ဘော်စတွန်ဒေသမှာနေတဲ့လူတစ်ယောက်ကို ပြည်နယ်အာဏာပိုင်တွေက ကလေးငယ်တွေကို ပြန်ပေးဆွဲ ပြီးဖမ်းဆီးထားဖို့ ၊မုဒိန်းကျင့်သတ်ဖြတ်ပြီး ကလေးအသားကို စားသောက်ဖို့  ကြံစည်မှုနဲ့  ထောင် ၂၇ နှစ်ချလိုက်ပါတယ်။
ဂျီအိုဖရေးပေါ့တ်ဝေးဆိုသူဟာ ကလေးသူငယ်ညစ်ညမ်းပုံတွေပိုင်ဆိုင်မှု၊ဖြန့် ဝေမှု ရာဇ၀တ်မှုကျူးလွန်ရန် ကြံစည်မှုမှု နဲ့ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရဲကသူ့ အိမ်ကိုရှာဖွေတော့ ကလေးညစ်ညမ်းဓာတ်ပုံ၊ဗီဒီယိုပေါင်း ၄၅၀၀ကျော်ကိုတွေ့ ခဲ့ရပြီး အဲဒီပုံတွေထဲမှာ ကလေးအသားကိုချက်ပြုပ်နေပုံတွေ၊ စားဖို့ ပြင်ဆင်နေပုံတွေကိုတွေ့ ရှိခဲ့ပါတယ်။ သူ့ ရဲ့ မြေအောက်ခန်းမှာသံလှောင်အိမ်၊လက်ထိပ်၊ကလေးငယ်အရွယ် ခေါင်းတလားစတာတွေကိုတွေ့ ရှိခဲ့ ပါတယ်။ဒီအခန်းကိုအသံလုံခန်းအဖြစ်လည်း ပြုပြင်ဖန်တီးထားပါတယ်။
ပေါ့ဝေးက ကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုပြီးသတ်ဖြတ်မယ်၊နောက် ကလေးအသားကို ချက်ပြုပ်စားသောက်မယ်လို့  သူ့ နဲ့ အွန်လိုင်းမှာ စကားပြောခဲ့တဲ့သူတွေကိုပြောဆိုခဲ့ကြောင်း သူနဲ့ အွန်လိုင်းချက်တင်ပြောဖူးတဲ့သူနှစ် ယောက်ကဆိုပါတယ်။
ပေါ့ဝေးရဲ့ စုဆောင်းပြင်ဆင်ထားတဲ့ပစ္စည်းပစ္စယတွေက ကျောချမ်းစရာပါပဲ။ဒီစုဆောင်းပြင်ဆင်ထားမှု တွေက
တကယ့်အန္တရာယ်ဖြစ်တော့မယ့်အခြေအနေမို့  ပြည်သူလူထုကိုကာကွယ်ဖို့ သူ့ ကိုချုပ်နှောင်ထားသင့်ပါ တယ်လို့ အစိုးရရှေ့ နေကဆိုပါတယ်။
ပေါ့ဝေးရဲ့ စုဆောင်းပြင်ဆင်ထားတဲ့ပစ္စည်းပစ္စယတွေက ကျောချမ်းစရာပါပဲ။ဒီစုဆောင်းပြင်ဆင်ထားမှု တွေက
တကယ့်အန္တရာယ်ဖြစ်တော့မယ့်အခြေအနေမို့  ပြည်သူလူထုကိုကာကွယ်ဖို့ သူ့ ကိုချုပ်နှောင်ထားသင့်ပါ တယ်လို့ အစိုးရရှေ့ နေကဆိုပါတယ်။
The Melting Pot 4 U(စုံစီနဖာဟင်းလေးအိုးကြီး)
ကလေးခေါင်းတလား
သားသတ်သမားကိရိယာတန်ဆာပလာ
သူကြည့်တဲ့လူသတ်၊အသားစားအခွေတွေ
လက်ထိပ်နဲ့ ဖမ်းချုပ်ဖို့ ပစ္စည်းတွေ
သံလှောင်အိမ်
ရေခဲသေတ္ထာ
ဖမ်းဆီနှိပ်စက်ဖို့ ပစ္စည်းတွေ
No comments:
Post a Comment