Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

တွေးရခက်သော အင်္ဂလိပ်ဝေါဟာရများ ၁ - တက္ကသိုလ်ထင်ကြီး


မြန်မာတစ်ယောက်သည် အလုပ်တစ်ခုခုကို စိတ်ရော ကိုယ်ပါ အားတက်သရောလုပ်တော့မယ်ဆိုလျှင် လုံချည်ကို ခါးတောင်းပြောင်အောင်ကျိုက်လေ့ရှိသည်။ ထို့ကြောင့် “ခါးတောင်းကျိုက် မဖြုတ်နဲ့” စသည့် စကားများပေါ်ခဲ့သည်။
အင်္ဂလိပ်တို့ကမူ ဘောင်းဘီဝတ်သူများဖြစ်သောကြောင့် ခါးတောင်းကျိုက်၍ မဖြစ်ပေ။ သို့ကြောင့် သူတို့သည် အားရှိပါးရှိ အလုပ်လုပ်ရန် ရှပ်အင်္ကျီလက်များကို ပင့်၍လိပ်၍ ပြင်ဆင်ထားကြသည်။ သို့ဖြင့် to roll up one's sleeves ဆိုသည်မှာ မြန်မာတို့ ခါးတောင်းကျိုက်၍ အလုပ်လုပ်ရန် ဟန်ပြင်သည်နှင့် အတူ တူပင်ဖြစ်ပါသည်။
After many failures Hla Aung rolled up his sleeves to try againg.
အကြိမ်များစွာ မအောင်မြင်ဖြစ်ခဲ့ပြီးနောက် လှအောင်သည် နောက်ထပ် အင်တိုက်အားတိုက် ကြိုး စားရန် ပြင်သည်။
He has something up his sleeve. သူ့အင်္ကျီလက်ထဲတွင် တစ်စုံတစ်ခုရှိသည်ဆိုသောအခါ၌မူ နောင်အသုံးပြုရန် လျှို့ဝှက်သောအကြံတစ်ခု သူ့မှာရှိသည်ဟု အဓိပ္ပာယ်ရသည်။
He is notorious as a swindler and I always think he must have a cunning trick up his sleeve.
သူသည် လူလိမ်လူညာဟူ၍ နာမည်ကြီးသည်။ နောင်လိုအပ်သောအခါ အသုံးပြုရန် သူ့၌ ကလိန် ကလက်စိတ်ကူးရှိမည်ဟု ကျွန်တော်ထင်သည်။
သူ့အင်္ကျီလက်ထဲ၌  ဖဲတစ်ချပ်ရှိသည်။
He has a card up his sleeve.
ဆိုသည်မှာ ဝှက်ဖဲတစ်ချပ်ရှိသည်။ အရေးအကြောင်းရှိလျှင် အသုံးပြုရန်အကြံအစည်တစ်ခုရှိသည် ဟု ဆိုလိုခြင်းဖြစ်သည်။
He is an astute politician and he always has a card up his sleeve.
သူသည် ပါးနပ်သောနိုင်ငံရေးသမားဖြစ်၍ သူ့ထံ၌ အရေးရှိကသုံးရန် အကြံအစည်တစ်ခုအမြဲရှိ သည်။
မိမိ၏ နှလုံးကို မိမိ၏ အင်္ကျီလက်ပေါ်၌ တင်ထားသည်။
Wear one's heart on one's sleeve.
ဟူ၍ အင်္ဂလိပ်တို့က တင်စားပြောဆိုရာ၌ “ဘယ်လိုခံစားနေရတယ်ဆိုတာကို အသည်းနှလုံးကို ခွဲပြ လိုက်ပါရဲ့” ဟူသောစကားနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ ဆိုလိုသည်မှာ မထိန်မဝှက် ဖွင့်ဟပြောဆိုသည်ဟု အဓိပ္ပာယ်ပေးသည်။
Frank and simple-hearted as he is, Nyo Mya wears his heart on his sleeve when he courts Ah Hninn.
ဖြောင့်၍ရိုးသောညိုမြသည် အနှင်းကို ပိုးပန်းသောအခါ ပြောင်ကျလှသည်။
တစ်ယောက်တည်းသဘောကျသဖြင့် ရယ်သောအခါ အချို့သောမြန်မာတို့သည် လက်ကိုကွယ်၍ ရယ်တတ်ကြသည်။ အချို့ကမူ တိုင်ကိုကွယ်၍လည်းကောင်း၊ တံခါးရွက်ကိုကွယ်၍လည်းကောင်း ရယ် တတ်ကြသည်။ ထိုသို့ မိမိဘာသာ သဘောကျ၍ တိတ်တခိုးရယ်သည်ကို အင်္ဂလိပ်တို့၌ to laugh up one's sleeve (အင်္ကျီလက်ထဲမှ ရယ်သည်) ဟူ၍ သုံးရိုးရှိသည်။
She played a practical joke on me. Now she must be laughing up her sleeve.
သူမသည် ကျွန်တော့အား ကာယကံမြောက် ကျီစားခဲ့သည်။ ယခုအခါ သူမသည် တစ်ယောက် တည်း သဘောကျ၍ ကျိတ်ရယ်နေပေမည်။
ဤနေရာ၌ သတိထားရန် အချက်တစ်ချက်ကို ပြောလိုပါသည်။ အားနှင့်မာန်နှင့် ဆိုလိုသောကြောင့် သုံးသောစကားမှာ sleeves အင်္ကျီလက်များ (ဗဟုဝုစ်ကိန်း) ဖြစ်၍ အခြားအသုံးအနှုန်းမှာ sleeve (ဧကဝုစ် ကိန်း) ဖြစ်ပါသည်။
အင်္ကျီလက်ကို shirt-sleeve ဟူ၍လည်း ခေါ်ဝေါ်သုံးနှုန်းသည်။
အေးသော အနောက်နိုင်ငံများ၌ ထူသောအပေါ်အင်္ကျီကို ရှပ်အင်္ကျီအပေါ်၌ ထပ်၍ဝတ်ရသည်။ လူ တောသူတော၊ ရုံးတက်ရုံးဆင်းအခမ်းအနားတို့၌ အပေါ်အင်္ကျီဝတ်ရသည်။ မြန်မာနိုင်ငံ၌ ဧည့်ခံပွဲ၊ ရုံးပြင် ကန္နားတို့သို့ သွားသောအခါ အပေါ်အင်္ကျီဝတ်ရသကဲ့သို့ပင်။
အပေအတေခံရမည့်အလုပ်မျိုး အားနှင့်ခွန်နှင့်လုပ်ရသည့် အလုပ်မျိုး၌ အပေါ်အင်္ကျီချွတ်၍ လုပ်ကြ စမြဲဖြစ်သည်။ ဤသည်ကိုအကြောင်းပြု၍ အလုပ်ကို တက်တက်ကြွကြွ ဆောင်ရွက်၍ အောက်လူနှင့် ရော နှောလုပ်ကိုင်တတ်သူအား shirt-sleeved (အပေါ်အင်္ကျီချွတ်၍ ရှပ်အင်္ကျီဖြင့်အလုပ်လုပ်သော) ဟူသည့် နာမဝိသေသနကို တပ်လေ့ရှိသည်။
Zaw Hein mixes with his exployees and works with them. He is called a shirt-sleeved director.
ဇော်ဟိန်းသည် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ရောနှောပေါင်းသင်း၍ အလုပ်လုပ်လေ့ရှိသည်။ သူ့ ကို အပေါ်အင်္ကျီမပါသော ညွှန်ကြားရေးမှူးဟု ခေါ်ကြသည်။
သံခင်းတမန်ခင်း၌လည်း ဟန်ကြီးပန်ကြီးမနိုင်ဘဲ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားဆက်ဆံတတ်သူ ကို shirt-sleeved diplomat ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ရှိသည်။
Shirt-sleeved diplomats from super-power are usually popular in the Third World.
ကြီးကျယ်သောနိုင်ငံကြီးများမှ ဟန်ကြီးပန်ကြီးမရှိသော သံတမန်များသည် ဖွံ့ဖြိုးဆဲနိုင်ငံကလေး များ၌ ရေပန်းစားလေ့ရှိသည်။
ရှပ်အင်္ကျီလက်နှင့် ဆက်စပ်၍ ရှပ်အင်္ကျီ shirty  ဝေါဟာရအသုံးအနှုန်း၌ shirty ၏ အဓိပ္ပာယ်မှာ ရှပ်အင်္ကျီနှင့် လုံးဝမသက်ဆိုင်ပေ။
Forgive me if I was a bit shirty just now. ဆိုရာ၌ shirty စိတ်တို၍ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုမိ  သည်ဟု အနက်ပေးသည်။ သို့ကြောင့် ( ခုနက ကျွန်တော် စိတ်တို၍ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိပြုမိတာကို ခွင့် လွှတ်ပါ) ဟု အဓိပ္ပာယ်ရသည်။
Despite his sometime shirty demeanor, he is known around the White House as an accomplished comedian.
သူ၏ ပြုမူနေထိုင်ပုံမှာ တစ်ခါတစ်ရံ၌ ရိုင်းပျသော်လည်း သမ္မတ၏ အိမ်ဖြူတော်တွင် ပြောင်မြောက် သော ဟာသပညာရှင်တစ်ဦးအဖြစ် သိကြသည်။
အင်္ဂလိပ်သုံးရိုး၌ ရှပ်အင်္ကျီသည် အတော်များများ ပါသည်။
To lose one's shirt.
(သူ့ရှပ်အင်္ကျီဆုံးရှုံးသည်) ဆိုရာ၌ တစ်ဦးတစ်ယောက်က ရှပ်အင်္ကျီခိုးသွား၍ ပျောက်ခြင်းကို မဆို ပေ။ ဤဝေါဟာရမှာ အဓိပ္ပာယ် နှစ်မျိုးရသည်။ ရှိသမျှအကုန်ဆုံးရှုံးသွားသည်၊ စိတ်ဆိုးသည်၊ စိတ်တိုသည် ဟူ၏။
U Law Ba lost his shirt on that business deal.
ဦးလောဘသည် ထိုအရောင်းအဝယ်ကိစ္စ၌ သူ့၌ ရှိသမျှ အကုန်ဆုံးရှုံးသွားသည်။
Even if you miss the early bus you can take the later bus. Don't lose your shirt.
စောစောထွက်တဲ့ ဘတ်စ်ကားကို မမီပေမယ့် နောက်ကားနဲ့ သွားနိုင်သားပဲ။ စိတ်မတိုပါနဲ့။
Don't lose your shirt. အစား Keep your shirt on. ဟူ၍လည်း ပြောနိုင်သည်။
အဓိပ္ပာယ်မှာ (အေးအေးနေပါ၊ စိတ်မပူပါနဲ့၊ စိတ်မလှုပ်ရှားပါနဲ့) ဟူ၏။
Although Kyaw Hein was surrounded by dangerous villains he kept his shirt on.
ကျော်ဟိန်းကို အန္တရာယ်ပေးမည့်လူဆိုးများက ဝိုင်းထားသော်လည်း သူသည် စိတ်မလှုပ်ရှားပေ။
အနောက်နိုင်ငံများ၌ မင်းပွဲစိုးပွဲများ၊ အခမ်းအနားများ စသည်တို့ကို တက်ရောက်သောအခါ ဝတ် ဆင်သည့်ရှပ်အင်္ကျီမှာ ကော်တင်ထားသည့်အတွက် ခေါက်ရိုးမပျက် တောင့်တောင့်တင်းတင်းရှိလေသည်။
မင်းပွဲစိုးပွဲ စသည်များ၌ ဣနြေ္ဒသံပတ္တိဖြင့် နေရ ပြောရသည်။ ဤသည်တို့ကို အကြောင်းပြု၍ ဟန် ကြီးပန်ကြီးနိုင်သူကို stuffed shirt ဟု သုံးနှုန်းပြောဆိုသည်။
I always shun stuffed shirt.
ဟန်ကြီးပန်ကြီးဆရာများကို ကျုပ်အမြဲရှောင်သည်။
ရှပ်အင်္ကျီကျောဘက်အမြီးစကို shirttail ဟု ခေါ်သည်။
ထိုစကားလုံးမှာ အခြားအဓိပ္ပာယ်များလည်းရှိသည်။ နာမ်အားဖြင့် သတင်းစာ ဆောင်းပါးအဆုံး၌ ထည့်သည့်ဖြည့်စာ ဟူ၍လည်းကောင်း၊ သေးငယ်သောဟူ၍လည်းကောင်း အဓိပ္ပာယ်ပေးပါသည်။
There was an interesting anecdote in the shirttail following Richard Nixon's article in Newsweek.
နယူးစ်ဝိဂျာနယ်ထဲမှ ရစ်ချတ်နစ်ဆင်၏ ဆောင်းပါးအဆုံးရှိ ဖြည့်စာတွင် စိတ်ဝင်စားဖွယ်ပုံတို ပတ် စ တစ်ခုပါရှိပါသည်။
ကလေးများသည် ဘောင်းဘီမဝတ်ဘဲ ရှပ်အင်္ကျီဖြင့်သာ ဟိုလျှောက်သည်လျှောက် သွားလေ့ရှိ သည်ကို အကြောင်းပြု၍ Shirttail ကို “ငယ်သော” ဟူ၍ နာမဝိသေသနအဖြစ် အဓိပ္ပာယ်ပေးသည်။
Three shirttail boys are fishing in the creek.
ယောက်ျားငယ်ကလေးသုံးဦးသည် ချောင်းထဲ၌ ငါးမျှားနေကြသည်။
Shirttail ၏ အခြားသော နာမဝိသေသနအဓိပ္ပာယ်မှာ လေးဝမ်းကွဲမျှဝေးသော ဖြစ်သည်။
She is the shirttail cousin of Myint Myint Kyi.
သူမသည် မြင့်မြင့်ကြည်၏ လေးဝမ်းကွဲညီမဖြစ်သည်။
 တက္ကသိုလ်ထင်ကြီး

The Melting Pot 4 U - Learning English 


No comments:

Post a Comment