Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 5, 2013

လမ်းမရှိတဲ့ရွာကလေး

တရွာလုံးကို ရေလမ်းခရီးနဲ့ သာသွားလို့ ရတဲ့ရွာကလေးတရွာကိုခရီးသွားကြည့်ရအောင်ပါ။  နယ်သာလန်
Giethoorn ဆိုတဲ့ရွာကလေးကို နယ်သာလန်ရဲ့ ဗင်းနစ်လို့ တင်စားပြီးခေါ်ဝေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းလျှောက်စရာလမ်းမရှိပဲတရွာလုံးကို ရေလမ်းနဲ့ သာသွားလာလို့ ရပါတယ်။ ဒတ်ခ်ျရုပ်ရှင်ဒါရိုက်တာ ဘာတ်ဟန်စထရာက  "Fanfare" ရုပ်ရှင်ကိုရိုက်ကူးခဲ့ပြီးတဲ့ ၁၉၅၈ ခုနှစ်နောက်ပိုင်းကစပြီးဒီရွာလေးကို လူသိပိုများလာခဲ့ပါတယ်။ တရွာလုံးကိုရေလမ်းနဲ့ ပဲဆက်သွယ်ထားပြီး ခုနောက်ပိုင်းတော့ စက်ဘီးလမ်းလေးတွေရှိလာပြီလို့ သိရပါတယ်။ရေခဲတဲ့ရာသီတွေမှာ တူးမြောင်းတွေမှာလှေတွေသွားလာလို့ မရတော့ပဲ စကိတ်စီးနေကြတဲ့ရွာသားတွေကိုအောက်က ဗီဒီယိုမှာတွေ့ ရမှာပါ။   Geithoorn ရွာကလေးကို မြေထဲ ပင်လယ်ဒေ သကပြေးလာသူတွေက အေဒီ ၁၂၃၀လောက်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment