Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 5, 2013

နေ့စဉ်သုံးအင်္ဂလိပ်စကားလုံးတွဲများအပိုင်း (၅)


အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားလုံးတွဲများ (Phrases) နှင့် စကားပြောပုံစံ (Pattern) များကိုဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော ဥပမာဝါကျများကိုအခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။

I can't help + (verb-ing) - မလုပ်ရမနေနိုင်
-       I can't help thinking about it.
ဒီကိစ္စကို ကျွန်တော် မစဉ်းစားဘဲမနေနိုင်ဘူး။
-       I can't help shopping.
ဈေးဝယ် မထွက်ရမနေနိုင်ဘူး။
-       I can't help working all the time.
တစ်ချိန်လုံးအလုပ် မလုပ်ရမနေနိုင်ဘူး။
-       I can't help smiling when I see her.
သူ(မ)ကိုတွေ့ရင် မပြုံးပြဘဲမနေနိုင်ဘူး။
-       I can't help eating so much.
အသားကုန် မစားရမနေနိုင်ဘူး။
-       I can't help loving you.
မင်းကိုမချစ်ရမနေနိုင်ဘူး။
-       I cannot help remembering the things you did.
မင်းလုပ်ခဲ့တာတွေကိုသိမရဘဲမနေနိုင်ဘူး။

I'm not used to + (verb-ing)- မရင်းနှီး/ မကျွမ်းဝင် ဘူး
အများအားဖြင့် Verb to be + used to + Noun ပုံစံဖြင့် သုံးသော်လည်း Noun နေရာတွင် Ving ဖြင့်လည်းအသုံးပြုနိုင်ပါသည်။
-       I'm not used to talking English.
အင်္ဂလိပ်လိုပြောရတာမကျွမ်းကျင်ဘူး။
-       I'm not used to talking in front of groups of people.
လူတွေ အများကြီးရှေ့မှာစကားပြောရတာအကျွမ်းတဝင် မရှိဘူး။
-       I'm not used to having so much stress.
ဖိအားတွေ အများကြီးနဲ့ ကျွန်တော် မရင်းနှီးဘူး။
-       I'm not used to working so early.
အလုပ် အစောကြီးလုပ်ရတာမရင်းနှီးဘူး။

I want you to + (verb) - မင်းကို _____ စေချင်တယ်
-       I want you to clean the dishes.
မင်းကိုပန်းကန်တွေ ဆေးစေချင်တယ်။
-       I want you to come home right after school.
မင်းအတန်းပြီးရင် အိမ်ကိုတန်းတန်းမတ်မတ် လာစေချင်တယ်။
-       I want you to call once you get there.
မင်းအဲဒီကိုရောက်ရင် တစ်ခါလောက်တော့ ဖုန်းခေါ် စေချင်တယ်။
I'm looking forward to - စောင့်မျှော်နေတယ်၊ မျှော်လင့်နေတယ်။
-       I'm looking forward to meeting you.
မင်းနဲ့ တွေဖို့ ငါမျှော်လင့်နေတယ်၊ စောင့်မျှော်နေတယ်။
-       I'm looking forward to talking with you.
မင်းနဲ့ စကားပြောဖို့ မျှော်လင့်နေတယ်၊ စောင့်မျှော်နေတယ်။
-       I'm looking forward to spending time with my family.
မိသားစုနဲ့ အတူရှိနေဖို့ မျှော်လင့်နေတယ်။
-       I am looking forward to watching the football game.
ဘောလုံးပွဲ ကြည့်ဖို့ စောင့်မျှော်နေတယ်။
-       I am looking forward to running in a race.
အပြေးပြိုင်ပွဲဝင်ပြိုင်ဖို့ မျှော်လင့်နေတယ်။

“အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်းအင်္ဂလိပ်စာအရည်အသွေးတိုးတက်ပါစေ …………………”

အောင်ကိုဦး(UMK)
Be the Best !

No comments:

Post a Comment