Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 13, 2013

"အကျဉ်းစံဘဝ" မှတ်တမ်းရုပ်ရှင် နှင့် "ပြန်လည်အသုံးပြုခြင်းအနုပညာ" လက်ရာပန်းချီပြပွဲကျင်းပပြုလုပ်မည်

လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် "ဒေါ်အောင်ဆန်းစုကြည်" ဆုအဖြစ် ရရှိခဲ့သည့် ဒါရိုက်တာရည်နန်းသိုက် ရိုက်ကူးပုံဖော်ခဲ့တဲ့ ' နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစန်းဇော်ထွေး '၏
ဘဝမှတ်တမ်းဖြစ်သော ' အကျဉ်းစံဘဝ ' (Survival in Prison ) မှတ်တမ်းရုပ်ရှင် ကို ဗြိတိသျှကောင်စီ စာကြည့်တိုက်ခန်းမ၌ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြန်လည်ပြသပြီးဘဝအတွေ့အကြုံ ဖလှယ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစန်းဇော်ထွေး ၏ ထောင်တွင်း အနုပညာ လက်ရာများနှင့် လွတ်မြောက်ပြီးနောက် ဖန်တီးဖြစ်ခဲ့သော “ပြန်လည် အသုံးပြုခြင်းအနုပညာ”လက်ရာပန်းချီကားများ ကိုလည်း စက်တင်ဘာလ ၂၄ ရက် မှ ၃၀ ရက်နေ့အထိ ပြသသွားမည်ဖြစ်သည်။

w

No comments:

Post a Comment