Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2013

သတို့သမီးဘက်မှ တင်တောင်းမည့်ငွေ မတတ်နိုင်၍ ပါကစ္စတန် ညီအစ်မလေးဦး သေကြောင်းကြံစည်

ကရာချိ၊ စက်တင်ဘာ ၂၀

လက်ထပ်ထိမ်းမြားရန် အတွက် အမျိုးသားကို အမျိုးသမီးဘက်မှ တင်တောင်းရသော ဓလေ့ရှိသည့် ပါကစ္စတန်နိုင်ငံ၏ ကျေးလက် အရပ်ဒေသတွင် ဆင်းရဲသဖြင့် တင်တောင်းငွေ မတတ်နိုင်သည့် အမျိုးသမီး ညီအစ်မလေးဦး မိမိကိုယ်ကိုယ် သေကြောင်းကြံစည် သွားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အမျိုးသမီးများသည် ၎င်းတို့၏ ဖခင်နှင့် အဆိုပါကိစ္စကို စကားများကြပြီး နောက်တွင် တူးမြောင်း အတွင်းသို့ ခုန်ချပြီး သတ်သေသွားကြခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားသော ဒေသမှာ ပါကစ္စတန် ပန်ဂျပ်ပြည်နယ် တောင်ပိုင်း ကျေးလက်မြို့ကလေး မေစီတွင် ဖြစ်သည်။

ရေထဲခုန်ချသွားစဉ်က ညီအစ်မငါးဦး ဖြစ်သော်လည်း တစ်ဦးကိုမူ ပြန်လည် ကယ်တင်လိုက်နိုင်ကြောင်း ယင်းသတင်းက ဖော်ပြထားသည်။

“ဆင်းရဲသား လယ်သမား ဘာရှာအာမက်ရာပွတ်က သူ့သမီး ငါးယောက်ကို အိမ်ထောင်ရက်သား ချမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တင်တောင်းငွေ မတတ်နိုင်လို့ပါ” ဟု ရဲအရာရှိကြီး မာလစ်ဒါယွတ်ဟက်စ်နင်က မှတ်ချက်ပြုသည်။
“ဒီကိစ္စကိုမနေ့က သမီးတွေနဲ့သူနဲ့ စကားများကြပြီး စိတ်ညစ်သွားကြတဲ့ သမီးတွေက တူးမြောင်းထဲကို တူတူပဲ ခုန်ချလိုက်ကြတာပါ” ဟုလည်း ၎င်းက ပြန်ပြောင်း ပြောပြသည်။

အမျိုးသမီးများမှာ အသက် ၄၅၊ ၄၃၊ ၃၈၊ ၃၅ နှင့် ၃၁ နှစ်တို့ အသီးသီး ဖြစ်ကြသည်။
“အငယ်ဆုံး ညီမလေး ဖာတီမာကို ကျွန်တော်တို့ ကယ်လိုက်နိုင်ပါတယ်။ အလောင်းနှစ်လောင်း ကိုတော့ တွေ့ထားပါပြီ။ ကျန်အလောင်းတွေကိုတော့ ရှာဖွေဆဲပါ” ဟု ရဲအရာရှိကြီးက ဆိုသည်။

လက်ထပ်ရန်အတွက် တင်တောင်းရခြင်း ကိစ္စသည် ပါကစ္စတန် ကျေးလက်ဒေသတွင် ပြဿနာ တစ်ရပ် ဖြစ်နေပြီး သတို့သားဘက်က တောင်းသည့် ငွေကြေးနှင့် လက်ဆောင်ကို မတတ်နိုင်ကြသဖြင့် အမျိုးသမီးများစွာ အိမ်ထောင်ထိမ်းမြားခွင့် မရကြရှာပေ။

ပါကစ္စတန်တွင် မိန်းကလေးများ လက်ထပ်သည့် အရွယ်သည် ၁၈ နှစ်မှ ၂၈ နှစ်အတွင်းဖြစ်ပြီး ထို့ထက်ပိုကြီးသွားပါက အိမ်ထောင်ဖက် ရှာဖွေရန် ပိုမိုခက်ခဲသွားသည်။ ခင်ပွန်းမရှိသော အမျိုးသမီးကြီးများကို အိမ်နီးချင်းများနှင့် ဆွေမျိုးများက မထေမဲ့မြင် ပြုကြပြီး နွမ်းပါးသည့် အခြေအနေ ဖြစ်သောကြောင့် ကျွေးမွေး ထောက်ပံ့မည့်လူလည်း ရှားပါးသည်။


Source

No comments:

Post a Comment