( ဆောင်းပါးရှင် - Zarni ( My Way )
ဆောင်းပါးတစ်ပုဒ်မှာ ငါးပိသံနဲ့ဂုဏ်ယူစွာအင်္ဂလိပ်စကားပြောကြပါစို့
လို့ရေးသားခဲ့ဖူးပါတယ်။
အင်္ဂလိပ်စာသင်ကြားပေးသူတစ်ယောက်အနေနဲ့ကျွန်တော့်ရဲ့နံပါတ်တစ်ဦးစားပေးဟာ
ကျောင်းသားတွေအင်္ဂလိပ်စကားပြောထွက်ဖို့၊ ကြောက်နေတဲ့စိတ်ကို
ရဲဆေးတင်ပေးဖို့ဖြစ်ပါတယ်။ စတင်လေ့လာကာစအချိန်မှာ pronunciation & accent
အသံထွက်နဲ့လေယူလေသိမ်းကို သိပ်အလေးထားလွန်းရင်ပြောင်းပြန်ရလဒ် backfire
တွေနဲ့အချိန်ကုန်လူပန်းဖြစ်မှာစိုးတဲ့ အတွက်ပါ။
ဒါပေမယ့်လည်း အသံထွက်ကောင်းမွန်ခြင်း၊
လေယူလေသိမ်းတစ်ခုရှိခြင်းဆိုတာမလိုလားအပ်တဲ့အရာ တစ်ခုမဟုတ်ပါဘူး။ သူသူငှာငှာ
အင်္ဂလိပ်စကားပြောကြတဲ့အခါ တတ်နိုင်သမျှတော့
ဌာနေဘာသာစကားပြောသူတွေရဲ့လေသံနဲ့တူချင်ကြတာပါပဲ။ ဥပမာ ကျွန်တော်တို့ရဲ့
international figure ကြီး ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုပြောတာကို
အားကျကြတယ်မဟုတ်လား။ သူဒီလိုပြောနိုင်တာကို ဂုဏ်ယူကြတယ်မဟုတ်လား။ သူ့လေသံဟာ
တကယ့်အင်္ဂလိပ်၊ အမေရိကန် လေယူလေသိမ်းမဟုတ်ပေမယ့် အသံထွက်ကတော့
ကမ္ဘာ့အဆင့်အင်္ဂလိပ်အသံထွက်ဖြစ်တဲ့အတွက် နားထောင်လို့ကောင်းပါတယ်။ အခြေခံအဆင့်၊
အလယ်အလတ်အဆင့်ကနေကျော်လွန်တက်လှမ်း ချင်တဲ့လေ့လာသူတွေ၊
ကိုယ့်ရဲ့မိခင်ဘာသာစကားကြောင့် အင်္ဂလိပ်စကားပြောဆိုတဲ့အခါ strong accent
ရှိသူတွေအတွက် အရမ်းမ၀ဲအောင် accent reduction နဲ့ အသံထွက်ပီသအောင် improve
pronunciation လုပ်နိုင်မယ့်နည်းလမ်းတစ်ချို့ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။
အင်္ဂလိပ်စကားကိုမိခင်ဘာသာစကားအဖြစ်ပြောသူတွေကိုနားထောင်ပါ။
အရိုးရှင်းဆုံးနဲ့ထင်သာမြင်သာအရှိဆုံးနည်းလမ်းပါ။
ကလေးငယ်တွေစကားစသင်ပုံကိုတစ်ချက် လောက်တွေးကြည့်လိုက်ရင်
ကလေးငယ်ဟာသူ့ပတ်ဝန်းကျင်ကလူတွေပြောတဲ့စကား၊ အသံထွက်နဲ့လေယူလေသိမ်းကို
သူကြားတဲ့အတိုင်းပြန်တုပပြောဆိုတာပဲမဟုတ်လား။ ဒါကြောင့် ရန်ကုန်မှာမွေးတဲ့ကလေးနဲ့
အညာမှာမွေးတဲ့ကလေး ဗမာစကားပြောတာခြင်း လေယူလေသိမ်းမတူတာပဲပေါ့။ ဒီတော့
ကိုယ်နှစ်သက်တဲ့လေယူလေသိမ်းမျိုးကွဲတစ်ခုကိုရွေးချယ်ပြီး စွဲစွဲမြဲမြဲနားထောင်ပါ။
တကယ်တော့သင်အများကြီးရွေးချယ်စရာမလိုပါဘူး။ အင်္ဂလိပ်တို့ရဲ့ BBC အသံထွက်ရယ်
အမေရိကန်တို့ရဲ့ VOA, CNN အသံထွက်ရယ်တစ်ခုခုပေါ့။များများနားထောင်၊
ကိုယ်ကလည်းလိုက်ဆိုကြည့်ပါများရင်အထာကျလာပါလိမ့်မယ်။ အင်တာနက်မှာ ရုပ်သံသတင်းတွေ၊
ဆွေးနွေးခန်းတွေ၊ youtube video တွေ၊ Podcast
တွေနဲ့နားထောင်လို့မကုန်အောင်မှီငြမ်းစရာတွေပေါလှပါတယ်။
ဆက်လက် ဖတ်ရှုရန်..............................

No comments:
Post a Comment