကူညီဖြေရှင်းပေးမည်ဟု ပြောကြားစဉ်။

ရွှေနိုင်ငံသစ်သတင်းအဖွဲ့
ဓာတ်ပုံ - ကိုဖြိုးကြီး (မြတ်စံ)Myat Khine


ကျွန်တော်တို.တတ်စွမ်းသမျှပ
==================
ဆူးလေပန်းခြံရှေ.က ဆန္ဒထုတ်ဖော်နေကြတဲ့ အလုပ်သမားလူငယ်တွေနဲ.အတူ
သွားရောက် အားပေးခဲ့ကြပါတယ်။ တာဝန်ရှိသူတွေအနေနဲ.လည်း အကြမ်းဖက်
နှိမ်နင်းဖြိုခွဲမှုတွေ မလုပ်စေချင်တဲ့အတွက် မေတ္တာရပ်ခံခြင်း ၀ိုင်းရံပေးခြင်းပါ။
ဒါတွေဟာ ကျွန်တော်တို. တတ်စွမ်းသရွေ.ပါ။ ကျွန်တော်တို.တိုင်းပြည်မှာလက်နက်နဲ.
အင်အားသုံးဖြေရှင်းခြင်းဆိုတာတွေ လုံးဝမဖြစ်ပေါ်စေချင်တော့ပါဘူး။
 
သရုပ်ဆောင် ဇင်ဝိုင်းမှ သပိတ်စခန်းသို့ လာရောက်ပြီး ဆန္ဒပြအလုပ်သမားများကို လာရောက်အားပေးစကားပြောကြားစဉ်။

ရွှေနိုင်ငံသစ်သတင်းအဖွဲ့
ဓာတ်ပုံ - ကိုဖြိုးကြီး (မြတ်စံ)

 
အခြေခံလူတန်းစားပြည်သူတွေဟာ ထမင်းရှင်တွေပါ၊ ဒါကြောင့် ပြည်သူတွေရဲ.
နစ်နာမှုတွေ ဒုက္ခတွေဟာ ကျွန်တော်တို. ဒုက္ခတွေပါပဲလို. လာရောက်အားပေးတဲ့
ရဲဘော်ကြီး ကိုဇင်ဝိုင်း။

No comments:

Post a Comment