Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 19, 2013

အမြီး ကို ပြန် ကိုက်ခဲ နေသည့် မြွေ ခေါင်း ပြတ် ဗီဒီယို Youtube မှာ လူကြည့် များ


Monday, August 19, 2013

ဗီဒီယို တွင် စိတ်နှလုံး မချမ်း မြေ့ ဖွယ်ရာ မြင်ကွင်း ပါဝင်သည်။

Warning - Graphic Contains

မြောက်အမေရိက တိုက် (အမေရိကန် နိုင်ငံ အရှေ့  ဘက်ခြမ်း တွင် တွေ့ ရ သည့် ‪#‎Copperhead‬ မြွေ က ခေါင်းပြတ် ၍ အသက် ငင် နေစဉ် သူ့  ခန္တာကို သူ ပြန် ကိုက် ကာ မချိမဆန့်  ဖြစ် နေ ပုံ ကို အယ်(လ) ဘမ်မာပည်နယ် မှာ ထိုမြွေ ကို သတ်ဖြတ် ခဲ့ သည့် ဆမ် ဘီလ်တာ က ရိုက်ကူး
မှတ်တမ်း တင်ခဲ့ ခြင်း ဖြစ်သည်။

အချို့  မြွေ များ သည် ခေါင်း ပြတ် ပြီးသည့် တိုင် အောင် ပါးစပ် ဟ နိုင်ခြင်း
ကိုက်ခဲ နိုင် ခြင်း နှင့် ရက်များ စွာ တိုင် အောင် အဆိပ် ၏ ရှိ နေ ခြင်း တို့  ကို
ပိုင် ဆိုင်သည် ဟု အမေရိကန် သဘာဝ ထိမ်းသိမ်းရေး ပညာရှင် က National Geographic သို့  ပြောသည်။

ဆမ်ဘီလ် တာ သည် ဗီဒီယို ကို အေးဆေးတည်ငြိမ်စွာ ရိုက် ကူးခဲ့ ပြီး
“That is just crazy! How you gonna bite yourself, snake?” ဟု
လည်း ပြောခဲ့ သည်။

မြွေ က မြွေ ကို ပြန် ကို က် ခြင်း တွင် အချို့  ဒေသ နှင့် အချို့  မြွေ မျိုးများ
တွင် အဆိပ် တက် ခြင်း မရှိ ဟူ ၍ လည်း NG ရုပ်သံ တွင် ဖော် ပြထား
သည်။

အနောက် ကမ္ဘာ ရှိ ဂမ္ဘီရ နှင့် လျို့ ဝှက် ဂိုဏ်း ကြီး များ တွင့် မြွေ က မြွေ
ကို မြို ခြင်း နှင့် မြွေ က မိမိ ကိုယ်ကို ပြန်ကိုက် ခဲ ခြင်း နှင့် ပတ်သက် ပြီး
ဆန်းကြယ် သည့် ယုံကြည်မှု များ ရှိသည်။

သတင်းချစ်သူ - ဝေဟင်


No comments:

Post a Comment