တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ တရုတ်ဘာသာဖြင့် တင်ထားသည့် Website သည် ကွန်ပျူတာလုံခြုံရေး အဖွဲ့အစည်းကြီး တစ်ခု၏ သတိပေး နေသည့်ကြားမှ အတိုက်ခံလိုက်ရပြီး ယင်း Website သို့ ဝင်ရောက်ကြည့်ရှုသူများ၏ ကွန်ပျူတာများသို့ပါ ဗိုင်းရပ်စ်များကူးစက် ခံလိုက်ရကြောင်း၊ အထူးသဖြင့် ထို site သို့ မကြာခဏ သွားရောက်ကြည့်ရှုသော လူ့ အခွင့်အရေး စောင့်ကြည့်အဖွဲ့ဝင်များ၏ ကွန်ပျူတာများတွင် ဗိုင်းရပ်စ်ကူးစက်ခြင်း ခံရစေရန် စနစ်တကျ စီစဉ်ထားခြင်းဖြစ် ကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြထားသည်။
တရုတ်ဘာသာစကားဖြင့် လွှင့်တင်ပေးထားသော တိဘက် ဗဟိုအုပ်ချုပ် ရေးအဖွဲ့ (CTA) ၏ Website တိုက်ခိုက်ခံရဖွယ်ရှိသဖြင့် ကြိုတင်ကာကွယ်မှုများ ယူထားရန် မိမိကုမ္ပဏီ၏ ဘလော့ဂ်တွင် သတိပေးခဲ့ကြောင်း နာမည်ကျော် ကွန်ပျူတာလုံခြုံရေး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည့် Kaspersky Lab မှ သုတေသီ ကတ်ဘောင်ဂါ့နာက ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူများသည် ယခင် အာရှလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကို တိုက်ခိုက်သည့်အဖွဲ့ ဖြစ်နိုင်ပြီး လုပ်ဆောင်ပုံ တူညီကြောင်း ဘောင်ဂါ့နာက ဆိုသည်။
တိုက်ခိုက်သည့်ပုံစံမှာ နှစ်ဆင့်ဖြစ်ပြီး Water holing စနစ်ဖြင့် တိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း၊ ဤနည်းမှာ ပထမ Website ကို တိုက်ခိုက်ဝင်ရောက်ပြီး ဗိုင်းရပ်စ်များ ထည့်သွင်းထားခဲ့ကာ ထို Site သို့ လာရောက်ကြည့်ရှုသူတိုင်း ဗိုင်းရပ်စ် ကူးစက်စေသည့်နည်းကို အသုံးပြုထားခြင်း ဖြစ်ကြောင်း၊ ထိုဗိုင်းရပ်စ်သည် အလိုအလျောက် ကူးစက်နိုင်ပြီး ကွန်ပျူတာများကို ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ဂါ့နာက သတိပေးထားသည်။
နယူးယောက်မြို့ရှိ တိဘက်အစိုးရ ဌာန တာဝန်ရှိသူများကမူ ယခုကဲ့သို့ မိမိတို့ Website အတိုက်ခံရခြင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
အသက် ၇၈ နှစ်အရွယ် ရှိပြီဖြစ်သော ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်ကတည်းက တရုတ်ပြည်မှ ထွက်ပြေးခဲ့ရပြီး တရုတ်အစိုးရအပေါ် ဆန့်ကျင်တိုက် ပွဲဝင်နေသူတစ်ဦး ဖြစ်သည်။ ပြည်ပရောက် ဒလိုင်းလားမားနှင့်အဖွဲ့ ထူထောင်ထားသော ယင်း Website ကို ၂၀၁၁ ခုနှစ်ကလည်း ဟက်ကာများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, August 14, 2013
ဒလိုင်းလားမား Website အတိုက်ခံရ
Reviewed by VC
on
August 14, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment