Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

Learning English - နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၁)

1
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ(Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို မျှဝေလိုပါသည်။ စကားလုံးတွဲများသည် သီးသန့်  တစ်လုံးစီ ခွဲထုတ်၍ မရဘဲ စကားစု အတိုင်းသာ သုံးနှုန်းပြောဆိုရပါသည်။ ထိုစကားလုံးတွဲများကို ပိုင်နိုင်စွာ သုံးနှုန်း ပြောဆိုနိုင်လျှင် အင်္ဂလိပ်စကားပြောရာတွင် များစွာ အထောက်အကူ ပြုနိုင်သလို လွယ်ကူချောမွေ့စွာ ပြောဆိုနိုင်ပါလိမ့်မည်။

I'm getting - ရလာသည်၊ ဖြစ်လာသည်၊ ဖြစ်နေသည်။
-   I'm getting better.
အခြေအနေ ကောင်းလာပြီ
-   I'm getting ready for bed.
အိပ်ရာဝင်ဖို့ အသင့်ဖြစ်နေပြီ
-   I'm getting a tooth ache.
သွားကိုက် လာတယ်။
-   I'm getting married.
အိပ်ထောင် ကျနေပြီ
-   I'm getting tired.
ပင်ပန်းနေပြီ
-   I'm getting good at reading.
စာဖတ်အား ကောင်းလာပြီ
-   I'm getting a new car.
ကားသစ် ရလာပြီ
-   I'm getting a job.
အလုပ်ရလာပြီ၊ အလုပ်ရနေပြီ

I'm trying + (verb) - ကြိုစား အားထုတ် နေသည်။
ဖော်ပြပါ ပုံစံသည် တစ်စုံတစ်ရာကို စိတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ အောင်မြင်မှုရစေရန်၊ ပြီးမြောက်စေရန် ကြိုးစား အားထုတ်နေသည့် အချိန်တွင် မည်သည့်ကိစ္စကို ကြိုးစားအားထုတ် ဆောင်ရွက်နေသည် တိတိကျကျ ဖော်ပြပေးနိုင်ပါသည်။

-       I'm trying to get a job.
အလုပ်တစ်ခု ရဖို့ ကြိုစားနေတယ်။
-       I'm trying to educate myself.
ပညာတတ်ဖို့ ကြိုးစားနေတယ်
-       I'm trying to understand.
နားလည်ဖို့ ကြိုးစားနေတယ်။

I’m trying to + V ပုံစံကို သတိထားရပါမည်။ ထုံးစံအတိုင်း to နောက်က infinitive verb သာရေးရပါမည်။ to နောက်တွင် မိမိသုံးသော verb အပေါ်တွင် မူတည်ကာ Obj ကို လိုအပ်လျှင် ထည့်ပေးနိုင်ပြီး မလိုအပ်ပါကလည်း ၎င်း verb ဖြင့်ပင် အဆုံးသတ်နိုင်ပါသည်။

I'm gonna + (verb) - တော့မလို့
“gonna” သည် သဒ္ဒါ စည်မျဉ်းစည်းကမ်း အရ မှားသော်လည်း စကားပြောပုံစံတွင် အသုံးများသော စကားလုံး တစ်ခု ဖြစ်ပါသည်။ “going to” နှင့် အဓိပ္ပာယ်တူပါသည်။ အကြောင်းအရာတစ်ခုခုကို လုပ်တော့မည့် အခြေအနေတွင် သုံးနိုင်ပါသည်။ သေချာသော အနာဂတ်ပုံစံကို ဖော်ပြရန်အတွက် သုံးနိုင်ပါသည်။

-       I'm gonna have some coffee.
ကော်ဖီသောက်တော့မလို့
-       I'm gonna go to work.
အလုပ်သွားတော့မလို့
-       I'm gonna stop smoking.
ဆေးလိပ် ဖြတ်တော့မလို့၊ ဆေးလိပ်သောက်တာ ရပ်တော့မလို့
-       I'm gonna take swim lessons.
ရေးကူး သင်တော့မလို့၊ ရေးကူးနည်းတွေ လေ့လာတော့မလို့
-       "I'm gonna read a book."
စာအုပ်ဖတ်တော့မလို့


“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”

အောင်ကိုဦး(UMK)

Read more: နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၁) - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:852465#ixzz2dIwyZTOH


No comments:

Post a Comment