Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

အိုင်ဖုန်း အတွက် ပြဿနာတွေတက်ကြ


အသစ်ထွက်တဲ့ အိုင်ဖုန်း 5S , 5C က ဘယ့်လောက်ကောင်းသလဲမေးရင် ရန်ဖြစ်ရလောက် ကောင်းတယ် လို့ ဖြေရမှာပါ။
အမေရိကန်ကယ်လီဖိုးနီးယားက လူသုံးယောက်ကတော့ အိုင်ဖုန်းအတွက်နဲ့ အဖမ်းခံ လိုက်ရပါတယ်။
ဖြစ်ပုံကတော့   ကယ်လီဖိုးနီးယားက ပန်းသီးစတိုးဆိုင်မှာ အိုင်ဖုန်းကိုလည်းဦးဦးဖျားဖျား လိုချင်၊နာရီအကြာကြီး လည်း တန်းမစီချင်တဲ့သူတွေက အိုးမဲ့အိမ်မဲ့တွေကို သူတို့ ကိုယ်စားအငှား တန်းစီခိုင်းပါတယ်တဲ့။
တန်းစီတယ်ဆိုတာ တနာရီနှစ်နာရီမဟုတ်ပါဘူး။ စတိုးဆိုင်ရှေ့ မှာ ညအိပ်ပြီးတော့ကို စီရတာပါ။ 
အဲဒီလို အချိန်အကြာကြီးတန်းစီပြီးမှ  စတိုးက ဖုန်းကုန်သွားပြီလို့ ကြေငြာတဲ့အခါ ကျတော့ သူတို့ ခမြာ တန်းစီခမရတော့ပါဘူး။အဲဒီမှာတင်  ရန်တွေစဖြစ်ကြတယ်လို့ ဆိုပါတယ်။ 

အိမ်ယာမဲ့တယောက်ကပြောတာက ကျမကို အငှားတန်းစီပေးမလားလို့ ငှား တာနဲ့ လာတန်းစီတာ ပါ။တခြားလည်းကျမ လုပ်စရာမရှိဘူးလေ လို့ မစ်ကီဆိုတဲ့အမျိုးသမီးကပြောပါတယ်။ ဒီလို အငှားနဲ့ တန်းစီ တဲ့အတွက်သူဘယ်လောက်ရသလဲဆိုတာကိုတော့လျှို့ ဝှက်ထားပါတယ်။ ဒါကလ၀ လို့ သူကဆိုပါတယ်။ တချို့ တန်းစီပေးတဲ့သူတွေကတန်းစီခ  ၃၅ ဒေါ်လာလောက် ရတယ်လို့ ပြောပါတယ်။

အိုင်ဖုန်း 5c ကို အစိမ်း၊အပြာ၊အ၀ါ၊ပန်းရောင်၊အဖြူ အရောင်ငါးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။မမ်မရီ ၁၆ ဂစ်အတွက် ၉၉ဒေါ်လာဖြစ်ပါတယ်။ ၄လက်မ ရက်တီနာ ပါဝင်ပြီး 8MPx ကင်မရာပါဝင်ပါတယ်။
၃၂ ဂစ်အတွက် ၂နှစ်စာချုပ်နဲ့  ၁၉၉ဒေါ်လာကျသင့်ပါတယ်။
5Sကတော့ အနက်၊ငွေ၊ရွှေ အရောင်သုံးမျိုးပါ။သူကဖုန်းမမ်မရီအပေါ်မူတည်ပြီး  ၁၉၉ဒေါ်လာကနေ ၃၉၉ဒေါ်လာရှိပါတယ်။လက်ဗွေဖတ်တဲ့စနစ်ပါဝင်ပါတယ်။
The Melting Pot 4 U(စုံစီနဖာဟင်းလေးအိုးကြီး)

စတိုးဆိုင်ရှေ့ အိပ်ပြီးစောင့်နေကြသူတွေ

 Waiting in vain: Homeless people, who were hired to stand in line outside the Pasadena Apple store for hours for the new iPhone, were enraged when they did not get paidTrue fans: iPhone fanatics across the globe waited for weeks in anticipation of the new smartphone releaseSomewhere, over the rainbow: The iPhone 5c phones are available in six coloursPicked up off the street: Police say many of them had been picked up from downtown Los Angeles and brought to Pasadena Source
http://www.latimes.com/local/lanow/la-me-ln-using-homeless-to-buy-new-iphones-sparks-outrage-20130921,0,5069855.story

No comments:

Post a Comment