Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

ဆင်တူရိုးမှားသတိထား (အင်္ဂလိပ်စာသင်ခန်းစာ)


Posted by zar ni (My Way!) on May 15, 2013 at 10:04 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ

အင်္ဂလိပ်စကားမှာတစ်ချို့စကားလုံးတွေဟာ အမှတ်တစ်မဲ့ကြည့်လျှင် စာလုံးပေါင်းတူသလို ထင်ရပြီတော့ အဓိပ္ပါယ်မှာကွဲလွဲနေတတ်ပါတယ်။ တစ်ချို့ကျတော့ အသံထွက်ဆင်တူ ဖြစ်နေတတ်တယ်။ ဒါမျိုးတွေဟာ အရေးအသားမှာ မကြာခဏမှားယွင်းသုံးစွဲတတ်လို့ ဂရုပြုလေ့လာထားရမှာဖြစ်ပါတယ်။
Accept နှင့် Except
Accept က လိုလိုချင်ချင်လက်ခံတာ to take or receive willingly.လို့အဓိပ္ပါယ်ရပြီးတော့
Except က မှလွဲ၍၊  to exclude.ဖြစ်သည်။
 e.g.
I accept the challenge.  စိန်ခေါ်မှုကိုလက်ခံတယ်။
Everyone was at the party except Jeannie. ဂျင်းနီကလွဲလို့လူတိုင်းပါတီလာတယ်။
Affect နှင့် Effect
ဒီစကားလုံးနှစ်လုံးကို အခုလိုစဉ်းစားကြည့်လျှင်လွယ်ပါလိမ့်မည်။
affect is an action; သက်ရောက်စေသည်။
effect is a result. သက်ရောက်မှု
 ကြိယာအနေဖြင့် affect သည် to have an emotional impact on, တစ်ခုခုအပေါ်စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုပေးသည်  to influence, လွှမ်းမိုးသည်
to imitate, နှိုးဆွသည်  to inspire,  အာရုံလှုံ့ဆော်သည် စသည့်အဓိပ္ပါယ်များရှိသည်။
နာမ၀ိသေသနအနေဖြင့် imitated, pretended. နှိုးဆွသော၊ သက်ရောက်မှုရှိသော ဟုသုံးနိုင်သည်။
 e.g.
The widow’s story affected everyone in the room.
မုဆိုးမလေးရဲ့ဇာတ်လမ်းက အခန်းထဲကလူအားလုံးရဲ့အာရုံကိုထိခိုက်စေတယ်။
 The increase in unemployment is a direct effect of the weakening economy.
အလုပ်လက်မဲ့များပြားလာခြင်းဟာ စီးပွားရေးယိုယွင်းလာမှုရဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်သည်။
Amount နှင့် Number
amount သည် အနည်းကိန်းနှင့် ရေတွက်မရသောနာမ်များကိုပြောရာတွင်သုံးသည်။ number သည် အများကိန်းနှင့်ရေတွက်၍ရသောနာမ်များကို ညွှန်းရာတွင်သုံးသည်။
 e.g.
My new hairstyle has reduced the amount of gel I use and the number of times I have to wash my hair each week.
ဆံပင်ပုံစံသစ်ဟာ ခေါင်းလိမ်းဂျယ်လ်အသုံးပြုရတဲ့ပမာနနဲ့ တစ်ပတ်တစ်ခါခေါင်းလျော်ရတဲ့အကြိမ်အရေအတွက်ကို လျော့ချပေးတယ်။
Anxious နှင့် Eager
anxious ကစိတ်လှုပ်ရှားတာ၊ ပူပန်မှုနဲ့ဂဏာမငြိမ်တာလို့ပြောလို့ရပြီး eager ကတော့တစ်ခုခုကိုလုပ်ဖို့စိတ်အားတက်ကြွနေတာကိုပြောတာပါ။
 e.g.
Tom is anxious about traveling by plane, but eager to go on vacation.
တွမ်ဟာလေယာဉ်ပျံနဲ့ခရီးသွားရတာကို စိုးရိမ်ပေမယ့် အားလပ်ရက်ခရီးထွက်ဖို့ကိုတော့ စိတ်အားတက်ကြွနေတယ်။
Bring နှင့် Take
bring သည် ပြောသူထံယူလာတာ။ take သည် ပြောသူနှင့်အဝေးကိုယူသွားတာ ဖြစ်သည်။ မြန်မာလိုပြန်လျှင် ယူလာသည်။ ယူသွားသည်ဟု လားရာထည့်ပြောရမည်ဖြစ်သည်။
 e.g.
Can you  take me with you?
ငါ့ကိုမင်းနဲ့ခေါ်သွားပါလား။
 When you come to my apartment tomorrow, bring a loaf of
bread with you.
မနက်ဖြန်ငါ့တိုက်ခန်းလာရင် ပေါင်မုန့်တစ်လုံးလောက်ယူလာခဲ့ပါ။
 Complement နှင့် Compliment
complement  ကဖြည့်စွက်သည်။ ပြီးပြည့်စုံစေသည်၊ လိုက်ဖက်သည် ဟုအဓိပ္ပါယ်ရပြီး compliment ကတော့ ချီးမွမ်းသည်။ မြှောက်ပင့်ပြောကြားသည်ဆိုသည့်ုအဓိပ္ပါယ်ဖြစ်သည်။ ဒီစကားလုံးနှစ်လုံးဟာ e နဲ့ i လေးပြောင်းသွားတာသာဖြစ်ပေမယ့် အဓိပ္ပါယ်မှာတော့ အလွန်ကွာခြားသွားတာကြောင့် သတိပြုရမှာဖြစ်ပါတယ်။
e.g.
Do the new curtains complement the wallpaper?
လိုက်ကာသစ်တွေနဲ့နံရံကပ်ပန်းပြောက်စက္ကူလိုက်ရဲ့လား။

I complimented her on a job well done.
သူမအလုပ်ကောင်းကြောင်း ချီးမွှမ်းပြောကြားခဲ့တယ်။

Continual နှင့် Continuous
အင်္ဂလိပ်မြန်မာအဘိဓါန်မှာတော့  ထပ်တလဲလဲ၊ အဆက်မပြတ်ဖြစ်သော နှင့် မရပ်မနားတောက်လျှောက်ဖြစ်သောဟု အဓိပ္ပါယ်ဖွင့်ပေးထားပါတယ်။ ဒါပေမယ့်သာမန် စာသင်သားတို့အတွက် အဆိုပါမြန်မာရှင်းလင်းချက်ရဲ့အတိမ်အနက်ကိုပင် နားလည်ဖို့ခက်မည်ထင်ပါတယ်။ continual ဟာ when it starts and then stops, and againstarts and then stops တစ်စုံတစ်ခုဟာ စပြီးဖြစ်-ပြီးနောက် ရပ်-ထို့နောက် ပြန်စ-ပြီးလျှင်ပြန်ရပ် ဟူသည့်ထပ်ပြန်တစ်လဲလဲဖြစ်စဉ်ဖြစ်သည်။ continuous ကတော့ when it is never-ending. အရပ်အနားမရှိဘဲဆက်တိုက်ဖြစ်နေသောဖြစ်စဉ်ဖြစ်သည်။
 e.g.
I am continually trying to improve my grammar.
ကျွန်တော်ရဲ့သဒ္ဒါတိုးတက်ဖို့ ထပ်တလဲလဲကျိုးစားနေတယ်။

Luckily, my heart is continuously beating.
ကံကောင်းထောက်မစွာပဲ ကျွန်တော့်နှလုံးသားက ဆက်ခုန်နေတုန်းပါ။
 Each other နှင့် One another
each other သည် လူနှစ်ဦး တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဟုအဓိပ္ပါယ်ရပြီး one another ကတော့ သုံးဦးထက်ပိုသောလူနှင့်အရာဝတ္ထုများအပြန်အလှန် ဟူ၍ဖြစ်သည်။
 e.g.
Su Su and May Thu practiced their hairstyling skills on each other.
စုစုနဲ့မေသူ တို့ဟာတစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆံပင်ပြုပြင်ပေးရင်း ကျွမ်းကျင်လာအောင် လေ့ကျင့်ကြသည်။
 The guests at the crowded party mingled with one another..
လူစည်ကားတဲ့ပါတီမှာ ဧည့်သည်တွေဟာတစ်ဦးနဲ့တစ်ဦး ရောနှောစကားစမည် ပြောဆိုကြသည်။
 Eminent နှင့် Imminent
ဒီစကားလုံးနှစ်လုံးဟာလည်း အသံတူ၊ အသွင်တူဖြစ်တဲ့အတွက် အမှားများလေ့ရှိပါတယ်။ eminent သည် နာမည်ကြီးသော၊ ကျော်ကြားထင်ရှားသော ဟူ၍ဖြစ်ပြီး imminent သည် ဖြစ်အံ့ဆဲဆဲ၊ ချဉ်းကပ်လာသော ဟူ၍ဖြစ်သည်။
 e.g.
Pele was the eminent soccer player of his generation.
ပီလီဟာသူ့ခေတ်အခါတုန်းက ထင်ရှားကျော်ကြားသောဘောလုံးသမားဖြစ်သည်။
 The famous volcanologist claimed an eruption was imminent.
နာမည်ကျော် မီးတောင်ပညာရှင်က မကြာခင်မီးတောင်ပေါက်ကွဲမှု ဖြစ်တော့မည်ဟု အခိုင်အမာဆိုသည်။

 ဇာနည်(MyWay!)

 
 

No comments:

Post a Comment