Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

အမြန်လမ်း လမ်းဘေး ဓါတ်တိုင်ဝင်တိုက် ခင်ပွန်းသေဆုံး၊ ဇနီး ဒဏ်ရာရ


Sunday, September 15, 2013

၁၄-၉-၂၀၁၃ ရက်နေ့ ၁၁၅၀ အချိန် နေပြည်တော်ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၀/၃-၄)ကြားတွင် ရန်ကုန် မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်နေ အောင်မျိုး (၃၆)နှစ်မောင်းနှင်လာသည့် ၂စ/xxxx ဖန်မလီယာဗင် အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်ထိုးကျခဲ့ပြီး လမ်းနှင့်(၃၅)ပေအကွာရှိ ကွန်ကရစ် ဓါတ်တိုင်အားဝင်ရောက်တိုက်မိခဲ့သည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်မောင်းဖြစ်သူ အောင်မျိုးမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ မစန္ဒာအေး(၃၀)နှစ်တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်မျိုးအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment