Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2013

ပေါင်မုန့်နှင့် ပိုးသတ်ဆေး ရောစား၍ အမျိုးသားတစ်ဦးသေဆုံး



ရန်ကုန်၊ စက်တင်ဘာ ၁၁။

တွံတေးမြို့နယ်တွင် စက်တင်ဘာလ ၁၀ရက်နေ့ နေ့လည် တစ်နာရီခန့်က အသက် နှစ်ဆယ့်သုံးနှစ်အရွယ် အမျိုးသားတစ်ဦး ပေါင်မုန့်နှင့် အင်ဒလင်းပိုးသတ်ဆေးတို့ ရောစားကာ မိမိကိုယ်ကို
သတ်သေခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌာနချုပ်မှ သိရသည်။

သေဆုံးသူ အမျိုးသားသည် တွံတေးမြို့နယ် အိုးဖိုရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယင်းနေ့က ဇနီးဖြစ်သူနှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ဇနီးသည်မှာ အိမ်မှ ဆင်းသွားခဲ့သောကြောင့်
နေ့လည် ၁နာရီခန့်တွင် ပေါင်မုန့်နှင့် အင်ဒလင်း ရောစားကာ မိမိကိုယ်ကို သေကြောင်းကြံခဲ့သောကြောင့် တွံတေးမြို့နယ် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တွံတေးမြို့ မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၃/၁၃ ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ပိုင်လေး
မြန်မာ့ခေတ်

No comments:

Post a Comment