လူ့ ဘ၀ မှာ ဒုက္ခဟာသစ္စာအမှန်တရားလို့ ရှင်တော်ဂေါတမဟောကြားခဲ့ပါတယ်။ အိန္ဒိယ က ရူးနာဘီဂမ် ဆိုတဲ့ သမီးငယ်လေးရဲ့ ဒုက္ခကတော့ တခြားသူတွေကြုံရတဲ့ဒုက္ခထက်ပိုလို့ ကြီးလှပါတယ်။ ရှားရှားပါးပါးဖြစ်တတ်တဲ့ရောဂါကြောင့်၁၅လပဲရှိသေးတဲ့ကလေးမလေးရဲ့ ဦးခေါင်းကပုံမှန်ထက်နှစ်ဆလောက် ပိုကြီးနေပြီး လုံးပတ်က၉၄ စင်တီမီတာ ရှိပါတယ်။
ဒီလိုရှားရှားပါးပါးဖြစ်တဲ့သမီးဖြစ်သူရဲ့ ရောဂါကိုခွဲစိတ်ကုသဖို့ အတွက် ရာမာတို့ လင်မယားဟာ အိန္ဒိယအရှေ့ မြောက်ဝေးလံလှတဲ့ ဂျီရာနီးယားခိုလာဆိုတဲ့ရွာကလေးကနေ နယူးဒေလီကိုလေယာဉ်နဲ့ လာခဲ့ကြရပါတယ်။ အသက် ၁၈နှစ်အရွယ်ဖခင်ဖြစ်သူက အရင်ကလေယာဉ် စီးဖူးချင်ပေမယ့် တကယ်တမ်းခုလိုစီးရတဲ့အချိန် ကျတော့ မပျော်နိုင်တော့ပါဘူး။သမီးလေးကို သူတို့ လင်မယားရဲ့ ပေါင်ပေါ်မှာတယောက်တလှည့်ချီ ရင်း လေယာဉ်ခရီးရှည်ကိုစီးခဲ့ကြပါတယ်။
သမီးကိုမွေးတဲ့နေ့ မှာဆရာဝန်တွေက ကလေးမရဲ့ အသက်ကို အာမမခံနိုင်ဘူး။ ခေတ် မှီကိရိယာပိုစုံ တဲ့မြို့ ကြီးတွေဆီသွားရောက်ကုသဖို့ ပြောခဲ့ပါတယ်။ ကလေးငယ်မွေးပြီးတပတ်လုံး မှန်လုံအိမ်ထဲမှာပဲနေခဲ့ရပါတယ်။ ဖခင်ဖြစ်သူကတော့ အံ့သြဖွယ်ဂမ္ဘီရတန်ခိုးများက သမီးဖြစ်သူကိုကယ်တင်နိုင်အောင်တချိန်လုံး ဆုတောင်းနေ ခဲ့ပါတယ်။ သူ့ ရဲ့ ဆုတောင်းချက်ကြောင့်လားမသိပါဘူး။ အိန္ဒိယရဲ့  Fortis လို့ ခေါ်တဲ့ ကျန်းမာရေးအဖွဲ့ တခုက ကလေးငယ်ကိုခွဲစိတ်ကုသဖို့ ကူညီခဲ့ပါတယ်။
သူဖြစ်တဲ့ရောဂါက hydrocephalusလို့ ဆိုပါတယ်။ ကျောရိုးထဲကအရည်တွေ ဦးနှောက်ထဲကိုသွားစုပြီး ဦးခေါင်းကြီးလာတဲ့ ဒီလိုရောဂါမျိုးဟာ ကလေး ၅၀၀မှာတယောက်သာဖြစ်နိုင်ချေရှိတဲ့ရောဂါမျိုးပါ။
သမီးကအရမ်း အေးတဲ့ကလေးမလေးပါ။ မြူတာနဲ့ ချက်ခြင်းပြုံးတတ်ပါတယ်။ နောက်တော့ သူ့ ခေါင်းကစပြီး ကြီးလာပါတယ်။သူ့ ကိုကျွေးသမျှအစာက သူ့ ခေါင်းထဲကိုပဲရောက်သွား ပုံပါပဲ။အဲဒီရောဂါစဖြစ်ကထဲက သူခင်မြာလေးဖက်မသွားနိုင်တော့ဘူး။အရမ်းကိုကြောက်ဖို့ ကောင်းပါတယ်။ သူ့ ခေါင်းကအရမ်းကြီးလာတော့ သူ မနာအောင်ဘယ်လို့ ချီရမလဲကျနော်တို့ လည်းမသိတော့ ဘူး။ လင်မယားနှစ်ယောက် ကလေးသက်သာလိုသက်သာငြား ကလေးရဲ့ ပါးလေးကိုနှာခေါင်းနဲ့ ပွတ် ဗိုက်ကလေးကို လက်နဲ့ အသာ ပွတ်သပ်ပြီး သူတို့ လုပ်တတ်သရွေ့ လုပ်ပေးကြပါတယ်။
ဒေလီကိုရောက်တော့ သူ့ ပါးစပ်ကိုအနိုင်နိုင်ဖွင့်ရပါတယ်။ကလေးငိုတော့ အမေဖြစ်သူက ဘီစကစ်တစ်ဖဲ့ ကိုရေလေးဆွတ်ပြီးကျွေးရှာတယ်။သွားရှိပေမယ့်သူ့ ခမြာ မ၀ါးနိုင် ရှာ ဘူး။
မွေးတုန်းကအရမ်း တက်ကြွတဲ့ကလေး။ ကျမလက်ကို သူ့ လက်ကလေးနဲ့ ဆုပ်ထား တတ်တယ်။ ခုတော့ သူ မလုပ်နိုင်တော့ဘူးတဲ့ မိခင်ဖြစ်သူကပြောရှာတယ်။
ဆရာဝန်တွေနှစ်ပတ်လောက်ခေါင်းထဲကအရည်တွေထုတ်လိုက်တဲ့ အခါမှာတော့ကလေးမလေး ရဲ့ ဦးခေါင်း ဟာ ၉၄ စင်တီမီတာ ကနေ ၆၉စင်တီမီတာအထိသေးသွားပါတယ်။ အရည် သုံးလီတာလောက်စုပ် ထုတ်လိုက်ပါတယ်။ အဲဒီတော့မှ သူ့ မျက်လုံးကနည်းနည်းပြန်မြင်လာရပြီး ငိုသံလည်း ပိုကျယ်လာပါပြီ။ ပါးစပ်ကိုနည်းနည်းဖွင့်လာနိုင်ပါပြီ။ ဖခင်ဖြစ်သူက သူ့ ပါးစပ်ကသွားရည်တွေကိုသုတ် ပေးတဲ့အခါ အဖေဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်လာနိုင်ပါပြီ။
ဒီအခြေအနေရောက်မှ ကလေးကိုခွဲစိတ်ကြပါတယ်။အဖေနဲ့ အမေဖြစ်သူက ခွဲစိတ်ခန်းအပြင်မှာ စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပါ တယ်။သူ့ ဦးခေါင်းခွံကိုဖွင့်လိုက်ပြီး ဦးခေါင်းထဲကအရည်တွေကို စုပ်နိုင်တဲ့ ၀မ်းဗိုက်ထဲက သွေးစီးကြောင်းထဲကိုပြောင်းပို့ လိုက်ပါတယ်။ ခွဲစိတ်မှုက တနာရီကျော်ကြာပါတယ်။ ဆရာဝန်တွေကတော့သူတို့ ခွဲစိတ်မှုကိုကျေနပ်ပါတယ်။ ဒါပေမယ့်ဘာတွေ အနာဂတ်မှာဖြစ်လာ မလဲဆိုတာတော့ ပြောဖို့ ရာစောနေပါသေးတယ်။သူ့ မှာအဟာရအများကြီးလိုအပ်နေပါတယ်။ ထိုင်နိုင်အောင်၊ပုံမှန်သွားနိုင်အောင်သူ့ ခန္ဒာကိုယ်က ပိုပြီးသန်မာလာရမယ်။ လို့ ခွဲစိတ်ပေးတဲ့ဆရာဝန်ကြီးကပြောပါတယ်။
ကလေးမက သိပ်မကြာဘူးသတိရလာပါတယ်။ ဆရာဝန်ကခွဲစိတ်မှုအောင်မြင်တယ်ပြောပေမယ့် ပတ်တီးတွေ အထပ်ထပ်စည်းထားတဲ့သမီးဖြစ်သူကို ကြည့်ပြီး မိခင်ဖြစ်သူက ငိုရှိုက်ရှာတယ်။
ခေါင်းခွံကို ပုံစံချဖို့ အတွက်နောက်ထပ်ခွဲစိတ်မှုတွေထပ်လုပ်ရဦးမှာပါ။ ဖခင်ဖြစ်သူရာမန်ကတော့ဆရာဝန်တွေနဲ့ သူ့ ကိုကူညီခဲ့သူတွေအားလုံးကိုကျေးဇူးအထပ်ထပ်တင်လို့ ပါ။
သမီးရဲ့ ဦးခေါင်းပုံမှန်အနေအထားပြန်ဖြစ်သွားတဲ့နေ့ မှပဲ ကျနော် စိတ်သက်သာရာနည်းနည်းရတော့မှာ ပါပဲ တဲ့။
ဒါကတော့ဖခင်တယောက်ရဲ့ သမီးငယ်အပေါ်ထားတဲ့မေတ္တာစကားပါပဲ။
The Melting Pot 4 U
No comments:
Post a Comment