Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

ဖလူအိုရိုက် ဆိုသည်မှာ



by ပိုပိုဇော်(သဘာဝအားအင်)September 20, 2013 at 3:08pm

သင်အသုံးပြုနေတဲ့ သွားတိုက်ဆေးထဲမှာတင် ပါတာမဟုတ်ပါဘူး။ သင်သောက်နေတဲ့ရေ၊ ရှူသွင်းတဲ့လေထဲမှာလည်း ပါဝင်ပါတယ်။ Fluoride ဟာ ဒြပ်စင်တစ်မျိုးဖြစ်ပြီး မြေကြီးထဲကလည်း သဘာဝအတိုင်း ရနိုင်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားမှု ဖွံ့ဖြိုးမှုကို အားပေးတဲ့အတွက် အာဟာရဓာတ် (Nutrients) လို့လည်း သတ်မှတ်လို့ရပါတယ်


Fluoride ပါတဲ့ ရေကို သောက်သုံးတဲ့ ကလေးတွေမှာ သွားပိုးစားမှုအန္တရာယ် သိပ်မရှိပါဘူး။ သွားတွေဖြစ်ပေါ်ခါစမှာ ကြွေလွှာတွေကို မာသွားစေပြီး သွားရဲ့အပေါ်ယံလွှာမှာ ဖုံးအုပ်ထားပါတယ်။

သွားမပေါက်ခင်ကတည်းကနေ သွားပေါက်ပြီးချိန်အထိ ကာကွယ်ပေးပါတယ်။ သွားပိုးစားတာ၊ ကြွေလွှာပျက်စီးတာ၊ အာခေါင်ပေါက်ဖြစ်တာတွေ လျှော့ချပေးပါတယ်။ Fluorideဟာ တံတွေးနဲ့ပေါင်းပြီး သွားကို အန္တရာယ်ဖြစ်စေတဲ့ အချိုတွေ၊ Plaque တွေကို ဖျက်ဆီးပေးပါတယ်။ Fluoride ပါတဲ့ သွားတိုက်ဆေးဟာ ငယ်ရွယ်တဲ့အချိန်မှာ သွားအခေါင်းပေါက်ဖြစ်တာကို ကာကွယ်ပေးသလို သက်ကြီးပိုင်းမှာလည်း သွားတုမတပ်ရအောင် ကူညီပေးပါတယ်။

ဒါကြောင့် သင်ရဲ့သွားဆရာဝန် နဲ့တိုင်ပင်ပြီး Fluoride ဘယ်လိုရနိုင်တယ်ဆိုတာ မေးမြန်းသင့်ပါတယ်။

သွားတိုက်ဆေးအပြင် Fluoride ပါတဲ့ ခံတွင်းသန့်ဆေးရည်တွေလည်း ရှိပါတယ်။ တကယ်လို့ သင်သောက်နေတဲ့ရေထဲမှာ Fluoride မပါဘူးလို့ထင်ရင် သင်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြည့်စွက်သောက်သုံးပေးရပါမယ်။Health

credit to >>>Mg Mandalay စာကြည့်ခန်း

No comments:

Post a Comment