Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 12, 2013

"ဆာတိုရီထုတ်လုပ်ရေးက မိတ်ဆက်ပေးတော့မယ့် သရုပ်ဆောင်သစ် ဒေါင်း "

ဆာတိုရီဗီဒီယိုထုတ်လုပ်ရေးရဲ့ နောက်ထပ်အနုပညာထုတ်ကုန်အသစ်လို့ ဆိုရမယ့် သရုပ်ဆောင်သစ်တစ်ဦးကို နိုင်ငံအနှံ့က သရုပ်ဆောင်ဖြစ်လိုတဲ့ လူပေါင်း ငါးရာနီးပါးကို တွေ့ဆုံပြီးတဲ့အခါ "ဒေါင်း " ဆိုတဲ့ အနုပညာရှင်တစ်ဦးကို ရွေးချယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

"ဒေါင်း " ဆိုတဲ့အနုပညာရှင်တစ်ဦး ကို လေ့ကျင့်သင်ကြားမှုတွေ၊ရိုက်ကူးမှုတွေပြုလုပ်ရင်းနဲ့ပဲ လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့၊ နေ့လည် ၂ နာရီမှာတော့ ပုဇွန်တောင်ရေကျော်မီးပွိုင့်အနီးမှာရှိတဲ့ J School မှာမိတ်ဆက်အသိပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဆာတိုရီဗီဒီယိုထုတ်လုပ်ရေးသည် သရုပ်ဆောင် ရဲတိုက် ကိုလည်းစင်တင်ပွဲထုတ်ခဲ့တဲ့ ထုတ်လုပ်ရေးတစ်ခုဖြစ်ပါတယ်။

ထက်လူလူ

No comments:

Post a Comment