Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

ငါးငပိချက်နှင့်အတို့အမြုပ်


ငါးငပိချက်ရန်အတွက် ငါးခူငါးပိရည်ကျိုကို နနွင်းအနည်းငယ်ဖြင့် ပျစ်ပျစ်လေးကျိုထားပါ။(ယိုးဒယားမှလာသည့် ငါးခူငါးပိရည်ကျိုနှင့် ချက်ထားတာပါ။) ထို့နောက် ကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုးကို ရေစင်အောင်ဆေး၍ ဆားနှင့်နယ်ပြီး ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း တို့နှင့်အတူ မီးကင်ပေးပါ။ အနံ့မွှေးပြီး ပိုအရသာရှိအောင်ပါ။အချိန်အနည်းငယ်မျှ မီးကင် ပြီးလျှင် ငါးကိုအရိုးနွှင်ထား၍ ကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းကို မညက်တညတ်ထောင်းထားပါ။အိုးထဲတွင် ဆီပါတယ်ဆိုရုံထည့်ကာ ဆီပူလာလျှင် နနွင်း၊ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ထည့်ကာ၊ ပြီးလျှင် မညက်တညတ်ထောင်းထားသော ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းနှင့် နွှင်ထားသော ငါးများထည့်ပြီးမွှေပေးပါ။ပြီးနောက် ပျစ်ပျစ်လေးကျိုထားသော ငါးခူငါးပိရည်ကျိုကို ရောထည့်ပြီး နှံ့အောင်မွှေပေးပါ။အရည်များ ပွက်ပွက်ဆူလာလျှင် အပေါ့အငံမြည်းကြည့်ကာ အငံပေါ့နေပါက ငံပြာရည် အနည်းငယ် ထည့်ပေးပါ။ ငါးပိအနံ့မွှေးမွှေးလေးနှင့် အရသာရှိပြီး ထမင်းမိန်စေသော ငါးငပိချက်ဟင်းလေးကို အတို့အမြုပ် စုံစုံလင်လင်ဖြင့် သုံးဆောင်နိုင်ပါပြီရှင်။

No comments:

Post a Comment