Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 24, 2013

မိုးထဲလေထဲမှာကုန်းတစ်တန်ရေတစ်တန်ခရီးဆန့်ပရဟိတပေးဆပ်တဲ့အလှမယ်


Popular Journal
အလှမယ်ဆိုတာဘဲလဲ။အလှစစ်ဆိုတာဘာလဲ။တကယ်တော့
လူမူဘ၀ထဲမှာအလှစစ်နဲ့ အလှမယ်အစစ်ကတော့စိတ်ထားလှမူနဲ့ 
အဲ့ဒီလှသောစိတ်ထားနဲ့ လူမူပရဟိတ(အများကျိုး)သယ်ပိုးရွက်ဆောင်
မူပြုသူသာ။ခုတော့ပေါ်ပြူလာကအလှစစ်နဲ့ အလှမယ်ကိုဂုဏ်ပြုလိုတဲ့
အတွက်ဒီကနေ့ Nang Khin Zay Yar ဖေ့ဘုတ်မှာဖေါ်ပြမူကိုထပ်ဆင့်မျှ
ဝေဂုဏ်ပြုလိုက်ပါရစေ..။

“နန်းခင် ဒီနေ့(၂၄.၉.၂၀၁၃)ရက်နေ့ မနက် ၄ နာရီမှာ ရန်ကုန်မြို့မှ
ကားနှင့်ထွက်ခွာပြီး ကွမ်းခြံကုန်းမြို့မှ တဆင့် စက်သဗ္ဗာန်ဖြင့်
မောင်နန်းထိုက်အောင် ရဲ့ မိဘများနေထိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊
ဒေးဒရဲမြို့နယ်၊ ကျုံဒတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာသို့ သွားရောက်ခဲ့ပါတယ်။ နံနက် ၁၀ နာရီမှာ ရောက်ရှိပါတယ်။ (၂၂.၉.၂၀၁၃) ရက်နေ့ညကကွယ်လွန်သွားတဲ့ အရိုးကင်ဆာဝေဒနာရှင် ကလေးငယ် မောင်နန်းထိုက်အောင် ရဲ့ နာရေးကို နန်းခင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကျန်ရစ်သူမိသားစုနှင့်တွေ့ဆုံပြီး မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကျန်ရစ်သူမိသားစုကို အားပေးနှစ်သိမ့်စကားပြောကြားခဲ့ပါတယ်။ မောင်နန်းထိုက်လေးရဲ့ ဈာပနအတွက်သုံးစွဲနိုင်ရန် အလှူငွေပေးအပ်လှူဒါန်းခဲ့ပါတယ်။
မောင်နန်းထိုက်လေးအတွက် ရည်စူးလှူဒါန်းရန် သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကိုလည်းပေးလှူခဲ့ပါတယ်။ မောင်နန်းထိုက်လေးရဲ့နောက်ဆုံးခရီးကို နန်းခင် ကိုယ်တိုင်နှုတ်ဆက်ချင်လို့ အလုပ်တွေမအားလပ်ပေမယ့် အချိန်လုပြီးရောက်အောင်သွားခဲ့ပါတယ်။ နန်းခင် နေသိပ်မကောင်းပေမယ့် မိုးထဲလေထဲမှာပဲ ကုန်းတစ်တန် ရေတစ်တန် ခရီးဆန့်ခဲ့ရပါတယ်။
ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင် ဆိုသလို..… မမျှော်လင့်ပဲ လူ့လောကထဲကနေ ရုတ်တရက်ထွက်ခွာသွားသူတွေလည်း ထွက်ခွာသွားခဲ့ကြပါပြီ။ မည်သူမှရှောင်လွှဲမရတဲ့ ဒီသေခြင်းတရားကို နန်းခင်တို့တွေလည်း တစ်နေ့မှာ မလွဲမသွေကြုံတွေ့ရမှာပါ။ ဒါပေမယ့်လည်း ကိုယ်သံယောဇဉ်ရှိတဲ့ မောင်နန်းထိုက်လေး ခွဲခွာသွားခြင်းအတွက်တော့ အထူးပဲဝမ်းနည်းကြေကွဲရပါတယ်။
မောင်နန်းထိုက်လေး ကောင်းရာဘုံဘဝမှာအေးအေးချမ်းချမ်း
နဲ့ ရောဂါဘယကင်းရှင်းပြီး ပျော်ရွှင်စွာနေနိုင်ပါစေလို့ ဆုတောင်းပေးရင်း …… ဘယ်တော့မှ မေ့လို့မရတဲ့ နေ့လေးတစ်နေ့အဖြစ် အမှတ်ရနေမှာပါ ကလေးရယ်……။
မမနန်းခင် ပြုသမျှကုသိုလ်တွေကို အမျှပေးဝေပါတယ်……
မောင်နန်းထိုက်လေး ကြားရာအရပ်မှ သာဓုခေါ်ပါကွယ်။
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူပါ….
သာဓု သာဓု သာဓုပါ…။

နန်းခင်ဇေယျာ — မောင်နန်းထိုက်လေး ဆီသို့ ”

photo credit-Nang Khin Zay Yar



 

No comments:

Post a Comment