Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 4, 2013

စိတ်ဖောက်ပြန်နေသည့်သားက ရိုက်နှက်သဖြင့် ဖခင်ဖြစ်သူ သေဆုံး


Wednesday, September 4, 2013

စိတ်ဖောက်ပြန်နေသော သားဖြစ်သူ၏ ရိုက်နှက်မှုကြောင့် ဖခင်ဖြစ်သူသေဆုံးပြီး ကျန်ညီအစ်ကိုမောင်နှမများလည်း ဒဏ်ရာများရရှိခဲ့သဖြင့် ထိုသူကို အရေးယူပေးရန် မိခင်ဖြစ်သူက စက်တင်ဘာ ၃ ရက်တွင် သင်္ဃန်းကျွန်းရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။

တိုင်တန်းခံရသူသည် အသက် ၃၈ နှစ် အရွယ်ရှိပြီးဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်တွင် နေထိုင်သည့် သူဖြစ်ကြောင်း ရဲဌာနကအတည်ပြုထားသည်။

အခင်းဖြစ်ပွားသည့်နေ့က ၎င်းသည် စိတ်ဖောက်ပြန်ပြီး သူ့အစ်မကြီးကို ရိုက်လိုက်သဖြင့် လဲကျသွားကြောင်း၊ ဆက်လက်၍ ဖခင်ကိုပါ ဆက်လက်ရိုက်နှက်နေသည်ကိုတွေ့မြင်ရကြောင်း သူ့မိခင်က ရဲကို တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့နောက် အိပ်ယာမှ နိုးလာသော သားကြီးဖြစ်သူက ၀င်ဆွဲသည့်အခါတွင်လည်း ထပ်ပြီးရိုက်လိုက်သဖြင့် လဲကျ သွားပြီး ၎င်းစိတ်ဖောက်ပြန်နေသူမှာမူ အိမ်ထဲမှထွက်သွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကြောင့် ရိုက်နှက်သူ၏ ဖခင်မှာ သေဆုံးသွားခဲ့ရပြီး အစ်မနှင့် အစ်ကိုမှာမူ ဦးခေါင်းပေါက် ပြဲဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများအဖြစ် ကုသနေသည်ဟု ရဲဌာနက ထုတ်ပြန်ထားသည်။

ယခုကိစ္စကို စွပ်စွဲခံရသူ၏ မိခင်ကိုယ်တိုင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် သုဝဏ္ဏရဲစခန်းက အမှုအမှတ် (ပ) ၂၇၇/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ရဲလုပ်ထုံးနှင့်အညီ ဆက်လက်
ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ရဲဌာနကသတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

No comments:

Post a Comment