Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 22, 2013

ကြာဇံချက်


ဗိုက်ဆာနေလား... ကြာဇံချက်လေးစားမလား... 
ကြာဆံချက်
Sunday, September 22, 2013

---ကြာဆံ၊ပဲလိပ်၊မှိုခြောက်၊ပန်းခြောက်၊တို့ကိုရေစိမ်ပါ
 

---ငုံးဥပြုတ်ထားပါ။ ငရုတ်သီး၊ဂျင်း၊ကြက်သွန်ဖြူ+နီတို့ကိုထောင်းထားပါ။ 

---ကြက်သားကိုအတုံးသေးတွေခုတ်ပြီးဆား၊ငံပြာရည်၊အရသာမှုန့် နနွင်းတို့နဲ့နယ်ထားပါ။ ---

အိုးထဲကိုဆီထည့်ပြီးငရုတ်သီးထောင်းထားတာကိုဆီသတ်ပါ။့ ငရုတ်သီးနွမ်းရင် ကြက်သားတွေထည့်လုံးလိုက်ပါ။ကြက်သားတွေကျစ်လာရင် ရေထည့်တည်ပါ။ 

---ရေပွက်ပွက်ဆူလို့ကြက်သားနူးလာရင် ကြာဆံ၊ပဲလိပ်၊မှိုခြောက်၊ပန်းခြောက်တို့ကိုထည့်လိုက်ပါ။ 

---ကြာဆံနူးရင်အရသာမြည်းပါ။အနေတော်ရင်တော့ ငုံးဥပြုတ်နဲ့ငါးဖယ်လုံးဖြစ်စေ၊ငါးဖယ်ကြော်ကိုညှပ်လို့ဖြစ်စေ ထည့်လိုက်ပါ။ငရုတ်ကောင်းမှုန့်ခတ်ပါ။ကြက်သွန်နီဥအလုံးလိုက်ထည့်ပါ။ 

---ကြက်သွန်နီကိုပါးပါးလှီးပြီး၊နံနံပင်၊ငရုတ်သီးမှုန့်၊ သံပုရာသီး-ရှောက်သီးညှစ်ပြီးစားလိုက်ရင်တော့ မိုးအေးအေးနဲ့အလွန် လိုက်ဖက်တဲ့စားစရာဖြစ်ပါတယ်

စားဖိုမှူးညီအမ

No comments:

Post a Comment