Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 6, 2013

အိမ်ထောင်ပြုရင် အနုပညာ လောကထဲက လုံးဝ မဖြစ်ပါဘူးဆိုတဲ့ မိုးယုစံ



06 SEPTEMBER 2013 | BY 8 DAYS

အိမ်ထောင်ပြုရင် အနုပညာ လောကထဲက လုံးဝ မဖြစ်ပါဘူးဆိုတဲ့ မိုးယုစံခေါင်းတုံးဆံပင်နဲ့ ဆံပင်ရှည်နဲ့ သရုပ်ဆောင်တဲ့ အခါ ဘယ်ဟာက ကိုယ့်ကို ယုံကြည်မှု ရှိစေလဲ ဆိုတော့ ခေါင်းတုံးဆံပင်က နေရတာလွတ် လပ်တယ်။ မိုးယုကပိုကြိုက် ပါတယ်။ မိုးယုက ခေါင်းတုံး ဆံပင်နဲ့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူး ဆိုတာမရှိဘူး။ မိုးယုခေါင်းတုံးတုံး တယ်ဆိုတာ ပရိသတ်တွေ လည်းသိ တယ်လေ။ မိုးယု သီလရှင်ဝတ်တယ် ဆိုတော့ မိုးယုက ပိုတောင်ဂုဏ်ယူ သေးတယ်။ ငါသီလ ရှင်ဝတ်ထား တာဆိုပြီးတော့လေ။ ခေါင်းတုံးဆံ ပင်ကိုကြိုက် ပါတယ်။ နေရတာ လည်းအရမ်းလွတ်လပ်တယ်။
သီလ ရှင်ဝတ်တုန်းက အသုဘလည်း ရှု လိုက်သေးတဲ့ အပြင် ဘာတွေရောရ လိုက်သေးလဲ ဆိုတော့ ရှုတာတော့ မရှုတတ်ပါဘူး။ မိုးယုလည်း သတင်း ကြားကြားချင်း စိတ်မကောင်းဖြစ် တယ်။ တိုက်ဆိုင်သွား တာနဲ့ ပို့ဖြစ် တာပါ။ ငယ်ငယ် ရွယ်ရွယ်နဲ့သေနိုင် ပါလားဆိုတဲ့အ သိတော့ရခဲ့ပါ တယ်။ သီလရှင်ဘဝ ကအလုပ် လည်းမရှုပ်ဘူး။ အရမ်းအေးချမ်း တယ်။ တခြားအလုပ်လည်း မရှိဘူး။ အလှအပလည်းဘာမှမရှိဘူး။
လူ့ လောကနဲ့တော့ ကွာခြားတယ်ဆို တာကိုမိုးယုသိခဲ့ပါတယ်။ နောက် ထပ်သီလရှင် ထပ်ဝတ်ဖို့ အစီအစဉ် ကတော့ ခုလောလောဆယ် မရှိ သေးပါဘူး။ နောက်တော့ မပြော တတ်သေးပါဘူး။ ဗုဒ္ဓဘာသာအ ပေါ် မိုးယုယုံကြည်တာတော့ ကောင်းတာ လုပ်ရင်ကောင်းတာ ဖြစ်မယ်။ မကောင်းတာ လုပ်ရင်မ ကောင်းတာဖြစ်မယ်လို့ မိုးယုယုံပါ တယ်။
အရင်က မိုးယုက အချစ်က တစ်ခါတလေ ပူလောင်တာရှိသလို တစ်ခါတလေ အဆင်မပြေတာရှိ တယ်ဆိုတော့ အခုရော အခုကဘာ မှမရှိပါဘူး။ အခုချိန်မှာ အချစ်ကို ဘယ်လိုမှ နားမလည်ပါဘူး။ မိုးယု အိမ်ထောင်ပြုဖြစ် ရင်တော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က အနုပညာလော ကထဲက လူလုံးဝ မဖြစ်ပါဘူး။

8 DAYS

No comments:

Post a Comment