Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

ယိုးဒယားစတိုင် အမဲအူကြမ်းစွပ်ပြုတ်နှင့်အမဲအူကြမ်းသုပ်


အမဲအူကြမ်းစွပ်ပြုတ် 

အမဲအူကြမ်းများကို ဆားနဲ့ပွတ်ပြီးရေအထပ်ထပ် ဆေးပေးပါ။မညှီအောင်မကျည်းသီးမှည့်ဖြင့် ထပ်ပြီးပွတ်ဆေးပြီးလျှင် အမဲအူကြမ်းများကို အနေတော်အရွယ် အတုံးလေးများတုံးကာ ဆား၊ငံပြာရည်နှင့် ကြက်သွန်ဖြူနှင့်ဂျင်းကို ညက်အောင်ထောင်း၍ အရည်ညှစ်ထည့်ပြီး နယ်ထားပါ။ပြီးလျှင် အိုးတစ်လုံးထဲတွင် ရေအသင့်အတင့်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ရေများ ပွက်ပွက်ဆူလာလျှင် ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ဂျင်း၊စပါးလင်နှင့် နယ်ထားသော အမဲအူကြမ်းများကို ထည့်ပြီး အဖုံးအုပ်၍ နူးအောင်တည်ထားပါ။ ရေများပွက်ပွက်ဆူလာလျှင် အပေါ်ယံအဆီများကိုခတ်ထုတ်ပြစ်ပါ။အမဲအူကြမ်းများနူးခါနီးတွင် ဆား၊ငံပြာရည်၊ငရုတ်ကောင်း အနည်းငယ်ဆီနှင့် ကြက်သွန်နီဥ ၃ ဥလောက်အခွံနွှာပြီး အလုံးလိုက်ထည့်ပါ။အမဲအူကြမ်းများနူးလာလျှင် ခြစ်ထားသော မုန်လာဥနီအနည်းငယ်၊မညက်တညတ်ထောင်းထားသော ငရုတ်သီးစိမ်း၊ရှောက်ရွက်/နံနံပင်/ကြက်သွန်မိတ်နှင့်သံပုရာသီး တို့ကိုထည့်၍ အပေါ့၊အငံ၊အချဉ်၊အစပ် မြည်းကာ မွှေးပျံ့ပြီးချဉ်ငံစပ်အရသာကောင်းမွန်သော အမဲအူကြမ်းစွပ်ပြုတ်ကို အမဲအူကြမ်းသုပ်လေးနှင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။

အမဲအူကြမ်းသုပ် 

အမဲအူကြမ်းများကို ဆားနဲ့ပွတ်ပြီးရေအထပ်ထပ် ဆေးပေးပါ။မညှီအောင်မကျည်းသီးမှည့်ဖြင့် ထပ်ပြီးပွတ်ဆေးပြီးလျှင် အမဲအူကြမ်းများကို ပြုတ်မည့်အိုးထဲသို့ကာ ဆား၊ကြက်သွန်ဖြူနှင့်ဂျင်းတို့ကို ညက်အောင်ထောင်း၍ အရည်ညှစ်ထည့်ပြီး ရေမြုတ်အောင်ထည့်၍ အဖုံးအုပ်ကာ နူးအောင်တည်ထားပါ။ ရေများပွက်ပွက်ဆူလာလျှင် အပေါ်ယံအဆီများကိုခတ်ထုတ်ပြစ်ပါ။အမဲအူကြမ်းများနူးလာလျှင် အိုးထဲမှဆယ်ထုတ်ပြီး အနေတော်အရွယ် အတုံးလေးများတုံးကာ သုပ်မည့်ဇလုံထဲသို့ထည့်ပါ။ ပြီးလျှင် ခြစ်ထားသော မုန်လာဥနီအနည်းငယ်၊ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊ရှောက်ရွက်/နံနံပင်/ကြက်သွန်မိတ်နှင့် ဆီနှင့်ကြော်ထားသော ငရုတ်သီးအကြမ်းဖက်၊ကြက်သွန်နီကြော်၊ငံပြာရည်၊သကြား၊ဆားအနည်းငယ်ဆီနှင့် သံပုရာရည်ညှစ်ကာ အားလုံးရောနယ်၍ နှံ့အောင်သုပ်ပြီးလျှင် အပေါ့၊အငံ၊အချဉ်၊အစပ် မြည်းကာ မွှေးပျံ့ပြီးချဉ်ငံစပ်အရသာကောင်းမွန်သော အမဲအူကြမ်းသုပ်လေးကို အမဲအူကြမ်းစွပ်ပြုတ်လေးနှင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။
 ယိုးဒယားစတိုင် အမဲအူကြမ်းသုပ်

အမဲအူကြမ်းများကို ဆားနဲ့ပွတ်ပြီးရေအထပ်ထပ် ဆေးပေးပါ။မညှီအောင်မကျည်းသီးမှည့်ဖြင့် ထပ်ပြီးပွတ်ဆေးပြီးလျှင် အမဲအူကြမ်းများကို ပြုတ်မည့်အိုးထဲသို့ကာ ဆား၊ကြက်သွန်ဖြူနှင့်ဂျင်းတို့ကို ညက်အောင်ထောင်း၍ အရည်ညှစ်ထည့်ပြီး ရေမြုတ်အောင်ထည့်၍ အဖုံးအုပ်ကာ နူးအောင်တည်ထားပါ။ ရေများပွက်ပွက်ဆူလာလျှင် အပေါ်ယံအဆီများကိုခတ်ထုတ်ပြစ်ပါ။အမဲအူကြမ်းများနူးလာလျှင် အိုးထဲမှဆယ်ထုတ်ပြီး အနေတော်အရွယ်အတုံးလေးများတုံးကာ သုပ်မည့်ဇလုံထဲသို့ထည့်ပါ။ ပြီးလျှင် ခြစ်ထားသော မုန်လာဥနီအနည်းငယ်၊ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊ရှောက်ရွက်/နံနံပင်/ကြက်သွန်မိတ်နှင့် ဆီနှင့်ကြော်ထားသော ငရုတ်သီးအကြမ်းဖက်၊ကြက်သွန်နီကြော်၊ငံပြာရည်၊သကြား၊ဆားအနည်းငယ်ဆီနှင့် သံပုရာရည်ညှစ်ကာ အားလုံးရောနယ်၍ နှံ့အောင်သုပ်ပြီးလျှင် အပေါ့၊အငံ၊အချဉ်၊အစပ် မြည်းကာ မွှေးပျံ့ပြီးချဉ်ငံစပ်အရသာကောင်းမွန်သော အမဲအူကြမ်းသုပ်လေးကို အမဲအူကြမ်းစွပ်ပြုတ်လေးနှင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်

No comments:

Post a Comment