Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 19, 2013

အကြွေးတွေများနေတဲ့ အမေရိကန်ကို ပညာရှင်များ သတိပေး


Thursday, September 19, 2013

အမေရိကန် လွှတ်တော်အမတ်များက ကန်ဒေါ်လာ ၁၆ ဒသမ ၇ ထရီလီယံခန့်အထိ နိုင်ငံတော်တိုးမြှင့် ချေးငှားခွင့် မပြုနိုင်ပါက အစိုးရအနေဖြင့် အောက်တိုလာလကုန်နှင့် နိုဝင်ဘာလလယ်လောက်တွင် ကြွေးမြီများအား အချိန်မီ အပြည့်အ၀ပေးနိုင်ရန်အတွက် ပြတ်တောက်သွားနိုင်သည်ဟု ကွန်ဂရက်၏ ဘဏ္ဍာရေးရုံး (CBO) မှ ဒါရိုက်တာ Doug Elmendorf က ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၁၈ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

ငွေကြေး ချေးငှားခွင့်အာဏာမှာ ကုန်ဆုံးတော့မည်ဖြစ်သည့်အပြင် အောက်တိုဘာလလယ်တွင်လည်း ကန်ဒေါ်လာ ၅၀ ဘီလီယံသာ လက်ဝယ်ရှိတော့မည် ဖြစ်သည်ဟု ဘဏ္ဍာရေးဌာန၏ လေ့လာသုံးသပ်မှု အရသိရပြီး ယင်းခန့်မှန်းချက်မှာ ဖြစ်နိုင်ချေရှိသည်ဟု Elmendorf က သတင်းထောက်များသို့ ပြောကြား လိုက်သည်။

အစိုးရအနေဖြင့် ၎င်း၏ကြွေးမြီဆပ်ရန် တာဝန်အား မည်သည့်အခါမျှ ပျက်ကွက်လေ့မရှိပေ။ ထို့ကြောင့် ကွန်ဂရက်အနေဖြင့် ချေးငှားခြင်းအား ကန့်သတ်ခြင်းကို အောက်တိုဘာလလယ်အထိ ခွင့်ပြုရန်ဆောင် ရွက် သင့်သည်ဟု ဘဏ္ဍာရေးဝန်ကြီး Elmendorf က အင်္ဂါနေ့တွင် သတိပေးပြောကြားလိုက်သည်။ သို့သော်အစိုးရအား ဘဏ္ဍာရေး ထောက်ပံ့ရန် သို့မဟုတ် ချေးငှားခြင်းအား ကန့်သတ်သည့်အချိန်အား တိုး မြှင့်ရန်အတွက် ကျန်းမာရေး အစီအစဉ်သစ်အား လက်တွေ့အကောင်အထည်ဖော်မည့် အစီအစဉ်အား ပြောင်းလဲရန် တောင်းဆိုမှုများအား သမ္မတအိုဘားမားအနေဖြင့် လက်ခံလိမ့်မည် မဟုတ်ဟုလည်း ရီပတ် ပါလီကန်ပါတီအမတ်များအား ၎င်းကသတိပေးခဲ့သည်။

“ဈေးနှုန်းသက်သာစွာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးမယ့် ဥပဒေကို ကြန့်ကြာအောင် သို့မဟုတ် ဘဏ္ဍာငွေလျှော့ဖို့ ကြိုးပမ်းတာတွေဟာ လက်ခံနိုင်စရာမရှိပါဘူး” ဟု ဘဏ္ဍာရေးဝန်ကြီးက ၀ါရှင်တန်ရှိ စီးပွားရေးအဖွဲ့အစည်းတစ်ခုသို့ ပြောကြားလိုက်သည်။ “ဒါဟာ နောက်ဆုံးမှာ ဥပဒေတစ်ရပ်ကို လက်မှတ်ထိုးနိုင်မယ့် နည်းလမ်းတစ်ခုမဟုတ်ပါဘူး” ဟု ၀န်ကြီးကဆိုသည်။

အစိုးရအနေဖြင့် ယခုနှစ်ဘဏ္ဍာနှစ်အတွက် လိုငွေ ကန်ဒေါ်လာ ၆၄၂ ဘီလီယံ ရှိလိမ့်မည်ဟု CBO မှ ယခုနှစ် မေလတွင် ခန့်မှန်းထားခဲ့ပြီး ယင်းမှာအနည်းငယ် အကောင်းမြင်လွန်ခြင်းဖြစ်သည်ဟု El- mendorf က ပြောကြားလိုက်သည်။

ထို့အပြင် မျှော်လင့်ထားသည့် အစိုးရ၀င်ငွေထက် အနည်းငယ် လျော့နည်းခြင်းမှာလည်း လိုငွေပမာဏအား မြင့်မားသွားစေ မည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။ ၂၀၁၃ ဘဏ္ဍာနှစ် စက်တင်ဘာလ ၁၃ ရက် အကုန်အထိ အစိုးရ၏ လိုငွေစုစုပေါင်းမှာ ကန်ဒေါ်လာ ၇၀၀ ဘီလီယံအောက်တွင်သာ စာရင်းသွင်းထားသည်။

Mizzima - News in Burmese

No comments:

Post a Comment