Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 3, 2013

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အဖွားအို

အသက်ခြောက်ဆယ်လေးနှစ်အရွယ် အမျိုးသမီးတယောက်ဟာ မိုင်ပေါင်း ၁၁၀ ကျော်ဝေး တဲ့ ရေပြင်ခရီးကို သုံးရက်ကြာအောင် ကူးခတ်ပြီး အဝေးဆုံးရေကူးစံချိန်ကို တင်လိုက်ပါတယ်။ ဒိုင်ယာနာ နီယတ် အမည်ရှိအမျိုးသမီးကြီးဟာ ကျူးဘားကနေ ဖလော်ရီဒါကမ်းခြေရောက်အောင် ကူးခတ်ခဲ့တာပါ။ စုစုပေါင်းကူးခတ်ချိန်ဟာ ၅၄ နာရီ ကြာမြင့်ခဲ့တယ်လို့  ဆိုပါတယ်။ နီယတ်ဟာ ဒီလို အဝေးခရီး ရေကူးဖို့  အရင်က သုံးကြိမ်ကြိုးစား ခဲ့ပါသေးတယ်။ ပင်လယ်ရေပြင်ထဲက သဲသောင်ပြင်ပေါ် တက်လာခဲ့တဲ့ နီယတ်ကို လူပေါင်း ၂၀၀လောက်က ၀မ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။ နီယတ်က ကြိုဆိုနေတဲ့သူ တွေကို ဘယ်တော့မှ အားလျှော့စရာ မလိုတဲ့အကြောင်းနဲ့  အသက်ကြီးပေမယ့် ကိုယ်ရည်မှန်းချက် ကို အောင်မြင်အောင်လုပ်နိုင်သေးတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment