Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

ကညွတ်ကြော်


ကညွတ် အရင်းပိုင်းအရင့်နေရာများကို လှီးထုတ်ပြစ်ပြီး အဖူးနေရာမှလွဲ၍ ကျန်နေရာများအား ဓားပြားအသာရိုက်ကာ ကြိုက်နှစ်သက်သလို အရွယ်လေးတွေ ပိုင်းလျှက် ရေစင်အောင်ဆေးကာ ရေစစ်ထားပါ။ ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်များကို မညက်တညတ် ရောပြီးထောင်းထားပါ။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ဆီပူလာလျှင် မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်များကို ထည့်ပြီးဆီသတ်ပါ။ ကြက်သွန်ဖြူများအနည်းငယ်နွမ်းလာလျှင် ကညွတ်များနှင့်ဆား အနည်းငယ်ကိုထည့်ပြီး မွှေပေးပါ။ ကညွတ်များ အစိမ်းရောင်မပျက် အနူးမလွန်ခင် ခရုဆီအသင့်အတင့်ထည့်ပြီး အပေါ့အငံမြည်းကာ အရသာကောင်းမွန်သော ကညွတ်ကြော်မွှေးမွှေးလေး သုံးဆောင်လို့ ရပါပြီရှင်။

No comments:

Post a Comment