Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 12, 2013

" ရုပ်ရှင်ဝေဖန်ရေးသမားကောင်းဖြစ်ရန် အချက်(၁ဝ)ချက် "

ရုပ်ရှင်ဝေဖန်ရေး ဆိုသည်မှာ ရုပ်ရှင်ဇာတ်ကားကို ဆန်းစစ်ခြင်းနှင့်အကဲဖြတ် ခြင်း ဖြစ်သည်။ ရုပ်ရှင်ဝေ ဖန်ရေး နှစ်မျိုးရှိပြီးဂျာနယ်လစ် ဝေဖန်ရေး (သို့မဟုတ်) ရုပ်ရှင်သုံးသပ် ခြင်း

(Film review)နှင့် ပညာရှင် ဝေဖန်ရေးတို့ဖြစ်သည်။ရုပ်ရှင်ဝေဖန်သူများကို Film Critics ဟုခေါ်ကြပြီး သူတို့သည် ရုပ်ရှင်ဇာတ်ကားတစ်ကားအောင်မြင်
ကျော်ကြားလူကြိုက်များ စိတ်ဝင်စားအောင်လုပ်နိုင်ကြသည်။ ထို့အတူ စီးပွားရေးအရ ရှုံးနိမ့်ပြီး အားပေးသူနည်းအောင်လည်း လုပ်နိုင်ကြသည်။

ရုပ်ရှင်ဝေဖန်ရေးသမားကောင်းတစ်ယောက်ဖြစ်ရန်

(၁) ရုပ်ရှင်ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများ ကြွယ်ဝအောင် လုပ်ရမည်။
(၂) ရုပ်ရှင်အနုပညာကို တန်ဖိုးထားလေးစားရမည်။
(၃) အနုပညာအားလုံး၏ ဂုဏ်သတ္တိနှင့် ကျေးဇူးတရားများကို ဖွံ့ ဖြိုးတိုးတက်စေရမည်။
(၄) ဂန္ထဝင်ရုပ်ရှင်ဝေဖန်မှုများကို လေ့လာထားရမည်။
(၅) အများနဲ့ မတူသော ဝေဖန်သုံးသပ်မှုကို ပေးနိုင်ရမည်။
(၆) ပျင်းရိတုန့်ဆိုင်းခြင်းမရှိစေရပါ။
(၇) အတွေးအမြင်ကျယ်ရမည်။
(၈) ထူးချွန်ပြောင်မြောက်သော အက်ဆေးရေးတတ်သူဖြစ်ရမည်။
(၉) ဝေဖန်ရေးမပြုလုပ်ခင် အခြားသူများ၏ ဝေဖန်သုံးသပ်မှု
များကို မဖတ်ရှုသင့်ပါ။ မိမိရေးပြီးမှ ဖတ်ရှု လေ့လာသင့်သည်။
(၁ဝ) ကိုယ်ပိုင်အတွေးအခေါ်ပါရမည်။

ဧပရယ်မိုးစက်

No comments:

Post a Comment