Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

ဘင်္ဂလားဒေ့ရှ်ကအစ္စလမ်မစ် ခေါင်းဆောင် တစ်ဦး သေဒဏ်ချမှတ်ခံရ


Wednesday, September 18, 2013

 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလမ်မစ် အတိုက်အခံခေါင်းတဦးကို အဆင့်မြင့် တရားရုံးချုပ်က သေဒဏ်ချတ်မှတ် လိုက်တယ်လို့ သိရပါတယ်။

Jamaat-e-Islami ပါတီက နံပါတ်လေးအဆင့် ရာထူးကြီးတဲ့ ခေါင်းဆောင် Abdul Quader Molla ဟာ ၁၉၇၁ ၀န်းကျင်လောက်က ပါကစ္စတန်ကို
ဆန့်ကျင် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်းက လုပ်ရပ်တချို့မှာ အပစ်ထင်
ရှားကြောင်း တရားရုံးက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပထမဦးဆုံး အပစ်ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးအနေနဲ့ တရားရုံး
တွေ့ရှိချမှတ်ခဲ့ တာဖြစ်ပြီး

သူဟာ လူအစုအလိုက်အပြုံလိုက်ကို သတ်ဖြတ်ခဲ့တယ်လို့ အပစ်ထင်ရှားတဲ့
အတွက် တရားရုံးက သူ့ကို ထောင်ဒဏ်တသက်တကျွန်းကနေ သေဒဏ်
အဖြစ် ပြောင်းလဲချမှတ်လိုက်တာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလက Abdul Quader Molla ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ရာစ၀တ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့ပေမယ့် သူ့ရဲ့အမှုကို တရားရုံးချုပ်က ကြားနာအပြီးမှာတော့ ပိုမိုပြင်ထန်တဲ့
သေဒဏ်အပစ် ပြောင်းလဲချမှတ်လိုက်တာဖြစ်ပါတယ်။

အခုလိုမျိုး အစ္စလမ်မစ်ပါတီခေါင်းဆောင်တဦးကို သေဒဏ်အမိန့်ချမှတ်
လိုက်အပေါ် လူဦးရေး နှစ်ထောင်နီးပါးက တရားရုံးကို ဆန္ဒပြ ကန့်ကွက်ကြ
တယ်လို့လည်းသိရပါတယ်။


  >ABC <

No comments:

Post a Comment